Jang Nara Style in “Sell Your Haunted House” Drama
Sell your Haunted House ဆိုတဲ့ ရုပ်ရှင်ကားနာမည်အတိုင်း မကျွတ်လွတ်သေးတဲ့ သရဲတွေအကြောင်းနဲ့ ဇာတ်အိမ်တည်ထားပြီး အစွဲချွတ်ပေးတဲ့နတ်ဆရာမလေး အဖြစ် မင်းသမီးကြီး Jang Nara က သရုပ်ဆောင်ထားပါတယ်။ ရိုးရိုးလေးနဲ့ အရမ်းအားစိုက်ထုတ်စရာမလိုဘဲ စတိုင်ကြချင်တဲ့အခါ ကျွန်မတို့ ဗီဒိုထဲက အမဲရောင် အင်္ကျီတစ်ထည်ကို ဆွဲထုတ်ပြီး ဝတ်ဆင်လိုက်ကြသလိုပဲ ဒီ ကိုရီးယားဒရာမာထဲက မင်းသမီး Jang Nara ဟာလဲ အမဲရောင် တစ်ရောင်နဲ့သာ သူ့ ဖက်ရှင်စတိုင်ကို ဖော်ပြဝတ်ဆင်ခဲ့ပါတယ်။ လျို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေပြီး လူမှုဆက်ဆံရေး သိပ်မကောင်းလှတဲ့ မာကြောကြော နတ်ဆရာမ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဖော်နိုင်ခဲ့တဲ့ အချက်တွေထဲမှာ သူမရဲ့ character နဲ့လိုက်အောင် …
