အခုဆို ၂၀၂၁ ရဲ့ နွေရာသီကို ရောက်လာပြန်ပြီဆိုတော့ Floral dress လေး ဝတ်ဖို့ ကောင်းတဲ့ အချိန်ကို ရောက်လာပြန်ပြီနော်။ ချစ်စရာကောင်းတဲ့ Floral dress လေး တစ်ထည်ကတော့ မိန်းကလေးတိုင်းလိုလိုမှာ ရှိလောက်မယ် ထင်တာပဲ။ ဒါပေမဲ့ Floral Dress လေးတွေကို ကြိုက်လို့ ဝယ်ပြီး အမြဲလိုလို စတိုင်ပုံစံ တစ်မျိုးထဲပဲ ဝတ်မိနေရင်တော့ မမိုက်ဘူးလေနော်။ အဲဒါကြောင့် ဒီနေ့မှာတော့ Floral dress လေးကို ဘယ်လိုမျိုးလေးတွေ ပြောင်းလဲပြီး ဖက်ရှင်မိမိ ဝတ်ဆင်ရမလဲ ဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
Tip 1
Floral dress လေးတွေက လှပပြီး တက်ကြွတဲ့ နှစ်သက်ဖွယ် ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒီ Floral dress လေးတွေကို Evenings outfit စတိုင် ဝတ်ဆင်မယ်ဆိုရင်တော့ Trumpet Floral dress Type လေးကို ရွေးချယ်ပြီး ဝတ်ဆင်ပေးသင့်ပါတယ်။ အဲဒီ ဂါဝနိလေးကိုမှ ကြိုးသိုင်း ဒေါက်ဖိနပ်လေးနဲ့ Clutch Bag လေးရယ် ပေါင်းစပ်လိုက်ရင် စတိုင်ကျတဲ့ Evening Floral Dress ဝတ်စုံလေးကို ရရှိစေမှာပဲ ဖြစ်ပါတယ်။
Tip 2
ဒီ Floral Dress လေးကို Classic စတိုင် ပုံစံမျိုး ဝတ်ချင်တယ် ဆိုရင်တော့ ကုတ်အင်္ကျီ လေးတွေကို အားကိုးထားလိုက်ပါ။ပြီးရင် Pointed Pump Shoes လေးတွေနဲ့ Classy Tote Bag လေးရယ်နဲ့ပါ တန်ဆာဆင် ဖြည့်စွက်လိုက်ရင်တော့ ဘယ်တော့မှ မရိုးတဲ့ Classy Chic စတိုင်လေးကို ရရှိစေမှာပဲ ဖြစ်ပါတယ်
Tip 3
နောက်ထပ် Styling နည်းလမ်းလေး တစ်ခုကတော့ Floral dress လေးတွေကို အရမ်းကြီး မိန်းမဆန်ဆန် စတိုင်မျိုး မဝတ်ချင်တဲ့ သူလေးတွေ အတွက်ပဲ ဖြစ်ပါတယ်။ ရှိပြီးသား ဆွယ်တာအပွ ၊ ဂျင်းဂျတ်ကတ်၊ လည်သာ ဂျတ်ကတ် ဆိုဒ်ကြီးလေးတွေနဲ့ တွဲပြီး ဝတ်ဆင်ပေးခြင်းပါပဲ။ ပိုပြီး Street-Style ဆန်ဆန် ဝတ်ချင်ရင်တော့ Sneakers ဒီဇိုင်း မိုက်မိုက်လေးတွေကို ရွေးချယ်လိုက်ပါ။
Tip 4
Floral dress လေးကို နွေရာသီဖက်ရှင်စတိုင်မျိုး ဝတ်ချင်ရင်တော့ Mini Dress Type (ဂါဝန်အတို) လေးတွေ ရွေးချယ်ပေးနော်။ ပြီးရင် Sun Hat( ကမ်းခြေဦးထုပ်) နဲ့ Sandals ဖိနပ်လေးတွေနဲ့ တွဲဖက်ပေးလိုက်ရင် ပေါ့ပါးပြီး စတိုင်ကျလှပနေစေမှာပဲ ဖြစ်ပါတယ်။
Tip 5
Spaghetti Straps ကြိုးတစ်လုံး ပန်းပွင့်ဂါဝန်လေးတွေကို Daily Wear စတိုင်မျိုး ပြောင်းချင်တယ်ဆို Basic Tee (T-shirt ဗြောင်) လေးတွေ အပေါ်ကနေ ဝတ်ဆင်ပေးလို့ရပါတယ်။ ဖိနပ်ကိုတော့ Bikers Boots လေးတွေနဲ့ဆို ဂျစ်ကန်ကန် Grunge Girl စတိုင်လေးရစေမှာပါ။
ကဲ အဲဒါဆို ကော်ဖီခွက်လေးတွေ ကိုင်ပြီးပဲ ဖြစ်ဖြစ်၊ Instagrammable ဖြစ်တဲ့ နေရာလှလှလေးတွေမှာပဲ ဖြစ်ဖြစ် Floral dress Outfits လှလှလေးတွေနဲ့ ဓာတ်ဖမ်းဖို့ မြန်မြန် ပြင်ဆင်လိုက်တော့နော်။
By Yamin Inzali