Dior အင်္ကျီတွေကို canvas အဖြစ်အသုံး ပြုခဲ့တဲ့ Estelle Tcha

“Fashion သည် အနုပညာတစ်မျိုးဖြစ်သည်” လို့ပြောရင် ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။ ဒါဆို ကမ္ဘာကျော် designer Christian Dior ရဲ့သက္ကရာဇ်ဟောင်းတွေက ဂန္တဝင်အင်္ကျီတွေဟာလည်း ပန်းချီဆွဲတဲ့ canvas ဖြစ်လာနိုင်မလား။ ဟုတ်ကဲ့ စိတ်ကူးတဲ့ အတိုင်းဖန်တီးနိုင်တဲ့ ယနေ့ခေတ်ကမ္ဘာကြီး မှာ Fashion နဲ့ (art) အနုပညာသည် တစ်သားတည်းကျတယ်ဆိုတာ ကိုသက်သေပြလိုက်သူတစ်ဦးကတော့ American based artist “Estelle Tcha” ပဲဖြစ်ပါတယ်။
ဖက်ရှင်ဒီဇိုင်နာတစ်ဖြစ်လည်းပန်းချီဆရာ သူမဟာ သူမရဲ့ “Eee’” လို့ အမည်ရတဲ့ ကိုယ်ပိုင် brand အတွက် Dior ရဲ့ ရှေးဟောင်း အပေါ်ဝတ်ကုတ်အင်္ကျီ တွေပေါ်မှာ ပန်းချီရေးဆွဲပြီးထူးခြားတဲ့ အင်္ကျီတွေကို တင်ဆက်ခဲ့ပါတယ်။ Dior အပေါ်ဝတ်အင်္ကျီတွေရဲ့ ကျောဘက်မှာ ဝယ်သူတစ်ဦးတစ်ယောက်ချင်းစီအလိုက် မတူညီတဲ့ (zodiac signs) ဆယ့်နှစ်ရာသီခွင်ဆိုင်ရာပန်းချီ တွေကို ပြောင်းလဲတပ်ဆင်နိုင်ဖို့ ကပ်ခွါပုံသဏ္ဍာန်ပစ္စည်းကိုအသုံးပြုပြီးတော့ နက္ခတဗေဒဆိုင်ရာ ဖြတ်၊ညှပ်၊ကပ် canvas အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်။
fashion နဲ့ art ရဲ့ ကြားက အလွှာပါးပါးလေးကို မှုန်ဝါးစေရန်အလို့ငှါ ယခုလို သူမရဲ့ စိတ်ကူးယဉ် အိပ်မက်ဆန်တဲ့ အနုပညာကိုဖန်တီးခြင်းဖြစ်ကြောင်းသူမကပြောထားပါတယ်။ ဆယ့်နှစ်ရာသီခွင်ဆိုင်ရာ သင်္ကေတတွေနဲ့ စီးကရက်သောက်သောက်နေဟန်ကိုရေးဆွဲထားတဲ့ သူမရဲ့ ပန်းချီတွေဟာ သက်ရှိလောကနဲ့ သေခြင်းတရားကြားက နက္ခတ်ဗေဒင်ရဲ့ ဥပါဒါန် ပေါ်မှာ ထားရှိတဲ့ ကစားကွက်သက်သက်သာဖြစ်ကြောင်း ဖော်ကျူးထားတာပါ။ သူမရဲ့ ပန်းချီဆရာတစ်ယောက်အနေနဲ့ သာမက designer တစ်ယောက်ရဲ့ ပါရမီကိုအသုံးပြုပြီးတော့ နက္ခတဗေဒဆိုင်ရာ သဘောထား အမြင်တွေကို လူတွေဆီပေါ့ပေါ့ပါးပါးနဲ့ထိထိရောက်ရောက် မိတ်ဆက်လိုက်ခြင်းပဲဖြစ်ပါတယ်။
များပြားလှတဲ့ ကမ္ဘာကျော် brand တွေထဲမှာမှ Dior ကိုရွေးဖြစ်ခဲ့တဲ့အကြောင်းကတော့ 1947 တုန်းက အမျိုးသမီးတွေကို ကြံခိုင်သန်မာ ပြီး ဩဇာတိကမကြီးမားတဲ့ အသွင်ကိုဆောင်စေခဲ့တဲ့ Dior ရဲ့ New Look ကြောင့် Dior ကို သူမပန်းချီတွေရဲ့ canvas အဖြစ်အသုံးတော်ခံတာဖြစ်တယ်လို့ သူမကပြောထားပါသေးတယ်။ Dior ရဲ့ သမိုင်းဝင်ပစ္စည်းတွေကို တန်ဖိုးထားမှုမြင့်တက်လာတာနဲ့ အမျှ အင်္ကျီအဝတ်အစား ဆိုတာထက်ကို ပိုတဲ့သူမရဲ့အနုပညာဖန်တီးမှု (art work) ဟာ လည်း တစ်စတစ်စ အဖိုးအနဂ္ဃ ထိုက်တန်လာမှာပဲဖြစ်ကြောင်းပြောကြားရင်းနဲ့ သူမရဲ့ Instagram မှာဖော်ပြထားတဲ့ astrology နဲ့ zodiac signs ဆိုင်ရာ ပန်းချီလက်ရာ တွေကိုဖော်ပြလိုက်ရပါတယ်။
By YAWAI HTOO MYAT
References