“I told Sunset about you” Fashion Lookbook

ဒီနေ့ တင်ဆက်ပေးချင်တဲ့ Look book လေးကတော့ “I Told Sunset About You” ဆိုတဲ့ ထိုင်း ဇာတ်လမ်းတွဲလေးထဲက Outfit လေးတွေပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပြသသွားခဲ့ပြီး လူငယ်တွေကြားမှာ အရမ်းရေပန်းစား သွားခဲ့တာပဲ ဖြစ်ပါတယ်။

အရမ်းလှတဲ့ ဖူးခက်ကမ်းခြေမှာ ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ဝင်ခန်း တစ်ခုစီတိုင်းအတွက် အင်္ကျီတွေကိုလဲ Color Complementary Scheme အတိုင်း သေချာ အချိတ်ဆက်မိမိနဲ့ တွဲဖက်ပေးထားတာပဲ ဖြစ်ပါတယ်။ Hawaiian ရှပ်အင်္ကျီလေးတွေနဲ့ တီရှပ်လေးတွေကို ပေါ့ပေါ့ပါးပါး တွဲစပ်ထားတာမို့ Summer Fashion အနေနဲ့လဲ လိုက်ဝတ်ပြီး ဂေါ်လို့ရပါသေးတယ်။အဲဒါကြောင့် ဒီ “ I Told Sunset About You” ဇာတ်လမ်ရဲ့ ဖက်ရှင် Look-book လေးကို တင်ဆက်ပေးလိုက်ရပါတယ်။

ဒီနေ့ တင်ဆက်ပေးခဲ့တဲ့ “I Told Sunset About You” ဒရာမာလေးထဲ ဝတ်စုံလေးတွေကို အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောက်ထပ်လဲ ကောင်းမွန်တဲ့ ဆောင်ပါးလေးတွေကို ရေးသားဖော်ပြပေးဦးမှာမို့ စောင့်မျှော်ပေးပါကြပါဦး။

By Yamin Inzali

Leave a Reply

Your email address will not be published. Required fields are marked *