Sell your Haunted House ဆိုတဲ့ ရုပ်ရှင်ကားနာမည်အတိုင်း မကျွတ်လွတ်သေးတဲ့ သရဲတွေအကြောင်းနဲ့ ဇာတ်အိမ်တည်ထားပြီး အစွဲချွတ်ပေးတဲ့နတ်ဆရာမလေး အဖြစ် မင်းသမီးကြီး Jang Nara က သရုပ်ဆောင်ထားပါတယ်။ ရိုးရိုးလေးနဲ့ အရမ်းအားစိုက်ထုတ်စရာမလိုဘဲ စတိုင်ကြချင်တဲ့အခါ ကျွန်မတို့ ဗီဒိုထဲက အမဲရောင် အင်္ကျီတစ်ထည်ကို ဆွဲထုတ်ပြီး ဝတ်ဆင်လိုက်ကြသလိုပဲ ဒီ ကိုရီးယားဒရာမာထဲက မင်းသမီး Jang Nara ဟာလဲ အမဲရောင် တစ်ရောင်နဲ့သာ သူ့ ဖက်ရှင်စတိုင်ကို ဖော်ပြဝတ်ဆင်ခဲ့ပါတယ်။ လျို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေပြီး လူမှုဆက်ဆံရေး သိပ်မကောင်းလှတဲ့ မာကြောကြော နတ်ဆရာမ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဖော်နိုင်ခဲ့တဲ့ အချက်တွေထဲမှာ သူမရဲ့ character နဲ့လိုက်အောင် တွဲစပ်ဝတ်ဆင်နိုင်ခြင်းကြောင့်လို့ ပြောရမှာပါပဲ။
Black and Jewelry
အနက်ရောင် လည်သာကုတ်တွေ ၊အနက်ရောင် ဘလောက်စ်အင်္ကျီနဲ့ အနက်ရောင် ဂါဝန်တွေကိုပဲ ဝတ်ဆင်ပြီး လျို့ဝှက်နက်နဲမှုနဲ့ သရဲတစ္ဆေတို့နဲ့ သက်ဆိုင်မှုတွေကို ဖော်ပြထားပါတယ်။ ဒါပေမဲ့တစ်ကိုယ်လုံး အမည်းရောင်တွေကြီးပဲဆို ပေါ်လွင်မှု မရှိစေတာကြောင့် တလက်လက်တောက်ပတဲ့ ရွှေရောင်၊ငွေရောင် ဆွဲကြိုး၊နားကပ်တွေနဲ့ ဝတ်ဆင်ပြီး outfit ကို စိတ်ဝင်စားစရာ ကောင်းနေစေခဲ့ပါတယ်။ သူမရဲ့ ဇာတ်ဝင်ခန်းထဲက အမဲရောင် ဝတ်စုံနဲ့ လတ်ဝတ်ရတနာတွေဟာဆိုရင် ရိုးရိုးလေးပေမဲ့ စတိုင်ကျပြီး ကျက်သရေရှိကာ တစ်မျိုးဆန်း လှပနေစေတာပဲ ဖြစ်ပါတယ်။
black and jewelry
Boots
သူမရဲ့ စိတ်ဓာတ်ပြင်းပြပြီး တိုက်ခိုက်သောင်းကျန်တတ်တဲ့ အကျင့်တွေကိုတော့ သူမရဲ့ boots ဖိနပ်မျိုးစုံတွေ နဲ့ လက်သည်းနီ အမည်းရောင်တွေနဲ့ ဖော်ထုတ်ပြခဲ့တယ်။ Boots တွေက rebellious (ပုန်ကန်ထကြွမှု) ရဲ့ သင်္ကေတ တစ်ခုဖြစ် anti -fashion/subculture စတိုင်တို့ရဲ့ အနှစ်သာရတစ်ခုပဲ ဖြစ်ပါတယ်။အပေါ်မှာ ဖော်ပြခဲ့တဲ့ classicစတိုင် အနက်ရောင် ဝတ်စုံတွေနဲ့ boots တွေကို ပေါင်းစပ်ဝတ်ဆင်လိုက်တဲ့ အခါမှာတော့ အရမ်းလဲ ရိုးရှင်းမနေဘဲ လူငယ်ဆန်တဲ့ Edgy Chic Style ဖက်ရှင်မျိုးကို ရရှိစေခဲ့ပါတယ်။
boots boots
Jewelry/Accessories & Personal style
ပြီးပြည့်စုံတဲ့ စတိုင်ကျကျ ဝတ်စုံတစ်စုံ ဖြစ်ဖို့ Accessories တွေကို အားကိုးရပါတယ်။ ဝတ်စုံက အရမ်းရိုးနေလို့ ဒီဆွဲကြိုးလေး ဆွဲလိုက်မယ်။ အောက်ဘက်မှာ attention များနေတယ် အပေါ်မှာ ဘီးကုတ်ဖြစ်ဖြစ် ဦးထုပ်ဖြစ်ဖြစ် ဆောင်းလိုက်မယ် ဆိုပြီး ချိန်းဆဝတ်ဆင်ကြရပါတယ်။ဒါပေမဲ့ ဒီနေရာမှာ ဘယ်လို ဦးထုပ်မျိုး ဆောင်းရမလဲ၊ဆွဲကြိုးက ပုလဲ ဆွဲကြိုးလား စိန်ဘယက်လား ဆိုတာကတော့ ကိုယ့်အပေါ်မှာ မူတည်ပါတယ်။အခုဒီကားထဲမှာဆို Jang Nara ဟာ ထူးဆန်းတဲ့ အမဲရောင် ကျောက်နားကပ်၊ ဆံထိုးနဲ့ လက်ဝါးကပ်တိုင် ရင်ထိုး စသဖြင့် နတ်ဆရာမ ဆိုတဲ့ သူ့ရဲ့ အလုပ်အကိုင်၊ တစ်နည်းအားဖြင့် ဆိုရရင် သူ့ကိုယ်သူကို လုံးဝဖော်ပြပေးနိုင်တဲ့ Accessories တွေကို ရွေးချယ်ဝယ်ဆင်ခဲ့တာ တွေ့ရပါတယ်။
ကိုယ်သရုပ်ဆောင်ရမယ့် ကာရိုက်တာရဲ့ personal style ကို လိုက်ပြီး ဝတ်ဆင်ခဲ့တာကြောင့် Jang Nara ရဲ့ ဖက်ရှင်ဟာ ပေါ်လွင်နေပြီး စတိုင်ကျလှပနေစေခဲ့တာပဲ ဖြစ်ပါတယ်။ တခြားသူတွေကိုပါ အနက်ရောင် suit နဲ့ အရှေ့တိုင်းပုံစံဆံထိုးကို တွဲဖက်ဝတ်စေချင်လာတဲ့ အထိ ဆွဲဆောင်မှု ရှိနေခဲ့တာပါ။ အဲဒါကြောင့် အမှန်တကယ် စတိုင်ကျကျဝတ်ဆင်ချင်တယ်ဆိုရင်တော့ ကိုယ့် ကိုယ်ပိုင်စတိုင်ကို ရှာဖွေပါလို့ တိုက်တွန်းရင်းနဲ့ပဲ ဒီဆောင်ပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။
Style comes from knowing who you’re and who you want to be in the world; It does not come from wanting to be somebody else.
“The little black book of style”
by Yamin Inzali