ဒီနေ့ တင်ဆက်ပေးမယ့် Look-book လေးကတော့ မကြာသေးမီက ပြသသွားခဲ့တဲ့ “Record of Youth” ဒရာမာကားထဲက မင်းသားချော Park Bo Gum ရဲ့ Look-book လေးပဲ ဖြစ်ပါတယ်။ သူဟာဆိုရင် ဒီဇာတ်ကားလေးထဲမှာ မင်းသားဖြစ်ချင်တဲ့ သူ့အိပ်မက်ကလေးအတွက် ကြိုးစားရုန်းကန်နေရတဲ့ တက်သစ်စ မော်ဒယ်လေး တစ်ယာက် အဖြစ် တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် သူ့ရဲ့ နှစ်လိုဖွယ် ကောင်းလှတဲ့ မျက်နှာချိုချိုလေးနဲ့ အဝတ်အစားလေးတွေကို ဘယ်လို လိုက်ဖက်ညီအောင် ဝတ်ဆင်ထားလဲ ဆိုတာ အတူတူ လေ့လာကြည့်ကြရအောင်။
ပထမဦးဆုံး ဝတ်စုံလေးမှာတော့ Maison Margiela က အပြာရင့်ရောင်(navy) Blazer လေးနဲ့ အသားရောင် chinos ဘောင်းဘီလေးကို တွဲဖက်ဝတ်ဆင်ထားပါတယ်။ LOEWE က puzzle အိတ်လေးကို ဘေးတစ်စောင်းလွယ်ပြီး ADIDAS ရဲ့ original ဒီဇိုင်း sneakers လေးနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ရိုးရိုးလေးနဲ့ မိတ်နေတဲ့ classic casual look လေးကို ရစေခဲ့ပါတယ်။

နောက်ထက် ဒီ Ami Paris ရဲ့ အသားရာင် suit လေးကို zipped Hoodie လေးနဲ့ တွဲဖက် ဝတ်ဆင်ထားတာဆိုရင်လဲ သူနဲ့ အရမ်းကို လိုက်ဖက်လှပါတယ်။ မော်ဒယ်ဆိုတဲ့ သူရဲ့ character ကိုလဲ ပေါ်လွင်စေခဲ့ပြီး ဒီ Ami ရဲ့ Box bag လေးကြောင့် ဆန်းသစ်တဲ့ street- style look လေးကို ရစေခဲ့ပါတယ်။

ဒီ ဝတ်စုံလေးကတော့ သူနဲ့ အလိုက်ဖက်ဆုံးလိုပါပဲ။ ဒီအသားရောင် Rider ဂျတ်ကတ်လေးဟာဆိုရင် သူနဲ့ အရမ်းကို ကြည့်လို့ ကောင်းစေပြီး လည်ပင်းက scarf လေးကတော့ သူရဲ့ ချိုသာတဲ့ ဆွဲဆောင်မှုလေးကို အပို ထပ်ဆောင်းပေးလိုက် သလို ငယ်ရွယ်ပြီး ဖက်ရှင်ကျတဲ့ လူငယ်လေး တစ်ယောက် အသွင် ပေါ်လွင်စေခဲ့ပါတယ်။

ဒါလေးကတော့ အခုခေတ်စားနေတဲ့ စွတ်ကျပ်အင်္ကျီ( Vest) ဒီဇိုင်း ဆန်းဆန်းလေးကို အဖြူရောင် ရှပ်အင်္ကျီလေးနဲ့ တွဲဖက် ဝတ်ဆင်ထားတာပဲ ဖြစ်ပါတယ်။ အရောင်လေးကို ပြေပြေလေးနဲ့ လူငယ်ဆန်ပြီး အေးချမ်းတဲ့ ရသလေးကို ပေးစွမ်းနိုင်တဲ့ preppy style ဝတ်စုံလေးပဲ ဖြစ်ပါတယ်။

ကိုရီးယား ဖက်ရှင်တွေမှာဆို ဆွယ်တာလေးတွေကို ချန်ထားခဲ့လို့ မရပြန်ပါဘူး။ အမြဲလိုလို jacket၊ coat ကြီးတွေ ဝတ်နေရမှ မဟုတ်ဘဲ ဒီလို cardigan(အပေါ်ထပ်အင်္ကျီ) လှလှလေးကလဲ သင့်ကို ဖက်ရှင်ကျစေတဲ့ Boyfriend material စတိုင်လေးကို ပေးစွမ်းနိုင်ပါတယ်။

ဒီနေ့ တင်ဆက်ပေးတဲ့ Record of youth စီးရီးလေး ထဲက Park Bo Gum ရဲ့ Look-book လေးကို အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့ Look-book လေးတွေနဲ့ လာခဲ့ဦးမှာမို့ စောင့်မျှော်ပေးကြပါဦး။
By Yamin Inzali
References