Scarves Fashion (Part 1)

Scarves Are The Style Statement Accessory!

Scarves လို့ခေါ်တဲ့ ပုဝါတွေကတော့ ဆောင်းရာသီမှာသာ အသုံးပြုကြတဲ့ ပစ္စည်းများမဟုတ်တော့ဘဲ အထူအပါးပေါ်မူတည်ပြီး ရာသီဥတုဒဏ်မှ ကာကွယ်သော Style statement accessory တစ်မျိုးအဖြစ်လဲ ပြောင်းလဲဝတ်ဆင်လာကြပါတယ်။ ပုဝါမှာ ပါဝင်တဲ့ (Fabric Material ) ပိတ်အမျိုးအစားပေါ် မူတည်ပြီးတော့လည်း ရာသီဥတုအလိုက် အထူအပါးမတူညီတာတွေကို တွေ့ရပါတယ်။ ကုန်ကြမ်းဖြစ်တဲ့ ပိတ်အမျိုးအစားထဲတွင်လည်း Cotton၊ Linen နဲ့ Silk လိုမျိုး ပေါ့ပါးအေးမြတဲ့ ပစ္စည်းများနဲ့လည်း ပြုလုပ်လေ့ရှိသလို Wool – သိုးမွှေး (သို့မဟုတ်) Leather-သားရေ တို့လို အမျိုးအစားတွေနဲ့လဲ ပြုလုပ်ကြပြီး ရာသီဥတုကိုလိုက်ကာ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

ဆောင်းဦးရာသီမှာတော့ ပိုမိုနွေထွေးစေသော ပဝါများကို ဝတ်ဆင်ရန် အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ အချို့အမျိုးသမီးများကတော့ နွေရာသီအပါအ၀င် ဘယ်ရာသီတွင်မဆို ပဝါများကို ဖက်ရှင် accessory တစ်ခုအနေနဲ့ ၀တ်ဆင်လိုကြပါတယ်။ သဘာဝကျတဲ့ Neutral color ကို ကြိုက်တတ်တဲ့သူတွေ ဆိုရင် ဝတ်စုံကို ပို၍ ဆွဲဆောင်မှုရှိစေရန် အရောင်တောက်ပသောပဝါကို ရွေးချယ် ဝတ်ဆင်နိုင်ပါတယ်။ နွေရာသီအတွက် ဆိုရင်တော့ လှပပြီး အရောင်တောက်ပတဲ့ ပုဝါမျိုးကို ရွေးချယ်ပါက ရိုးရှင်းတဲ့ Neutral color outfit တွေကို ပိုပြီး ထူးခြားသွားစေနိုင်ပါတယ်။ ၂၀၂၀-၂၀၂၁ခေတ်သစ်ရေစီးကြောင်းမှာ ဖက်ရှင်ပဝါတွေဟာ တန်ဆာဆင် ဖြည့်စွက်ခြင်းဖြင့် မိန်းကလေးများ အတွက် အံ့သြဖွယ် အကောင်းဆုံးနှင့် အလွန်ကောင်းမွန်သော စတိုင်လ်မိမိ ဝတ်စုံများ ဖန်တီးရန် အဓိကအထောက်အကူဖြစ်လာပါလိမ့်မယ်။


အမျိုးသားတွေ အတွက်ကတော့ နွေရာသီမှာ ပျော့ပျောင်းသောပဝါကို ဂျင်းဘောင်းဘီနှင့် ရိုးရှင်း သောရောင်စုံရှပ်အင်္ကျီသို့မဟုတ် Blazer, Vest ဝတ်စုံများဖြင့် လွယ်ကူစွာ တွဲဖက်၍၀တ်ဆင်နိုင်ပါတယ်။ ဆောင်းရာသီမှာတော့ သိုးမွှေး၊သားရေအစရှိတဲ့ ပဝါများကို Sweatshirt, Jacket, Trench Coat, Etc.. တို့နဲ့ ပြောင်းလဲတွဲဖက်ပြီး ဝတ်ဝတ်ဆင်ပေးသင့်ပါတယ်။ ဒါဟာ အလွန်စတိုင်လ်ကျစေတဲ့ အပြင် ကိုယ်ပိုင်စရိုက်ကိုလည်း ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။


Scarves Fashion ဟာ အရွယ်မရွေး ဝတ်ဆင်နိုင်တဲ့ သော်လည်း အမျိုးသား ၊ အမျိုးသမီး တို့ရဲ့ ဝတ်ဆင်ပုံတွေကတော့ မတူညီကြတာကြောင့် အောက်ပါ Link များမှ မတူညီတဲ့ ပဝါစည်းနည်းများကို လေ့လာကြည့်ပြီး စတိုင်လ်မိမိနဲ့ ဖက်ရှင်ကျကျ accessory တစ်မျိုးအဖြစ် ဝတ်ဆင်နိုင်ပါတယ်။