Site Overlay

Style Charts for Lana Del Rey

Hello… စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ…

ကဗျာဆန်တဲ့ အရေးအသား၊ သနားဖွယ်ရာကောင်းတဲ့ အချစ်အကြောင်း အတိတ်ကိုပြန်ပြီးလွတ်ဆွတ်တမ်းတစေတဲ့ Music Video တွေနဲ့ ပရိတ်သတ်ရဲ့ အချစ်တွေကို အများကြီးရထားတဲ့ Indie အဆိုတော်လေး Lana Del Rey ကိုတော့ မသိတဲ့သူ မရှိဘူးလို့ထင်ပါတယ်…

အမေရိကန်အဆိုတော်နဲ့ သီချင်းရေးဆရာတစ်ယောက်ဖြစ်တဲ့ Lana ကတော့ အခုမှ အသက် ၃၅ နှစ်ပဲ ရှိပါသေးတယ်… Inverted triangle body type ဖြစ်ရာကနေမှ အခုဆို Apple body shape အထိပြောင်းလဲသွားတာကို Lana ရဲ့ Fan တွေ တွေ့နိုင်မှာပါနော်…

Johnny Blueeyes ဆိုတဲ့ Stylist နဲ့ ၂၀၁၁ ကတည်းက စတင်လက်တွဲခဲ့ပြီး Lana ရဲ့ Photoshoot တွေ၊ MV တွေနဲ့ Show တွေ၊ Event တွေတော်တော်များများကို Johnny ကပဲ တာဝန်ယူခဲ့ပါတယ်…   အဲ့ဒါဆို Lana ရဲ့ Style chat လေးကို တစ်ချက်ကြည့်လိုက်ရအောင်…

Vintage Fashion တွေကို သဘောကျတဲ့ Lana ကတော့ သူ့ရဲ့ Outfit တိုင်းလိုလိုမှာ Vintage taste ကို မပါမဖြစ်ပါအောင် အမြဲထည့်သုံးတတ်တာကို တွေ့ရပါတယ်… အရင်တုံးက Inverted triangle body shape နဲ့ ဆိုတော့ Vintage Lolita fashion လေးတွေနဲ့ 60’s classic fashion ပုံစံလေးတွေရှိတဲ့ Skirt အတိုလေးတွေကို Proportion ချိန်ဆဖို့အတွက် ရွေးဝတ်တတ်ပါတယ်… နောက်ပိုင်း Inverted triangle body အဖြစ်ရောက်လာတော့လဲ 90’s ရဲ့ jacket တွေကို ရွေးချယ်ဝတ်ဆင်လာတာကို တွေ့ရပါတယ်.. Layer တွေထပ်ပေမဲ့ proportion ကျနစေဖို့ အောက်ပိုင်းကို ပိုပြီး Shade ဖြစ်တဲ့Colorတွေ ရွေးဝတ်ကာ အပေါ်ပိုင်းကိုတော့ Tint နဲ့ Hue Color တွေကိုပဲ အသုံးပြုခဲ့ပါတယ်…

Classic-Romantic-Glamorous vibe ကို ပေးနိုင်တဲ့ Lana က Event နဲ့ Red Carpet တွေမှာလဲ သူမရဲ့ Own Identity ပျောက်သွားတယ်ဆိုတာ မရှိခဲ့ပါဘူး… Inverted triangle body shape တွေနဲ့ လိုက်တဲ့ Strapless neckline တွေ Sweetheart neckline တွေနဲ့ သူမရဲ့ ပခုံးလှလှလေးကို ပြသခဲ့တာကို အရင်နှစ်တွေက တွေ့ခဲ့ကြရမှာပါ… နောက်ပိုင်းနှစ်တွေရောက်တော့လဲ Apple body shape ဖြစ်လာတော့ Waistline ကစားထားတဲ့ Dress လေးတွေ Empire Waistline ပါတဲ့ Dress လေးတွေကို ခန္ဓာကိုယ်နဲ့လိုက်အောင် ပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်…

Red Carpet တွေပေါ်မှာ လမ်းလျှောက်နေတဲ့ အချိန်တွေကတော့ Lana ရဲ့ အလှဆုံးအချိန်တွေပါပဲ… Shoulder off တွေ Strapless နဲ့ Sweetheart တွေကို အသားပေးဝတ်ဆင်တတ်သလို Met Gala Event အတွက် ပွဲတတက်လာခဲ့တဲ့ Dress မှာဆို ဝတ်ရုံအမည်းလေးကို ခြုံနိုင်ဖို့ အောက်က Dress ကို Sparkle and Shining ဖြစ်နေတဲ့ Dress မျိုး ဝတ်ဆင်ခဲ့ပါတယ်… နောက်ပိုင်း Apple body shape ဖြစ်လာတော့လဲ A-line Skirt တွေ၊ Empire waistline ပါတဲ့ Dress တွေ၊ ခန္ဓာကိုယ်သွယ်နေစေဖို့ Pleating တွေပါတဲ့ Illusion Dress လေးတွေကို ပြောင်းလဲ ရွေးချယ်ဝတ်ဆင်ခဲ့ပါတယ်…

Covid ကာလကြီးမှာ Stay at home နေရင်း ပိုပြီးခန္ဓာကိုယ်ပြည့်လာတဲ့အထဲမှာ Lana Del Rey လဲ ပါခဲ့ပါတယ်… ဒါပေမဲ့ ဘယ်လိုပဲ Body transformation တွေ ဖြစ်လာပါစေ Lana ကတော့ သူကြိုက်တဲ့ Vintage Fashion လေးတွေကို သူ့ခန္ဓာကိုယ်နဲ့လိုက်အောင် ဝတ်ရင်း အမြဲတမ်း လှနေတာပါပဲ… Inverted triangle body shape ကနေ Apple လေးအဖြစ် ပြောင်းလဲလာတဲ့ Lana Del Rey ကို ဘယ်လိုမျိုး Style လုပ်ပေးချင်လဲဆိုတာကို ဆက်ကြည့်လိုက်ကြရအောင်…

အခု Mix and Match လေးကတော့ Red Carpet တက် ရင် Lana Del Rey ဝတ်ဖို့ အတွက် Styling လုပ်ပေးထားတာပဲ ဖြစ်ပါတယ်… Apple Body Shape ဖြစ်တာကြောင့် Deep V-neckline ပါတဲ့ Aline Gown လေးကို ရွေးချယ်ဝတ်ဆင်ပေးထားပါတယ်… ဒီ Gown လေးက Dior Fall 2020 Couture ထဲမှာ ပါဝင်တဲ့ Look No.22 ပဲဖြစ်ပါတယ်… Maison Burma ရဲ့ Art Deco Diamond Jewelry တွေနဲ့ ပံ့ပို့ပေးထားလို့ ပိုပြီး Dreamy Nostalgic ဖြစ်နေမှာတော့ အသေအချာပါပဲ Sophia Webster ရဲ့ Chiara Butterfly pump heel လေးကလဲ Lana ရဲ့ magical romance vibe လေးကို ရနေစေမှာပါ…

အခုလောက်ဆို Lana ရဲ့ Body Shape အကြောင်းရယ် Lana က ဘယ်လိုလေးတွေ ဝတ်လေ့ရှိတယ်ဆိုတာရယ်ကို သိပြီး ဘယ်လိုမျိုးလေးတွေ ဝတ်တာက Lana နဲ့ လိုက်ဖက်တယ်ဆိုတာကိုလဲ သိသွားကြလို့ Lana Del Rey ရဲ့ ဖန်တွေလဲ သဘောကျနှစ်သက်ကြမယ်ထင်ပါတယ်…

  ဒီ Style Chart အစီအစဥ်မှာ နောက်ထပ် ဘယ် Celebrity တွေအကြောင်းပြောပြသွားပေးမယ်ဆိုတာလဲ စောင့်မျှော်ပေးကြပါဦး…

Leave a Reply

Your email address will not be published. Required fields are marked *