Site Overlay

Boho Style

ဒီနေ့မှာတော့ fashion ချစ်သူတို့ကို Boho Style နဲ့ပတ်သက်ပြီး ဝတ်စားဆင်ယင်ပုံလေးတွေကိုပြောပြပေးသွားပါမယ်

Boho  Style ဆိုတာသည် Bohemian လူမျိုးစုတွေနဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ သိသိသာသာထွန်းကားလာတဲ့ hippie လူမျိုးတွေရဲ့ အနွယ်ဝင်ဖြစ်ပါတယ်။ ၁၉၆၀ တော်လှန်ရေးခေတ် မှာ hippie တွေရဲ့တော်လှန်ရေးလည်းပါဝင်တာမို့ ၄င်းနှစ်တွေမှာ Boho style ဟာအင်မတန်ရေပန်းစားခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ UK မှာ Sienna Miller နဲ့ Kate Moss၊ US မှာ Mary Kate Olsen တို့ကြောင့် Boho Chic Style ဟာတစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။

Boho style identity ရှိတဲ့ brand အချို့ကို luxury, premium နဲ့ mass market ဆိုပြီးတော့ (၃)မျိုးခွဲပြီး စာဖတ်သူတို့ လေ့လာနိုင်အောင်အောက်မှာ link လေးတွေထည့်ပေးထားပါတယ်။

  • Floral အဆင်တွေ၊ ကောက်ရိုးနဲ့ လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ တက်တင်းဇာတွေ၊ dream catcher တွေ၊ လည်ရှည်ဖိနပ်တွေ၊ ပွယောင်းယောင်းသဏ္ဍာန်အိတ်တွေ၊ ပုတီးစေ့တွေ ဇာပန်းထိုးတွေ၊ တောက်ပတဲ့ အရောင်တွေ စတဲ့ အရာတွေနဲ့ ဖော်ကျူးထားတဲ့ boho fashion ကို မြန်မာပြည်အနေအထား နဲ့ သင့်တင့်လျောက်ပတ်အောင်လိုက်ဝတ်နိုင်ဖို့ body type အပေါ်လိုက်ပြီး ဝတ်စုံအတွဲအစပ်တွေကိုအောက်မှာပြထားပါတယ်။

စာဖတ်သူတို့ မြင်သာအောင် Boho Style Characteristics တွေကို အောက်မှာပုံလေးတွေနဲ့ ပြထားပါတယ်။

Boho style ကိုတခြားသော style အမျိုးမျိုးနဲ့ တွဲစပ်ပြီး classic boho ၊ boho sexy ၊ boho rock ၊ boho chic ၊ boho street style စသဖြင့် mix & match လုပ်ပြီး ဝတ်ဆင်လို့ရပါသေးတယ်။ mix & match လုပ်တဲ့နေရာမှာ သုံးဖို့ အဓိက လိုအပ်တဲ့ boho sense ရစေတဲ့ materials တွေကို ဖော်ပြပေးလိုက်ပါတယ်။

Luxury brands (high fashion)

  • Zimmermann & Etro 
https://www.zimmermannwear.com/hk/

Premium brands

  • My sleeping gipsy & Cleobella
https://mysleepinggypsy.com/shop

Mass market brands

  • Boho beach hut & Bohemian Earth

 Rectangle body type (Normal ခန္ဓာကိုယ်) အတွက် accessory လေးတွေသုံးပြထားပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ 2 layers Boho Chic ပုံစံလေးတွဲပြထားပါတယ်

Inverted triangle body type (ပခုံးကတင်ပါးထက်ကျယ်သော ခန္ဓာကိုယ်) အတွက်ကိုတော့ neutral color လေးတွေပဲသုံးပြီး ဝတ်စုံမှာ chic sense ပိုများပြီး accessories တွေမှာပဲ boho taste ကိုထည့်သုံးထားပါတယ်။

Triangle body shape (ပခုံးထက်တင်ပါးပိုကားသောခန္ဓာကိုယ်) အတွက်ကိုတော့ boho street style လေးလုပ်ထားပါတယ်။

Apple body type(ရင်ကြီးပြီး belly ရှိသောခန္ဓာကိုယ်) အတွက်ကိုတော့ camouflage ပါတဲ့ အဆင်ကိုသုံးပြီး minimalistic boho style လေး လုပ်ပေးထားပါတယ်။

Hourglass body type(သဲနာရီသဏ္ဍာန် ခန္ဓာကိုယ်) အတွက်ကိုတော့ ရိုးရိုးရှင်းရှင်းနဲ့ romance boho style လေးတွဲပေးထားပါတယ်။

Boho style နဲ့ပတ်သက်ပြီး ပြောပြပေးခဲ့တာကို ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အဆုံးထိဖတ်ကြည့်ပေးတဲ့ အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။

References 

WRITTEN BY YAWAI HTOO MYAT (23.9.2020)

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes