Site Overlay

How to choose a perfect bag for every body shape

အခုလို ဖက်ရှင်က အဓိကကျလာတဲ့ social media ခေတ်ကြီးမှာ စတိုင်ကျတဲ့ ဝတ်စုံ တစ်စုံဖြစ်ဖို့ မှန်ကန်တဲ့ အဝတ်အစား ရွေးချယ်တတ်ရုံနဲ့ မပြီးသေးပါဘူး။ မှန်ကန်တဲ့ accessories ရွေးချယ်တတ်ဖို့ကလဲ လိုအပ်ပါသေးတယ်။အဲဒီအထဲမှာမှ ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ အိတ်ရွေးချယ်နိုင်ခြင်းက သင်ရဲ့စတိုင်ကို ပိုပြီး ပြည့်စုံထင်ရှားစေမှာပဲ ဖြစ်ပါတယ်။အဲဒါကြောင့် ဒီနေ့မှာ ခန္ဓာကိုယ် ပုံစံ () ခုအတွက် ဘယ်လို အိတ်အမျိုးအစားတွေနဲ့ လိုက်ဖက်တယ်ဆိုတာကို ရှင်းပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အများအားဖြင့် အိတ်ကို ရွေးချယ်ရမှာ အိတ်အရောင်နဲ့ ဒီဇိုင်းကို အဓိကထား ရွေးချယ်ကြပေမယ့် တကယ်အဓိထားရမှာတော့ အိတ် အရွယ်အစားနဲ့ အိတ်ပုံစံပဲ ဖြစ်ပါတယ်

သင်ဟာ Rectangle body shape ဆိုရင် (Rectangle body shape- သင့်ရဲ့ ခါး၊ပခုံး၊တင် အရွယ်အစားဟာ တူညီနေမယ်။)

သင့်ရဲ့ ခန္ဓာကိုယ်ကို ကောက်ကြောင်းပေါ်စေအောင် volume ထည့်ပြီး ဝတ်ဆင်ရမှာ ဖြစ်တဲ့ အတွက် ပျော့ခွေပြီး ကြီးမားတဲ့ ပျော့ပျောင်းတဲ့ အိတ်အမျိုးအစားတွေကို ပိုပြီး ရွေးချယ်သင့်ပါတယ်။ Athletic body လိုမျိုး ရှည်လျားပြီး ထောင့်ကျတဲ့ ခန္ဓာကိုယ် ပုံစံဖြစ်တဲ့အတွက် လေးထောင့်ပုံစံလို ဖြစ်နေတဲ့ တောင့်တင်းမာကြောတဲ့ အိတ်မျိုးကို ရွေးချယ်မယ် ဆိုရင် သင့်ခန္ဓာကိုယ်ကို ပိုပြီး ကောက်ကြောင်း မရှိဘဲစေမှာမို့ သတိထားရွေးချယ်သင့်ပါတယ်။ Hobo bags , Soft leather handbags နဲ့ soft slouchy tote bags မျိုးတွေက အလိုက်ဖက်ဆုံး အိတ်အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

သင်ဟာ Inverted triangle body shape ဆိုရင်တော့ (Inverted triangle body shape- ခါး၊တင် ထက် ပခုံးက ပိုကျယ်/ကြီးသော ခန္ဓာကိုယ်။)

Cross body bags တွေက သင်နဲ့ အလိုက်ဖက်ဆုံး ဖြစ်နေမှာပါ။ဘာလို့ဆို ပိုကြီးတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို တင်နားရောက်နေတဲ့ cross body bags လေးက အချိုးအဆကျအောင် ညှိပေးနိုင်လို့ပါပဲ။အဲဒါကြောင့် shoulder bags(ပခုံးတင်အိတ်) တွေ ကိုင်ဆောင်တဲ့ အခါကျရင်လဲ ပခုံးမှာမလွယ်ဘဲ လက်ကိုင်ကနေ အောက်ချ ကိုင်တာက ပိုပြီး လိုက်ဖက်စေမှာပါ

သင်ဟာ Pear shape body ဆိုရင် တော့ (Pear shape body – သင်ရဲ့ ရင်ထက် တင်ဟာ ပိုကြီးနေမယ်။)

အဝတ်အစားလိုပဲ ခန္ဓာကိုယ် အပေါ်ပိုင်းကို focus ထားနိုင်မယ့် အိတ် အမျိူးအစားတွေကို ရွေးချယ်ပေးရမှာပဲ ဖြစ်ပါတယ်။အဲဒါကြောင့် shoulder bag အမျိုးအစားများကို အဓိကထား ရွေးချယ်သင့်ပြီး တင်နားကို အာရုံပိုစိုက်စေနိုင်တဲ့ cross body bags အချို့ကိုတော ရှောင်ရှားသင့်ပါတယ်။ဒါ့အပြင် အခု ခေတ်စားနေတဲ့ belt bags (ခါးမှာ ပတ်ပြီး ဝတ်ရတဲ့ အိတ်) မျိုးတွေကို ဝတ်ဆင်မယ်ဆို ခါးထက် ရင်ဘတ်နားမှာ တစောင်း သိုင်းပြီး လွယ်တာက ပိုပြီး အချိုးအဆ ကျနေစေမှာပါ။

သင်ဟာ Apple body shape ဆိုရင်တော့ (Apple body shape – ရင်နဲ့ ခါးဟာ တင်နဲ့ ပခုံးထက် ပိုကြီးနေမယ်။)

သေးငယ်တဲ့ အိတ်တွေထက် oversized shoulder bags နဲ့ Hand bags တွေကို ပိုပြီး ရွေးချယ်သင့်ပါတယ်။ အကယ်၍ သင်ဟာ သေးငယ်တဲ့ အိတ်ကို ရွေးချယ်မိပါက သင့်ခန္ဓာကိုယ်ကို ပိုကြီးသွားစေတယ်လို့ ခံစားရပြီး အချိုးအဆ ကျမနေစေမှာပဲ ဖြစ်ပါတယ်။ ဒါ့ အပြင် ခါးနားကို focus ဖြစ်စေနိုင် တဲ့ belt-bagလို အိတ်အမျိုးအစားများကို ရှောင်ရှားသင့်ပါတယ်။

ဒါမှမဟုတ် သင်ဟာ Houglass body shape ဆိုရင်တော့ (Hourglass body shape -ရင် နဲ့ တင် အချိုးအစား ညီမျှပြီး လှပတဲ့ ခါး ကောက်ကြောင်း ရှိသော ခန္ဓာကိုယ်)

ဂုဏ်ယူပါတယ်။ သင်ဟာ ဘယ်လို အိတ်အမျိုးအစားနဲ့ လိုက်ဖက်နိုင်ပါတယ်။ ဒါပေမဲ့ သင်ရဲ့ လှပတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းကို ပျောက်ကွယ်စေနိုင်တဲ့ အိတ်အကြီးကြီးတွေကိုတော့ သတိထားစေချင်ပါတယ်။အခုခေတ်စားနေတဲ့ micro minni bag လေးကတော့ သင်နဲ့ အလိုက်ဖက်ဆုံး ဖြစ်နေမှာပါ။ ဒါ့အပြင် patternတွေ metallic အရောင်မျိုးတွေ အစရှိတဲ့ statement အိတ်တွေကတော့ သင့်ကို ပိုပြီး ထင်ရှားလှပစေမှာပဲ ဖြစ်ပါတယ်။

ကဲ အခုဆို body type အကုန်လုံး အတွက် ပြောပြပေးပြီး သွာပြီဆိုတော့ ဒီဆောင်ပါးလေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေ။ နောက်ထပ် နောက်ထပ် ပိုကောင်းတဲ့ အကြောင်းအရာတွေနဲ့ လာခဲ့မှာမို့ စောင့်မျှော်ပေးကြပါဦးနော်။

by Yamin Inzali

References

https://www.herworld.com/fashion/trends-and-tips/heres-guide-choosing-right-bag-your-body-type/

https://www.femalemag.com.sg/fashion/stylish-bags-body-types-fashion/

Leave a Reply

Your email address will not be published. Required fields are marked *