Haute Couture Designer တွေနဲ့ အောင်မြင်တဲ့ collaboration တွေလုပ်ခဲ့တဲ့ H&M က 2020 အတွက် collaboration ကရော ဘယ် designer တွေနဲ့လဲ

ကမ္ဘာကျော် mass market brand တစ်ခုဖြစ်တဲ့ H&M က 2004 ခုနှစ်ကနေစပြီး အကြီးတန်း fashion designer တွေနဲ့ အတူ ပူးပေါင်းတင်ဆက်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ် ။
အဲ့ထဲကမှ ပထမဆုံး collaboration ဖြစ်တဲ့ 2004 ခုနှစ်မှာ Karl Lagerfeld, 2005 ခုနှစ်မှာ Stella McCartney, 2009 ခုနှစ်မှာ Jimmy Choo, 2012 မှာ Marni နဲ့ 2013 ခုနှစ်မှာ Isabel Marant တို့ နဲ့ လုပ်ခဲ့တဲ့ ပူးပေါင်း တင်ဆက်မှုတွေက အကျော်ကြားဆုံး ဖြစ်ခဲ့ပြီးတော့ collaboration item တွေက လည်း မိနစ်ပိုင်းအတွင်းရောင်းကုန်သွားလောက်အောင်ကို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
H&M x ISABEL MARANT H&M x MARNI H&M x Jimmy Choo H&M x Karl Lagerfeld H&M x Stella McCartney
Johanna Ortiz
2020 မှာ H&M နဲ့ ပူပေါင်းတင်ဆက်မှုတွေလုပ်ခဲ့တဲ့ နောက်ထပ်ဒီဇိုင်နာတစ်ယောက်ကတော့ Colombia Designer Johanna Ortiz ပဲဖြစ်ပါတယ်။ collection လေးရဲ့ နာမည်ကိုတော့ “Timeless Maximalism(design တွေနဲ့ layer တွေကိုပေါင်းစပ်အသုံးပြုခြင်း)” လို့ပေးထားပါတယ်။ ဒီ collection လေး ကို စလုပ်ရာမှာ သူမရဲ့ ထုံးစံအတိုင်း အရောင်တွေကနေစခဲ့တာ ပဲဖြစ်ပါတယ်။ သူမဟာအရောင်တွေကနေပြီးတော့ စိတ်အားထက်သန်မှုကိုရှာ တတ်သူတစ်ဦးဖြစ်ပြီး သူမနှစ်သက်တဲ့ ဒီဇိုင်းတွေနဲ့ Columbia နိုင်ငံမှာရှိတဲ့ သဘာဝတရားဆီက ရတဲ့ လှပတဲ့ အရာ တစ်ခုချင်းစီကို ပေါင်းစပ်ပြီး maximalist ဒီဇိုင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ boho style နဲ့ ဆန်းပြားမှု ကို ပေါင်းစပ်ပြီး နေအသာဆုံးနေ့ရက်တွေအတွက် တမူထူးခြားတဲ့ style ကို H&M ရဲ့ နွေဦး၂၀၂၀ collection အတွက် ဖန်တီးထားပါတယ်။
သူမဟာ သူမရဲ့ ဒီဇိုင်းတွေကို မင်္ဂလာဆောင် တွေပါတီတွေ ကိုသွားရန်သက်သက် မဖြစ်စေချင်ပါဘူး။ သူမဒီဇိုင်းတွေနဲ့ ဘားတွေဖြစ်ဖြစ် အိမ်မှာ ညစာစားပွဲ လုပ်တာဖြစ်ဖြစ်ဝတ်နိုင်ဖို့ ဖန်တီးထားတာပါ။ သူမရဲ့ collection ကို မိတ်ကပ်မပါပဲ နဲ့ဖိနပ်အပါးလေး စီးပြီး ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နဲ့ နေ့တိုင်း ဝတ်ဆင်နိုင်သလို နားကပ်အကြီးကြီးတွေ တပ်ပြီးတော့လည်း ဝတ်ဆင်နိုင်ပါတယ်လို့ သူမရဲ့ interview တစ်ခုမှာပြောထားပါတယ်။
ဒီဝတ်စုံတွေရဲ့ design နဲ့ သူတို့ ဆီက ပေးတဲ့ boho sense ပန်းပွင့် အဆင်တွေကရတဲ့ အမျိုးသမီးဆန်ဆန်သိမ်မွေ့မှု နဲ့ လွတ်လပ်ပေါပါးခြင်း အစရှိတဲ့ ခံစားမှု ရသတွေကို ဒီ collection လေးရဲ့ campaign photo တွေကနေတစ်ဆင့် ခံစားရပါတယ်။ဒီ collection ကဝတ်စုံတွေကိုတော့ March 12 ရက်နေ့မှာ စပြီးရောင်းချပေးသွားမယ်လို့ သိရပါတယ်။
Sandramansour
July လမှာ H&M က collaboration လုပ်ခဲ့တဲ့ သူကတော့ Lebanese Designer Sandra Mansour ပဲဖြစ်ပါတယ်။Sandra ဟာ 2010 မှာ Sandra Mansour ဆိုတဲ့ အမျိုးသမီးဝတ် brand ကိုစတည်ထောင်ခဲ့တဲ့ designer တစ်ဦးဖြစ်ပါတယ်။ဒီ ပူပေါင်းတင်ဆက်မှကနေတစ်ဆင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမျိုးသမီးတွေကို မျှော်လင့်ချက်ရောင်ခြည်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ဒီ collection ကတော့ သူမက သဘာဝတရားရဲ့ အခရာတွေနဲ့ Toyen ၊ Dorothea တို့လို အစရှိတဲ့ အမျိုးသမီး အနုပညာရှင်တွေဆီက ခံစားကွန့်မြူးပြီး ဖြစ်လာတဲ့ သူမရဲ့ အနုပညာဖန်တီးမှု တစ်ခု ဖြစ်ပါတယ်။ Beirut မှာရှိတဲ့ သူမရဲ့ပတ်ဝန်းကျင် နဲ့ သူမရဲ့ အနုပညာခံစားမှု တွေပေါင်းစပ်ပြီး အသေးစိတ်ကျကျ အနုစိတ်ခြယ်မှုန်းနိုင်မှု တွေကို Sandra ကအသားပေး ထားတာပါ။ သူမအနုပညာ ဖန်တီးမှုရဲ့ ရလဒ်ကတော့ ကြံ့ခိုင်သန်မာပြီး အမျိုးသမီး ဆန်တဲ့ ရသကိုပေးစွမ်းနိုင်တဲ့ အဝတ်အစားကဏ္ဍတစ်ခု July လမှာ ထွက်ရှိလာတာပဲဖြစ်ပါတယ်။
သူမရဲ့ စိတ်ကူးအတိုင်း ဖော်ကျူးထားတာမို့လို့ photo-shoot တွေရဲ့ သဘာဝဆန်တဲ့ နောက်ခံနေရာ သုံးထားတဲ့ နေကြာပန်းသဏ္ဍာန် လက်ဝတ်လက်စား အမျိုးသမီးဆန်တဲ့ ရသကိုပေးစွမ်းနိုင်တဲ့ အတွန့်အဖတ်ဒီဇိုင်းတွေအရ လက်တွေ့ဆန်တဲ့ သဘာဝတရား နဲ့ အိပ်မက်ဒဏ္ဍာရီဆန်ဆန်စိတ်ကူးတွေကို ကြားချပြီး တစ်ကမ္ဘာလုံးက အမျိုးသမီးတွေအတွက် လှုံ့ဆော်မှုတစ်ခု ဖန်တီးထားတယ်လို့လည်း ခံစားရစေပါတယ်။အတွန့်အဖတ်ပါတဲ့ အောက်နားတွေ ထုထည်ကြီးမားတဲ့ design တွေ နဲ့ သဘာဝကပေးစွမ်းတဲ့ အရောင်တွေကို အနုစိတ်ကျကျ ခွဲခြမ်းစိတ်ဖြာပြီး ကိုယ်တိအကျီတွေ အပြင် ပွယောင်းတဲ့ သဏ္ဍန် ရှိတဲ့ ဝတ်စုံတွေ ကိုဒီ collection မှာတွေ့ရမှာဖြစ်ပါတယ်Collection လေးရဲ့ နာမည်ကိုတော့ “Fleur du Soleil” မြန်မာလို “နေကြာပန်း” လို့ ပေးထားပါတယ်သဘာဝတရားကြီးရဲ့ အသန်မာဆုံး အရာတွေထဲက နှစ်ခုဖြစ်တဲ့ နေကြာပန်းနဲ့ နေကို မျှော်လင့်ချက်ရောင်ခြည်ဆိုတဲ့ ဝေါဟာရနဲ့ အတူယှဉ်တွဲခံစားထားပုံရပါတယ်။သဘာဝကို နှစ်သက်မြတ်နိုးသူတစ်ဦးရဲ့ အနုပညာ ကနေတစ်ဆင့် သူမက သဘာဝအတိုင်းလိုက်လျောညီထွေပြီး ပျော်ရွှင်စွာနေဖို့နဲ့ မိမိတို့ဝတ်ထားတဲ့ အဝတ်အစားအပေါ်မှာ သက်သောင့်သက်သာဖြစ်တယ်ဆိုရင် အလိုလျောက် မိမိကိုယ်ကိုယုံကြည်မှုရှိမှာ ဖြစ်တဲ့ အကြောင်းမှာကြားထားပါတယ်။

Sabyasachi Mukherijee
April လမှာ H&M နဲ့ ပူပေါင်းတင်ဆက်မှုတွေ လုပ်ခဲ့တဲ့ သူကတော့ ဒေသထွက် လက်မှုပညာတွေနဲ့ ပိတ်စတွေကို ကမ္ဘာကသိအောင်ပြောင်းလဲ အသုံးချနိုင်ခဲ့တဲ့ Indian Designer Sabyasachi Mukherjee ပဲဖြစ်ပါတယ်။ H&M အနေနဲ့ ပထမဆုံး ပူးပေါင်းတဲ့ Indian Designer ပါ။ ဒီ collection လေးရဲ့ ခေါင်းစဉ်ကိုတော့ Wanderlust, မြန်မာလို “ခရီးမထွက်ရမနေနိုင်သောဆန္ဒ” လို့ပေးထားပါတယ်။ ဒီ collection လေးက ရေကြည်ရာမြက်နုရာမှာ လှည့်လည်သွားလာနေထိုင်ကြတဲ့ သူတွေအတွက် ရတုကဗျာတစ်ပုဒ် လို့တောင်တင်စားနိုင်ပါတယ်။ဇိမ်ခံကမ္ဘာကြီးဟာ အတွေ့အကြုံကမ္ဘာကြီးအဖြစ် ပြောင်းလဲလာတာနဲ့ အမျှ တမူထူးခြားပြီးသဘောကျစရာကောင်းတဲ့ ခရီးစဉ်တွေ နဲ့ glamping လို့ ခေါ်တဲ့ စွဲမက်ဖွယ်ရာ အပျော်ခရီးစဉ်တွေမှာ အဝတ်အစားတွေ ဖက်ရှင်တွေကလည်း ယှဉ်တွဲပြီးပါလာတာ ဖြစ်ပါတယ်။ သူ ခရီသွားခဲ့တဲ့ Marrakech၊ Florence နဲ့ Rajasthan ဒေသတွေကနေ ခံစားပြီး ဖန်တီးထားတဲ့ အင်္ကျီအဆင်ဒီဇိုင်းအမျိုးမျိုးတွေ၊ ပဝါတွေ၊ ဘိုဟိုပုံစံ အိတ်တွေ၊ နေကာ ၊ ညှပ်ဖိနပ်၊ ခေါင်းစည်းပဝါ၊ နေကာမျက်မှန်တွေ နဲ့ ဈေးပေါတဲ့ လက်ဝတ်လက်စားတွေ ဒီ collection မှာတွေ့ရမှာဖြစ်တယ်လို့ Sabyasachi က ပြောထားပါတယ်။



သူ့ကိုယ်သူ ခရီးသွားတစ်ယောက်လို ခံစားပြီး ခရီးသွား ဝတ်စုံဒီဇိုင်းတွေ ဖန်တီး ထားတာမို့လို့ သူ့ရဲ့ ဝတ်စုံတွေသည် လွတ်လပ်ပေါ့ပါးပြီး ဝတ်ဆင်ရလွယ်ကူတဲ့ စွယ်စုံအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ခေတ်ဆန်တဲ့ ဖက်ရှင်နဲ့ ရိုးရာအဝတ်အစားတွေကို ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ အမျိုးသမီး အမျိုးသားမရွေးအတူတူဝတ်ဆင်သုံးစွဲလို့ ရတဲ့ unisex fashion တွေဖြစ်ပါတယ် လို့ Sabyasachi ကပြောပြထားပါတယ်။
ဒီ ပူးပေါင်းဆင်ဆက်မှုက ထွက်ရှိလာတဲ့ အဝတ်အစားတန်ဆာ တွေကိုတော့ April လ ၁၆ ရက်နေ့ကစပြီး H&M website မှာ ဝယ်ယူနိုင်တဲ့ အကြောင်း သတင်းကောင်းလေးပေးလိုက်ပါတယ်နော်။
Reference
Written by Yawai Htoo Myat(6th September 2020)