The Hour London Luxury Plus Size Brand

ဒီနေ့မှာတော့ The Hour London ဆိုတဲ့ လန်ဒန်အခြေစိုက် Luxury Plus Size Brand လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီ Brand လေးကို Nana Rasoeva ဆိုတဲ့ လန်ဒန်ဖွား မီးယပ်နှင့် သာဖွားဆရာဝန်မလေး တစ်ဦးက စတင်တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမဟာ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်အကြောင်းကို မျှဝေခံစားနိုင်ပြီး နားလည်မှု ပေးနိုင်ဖို့ ရှာဖွေရင်းကနေ ဒီ Luxury Plus size Brand လေးကို စတင်တည်ထောင်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမဟာ ဒီ brand လေးကနေ တစ်ဆင့် အမျိုးသမီးတွေကို ပိုမိုကောင်းမွန်တဲ့ ရွေးချယ်ခွင့်တွေနဲ့ ပြည်စုံစေပြီး သမားရိုးကျ ပုံစံတွေကနေ လွတ်မြောက်စေနိုင်ဖို့ မျှော်လင့်မိပါတယ်လို့ ပြောဆိုခဲ့ပါတယ်။သူမဟာ ပြင်းထန်တဲ့ ဒီဇိုင်းတွေ ဒါမှမဟုတ် ထင်ပေါ်လွန်းတဲ့ ဒိဇိုင်းတွေကို ဖန်တီးဖို့အတွက်လဲ ဝန်မလေးနေဘူးလို့ ပြောကြားခဲ့ပါသေးတယ်။

ဒီ Brand လေးဟာ ခန္ဓာကိုယ်ပုံစံ၊ ယုံကြည်ချက်နဲ့ ကိုယ်ပိုင်မူဟန်တွေအပေါ် အဓိက ထိန်းသိမ်းထားရှိပြီး ပြည့်တဲ့ ခန္ဓာကိုယ်တွေနဲ့ လိုက်ဖက်ညီသော ခေတ်ပြိုင် ဒီဇိုင်းတွေအပေါ် နှစ်မြုပ်ထားရှိလျက် ရှိပါတယ်။ ဒါ့အပြင် တိကျတဲ့ အတိုင်းအဆအချိုးတွေနဲ့ ဂရုတစိုက် ပြုလုပ်ခြင်းတွေကြောင့် အမျိုးသမီး Plus Size ဒီဇိုင်းတွေ ပိုမို ဆန်းသစ်စတိုင်ကျစေမှာပဲ ဖြစ်ပါတယ်။အကောင်းမွန်ဆုံးသော အရည်အသွေးအတွက်လဲ ပိုသား၊ ရေယွန်ချည်နဲ့ သိုးမွှေးချည် အစရှိသဖြင့် နူးညံ့ပြီး အရေပြားအတွက်ကောင်းမွန်တဲ့ ပိတ်စမျိုးတွေကို အသုံးပြု ချုပ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအထည်တွေဟာ ဘတ်တီရီးယားကို ဆွေးမြေ့ပျက်စီးစေပြီး အတတ်နိုင်ဆုံး ပတ်ဝန်းကျင်ကို အကျိုးပြုပေးမယ့် ကုန်းကြမ်းတွေ အသုံးပြုထားကြောင်းလဲ ပြောကြားထားပါတယ်။ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်လဲ ပြန်လည်အသုံးပြုလို့ရတဲ့ Packaging Services တွေ ထားရှိပြီး Sustainability အတွက် နောက်ထပ် Level တစ်ခုတတ်နိုင်အောင် ကြိုးစားလုပ်ဆောင်လျက်ရှိနေပါသေးတယ်။

နောက်ဆုံအနေနဲ့ The Hour London Brand ရဲ့ Item တစ်ခုချင်းစီတိုင်းဟာ ဘယ်လို စတိုင်မျိုးအတွက်မဆို လိုက်ဖက်စေနိုင်ဖို့ ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။ မိမိမှာ ရှိနှင့်ပြီးသား ဘယ်အဝတ်အစား အသုံအဆောင်နှင့် မဆို လွယ်ကူစွာ တွဲဖက်ဝတ်ဆင်နိုင်တဲ့ Classy chic စတိုင် Plus Size Luxury Brand လေးပဲ ဖြစ်ပါတယ်။ Luxury အပြည့်ပေးနိုင်ပြီး ရိုးရိုးလေးနဲ့ စတိုင်ကျချင်တဲ့ အသက်လတ်ပိုင်း အမျိုးသမီးတွေနဲ့ အလိုက်ဖက်ဆုံး Brand လေး တစ်ခုလို့ ထင်မြင်မိပါတယ်။

ဒီ Brand လေးကို စိတ်ဝင်စားပြီး ဝယ်ယူချင်ပါတယ် ဆိုရင်တော့ www.thehourlondon.com မှာ ဝင်ရောက်ဝယ်ယူနိုင်ပါတယ်။ ကဲအခုလောက်ဆို The Hour London Brand လေးအကြောင်းလေးလဲ အားလုံးပြည့်စုံ သွားလောက်ပြီလို့ ထင်ပါတယ်။ နောက်ထပ်လဲ ကောင်းမွန်တဲ့ ဖက်ရှင်အနုပညာ ဆောင်ပါးလေးတွေနဲ့ ပြန်လာခဲ့ဦးမှာမို့ စောင့်မျှော်ပေးကြပါဦး။

By Yamin Inzali

References

https://www.instagram.com/thehourlondon/
https://thehourlondon.com/

Leave a Reply

Your email address will not be published. Required fields are marked *