Site Overlay

Gwen Stefani’s Nostalgic “Let Me Reintroduce Myself”

2021 January 1 မှာ New Year နဲ့အတူ Gwen Stefeni ရဲ့သီချင်းသစ်လေးဖြစ်တဲ့ “Let Me Reintroduce Myself” ရဲ့ Music Video လေးကို စတင်တင်ဆက်ခဲ့ပါတယ်။ The Voice Varity Program ရဲ့ Coach တစ်ယောက်ဖြစ်တဲ့ သုံးထပ်ကွမ်း Grammy Award ဆုရှင် Stefani ဟာဒီနှစ်ဆိုရင် ၂၀၂၁မှာ အသက်(၅၁)ရှိပါပြီ။ ဒီသီချင်းလေးကို သူမရဲ့လျှောက်လှမ်းခဲ့တဲ့အနုပညာလမ်းကြောင်းက Pop Track တွေကနေ Inspire ယူပြီး Ross Golan, Luke Niccoli စတဲ့သီချင်းရေးဆရာတွေနဲ့အတူ Gwen Stefani ကိုယ်တိုင်ပါဝင်ရေးစပ်ခဲ့တာဖြစ်ပါတယ်။ Stefani က I’M Still The Original Me, FEEL THAT ENERGY ! Now, Until …..Forever ဆိုတဲ့Conceptနဲ့ သီချင်းခေါင်းစဉ်လေးအတိုင်း ကိုယ့်ကိုယ်ကို အသစ်တဖန်ပြန်လည်မိတ်ဆက်ထားပြီး Positive Energy ကိုရစေတဲ့အပြင် Funny Sense လေးကိုလဲခံစားရစေမယ့် Media Platform မှာရေပန်းစားနေတဲ့ Billboard ရဲ့Trending သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

ဒီMusic Video လေးကို နာမည်ကျော်ဒါရိုက်တာ Philip Andelman ရိုက်ကူးခဲ့တာဖြစ်ပြီး ၁၉ရာစုနှစ် No Doubt Band ခေတ်ကနေ၂၁ရာစုအထိ လွန်ခဲ့တဲ့၂၅ နှစ်အတွင်း Stefani ရဲ့Music Video  တွေထဲက Iconic Looks တွေနဲ့အတူ သီချင်းလေးကိုမိတ်ဆက်ခဲ့ပါတယ်။ Gwen Stefani ဟာ ဖက်ရှင်လောကမှာ 90s ကနေ ယနေ့အထိ Trend setter တစ်ယောက်အဖြစ်ထင်ရှားခဲ့တယ်ဆိုတာ သူမရဲ့ Stage Outfits တွေ၊ Red Carpet Outfits တွေသာမက Paparazzi outfits တွေကလဲသက်သေပြနေပါတယ်။ ဒီ Music Video လေးမှာ Artist ရဲ့ထင်ရှားခဲ့တဲ့ Iconic Looks တွေကိုအသုံးပြုပြီး Music နဲ့ Visual ကိုဆက်စပ်ရိုက်ကူးထားတာဟာ ဒီသီချင်းရဲ့အဓိပ္ပါယ်ကို ပေါ်လွင်စေတာတွေ့ရပါတယ်။ “LET ME REINTRODUCE MYSELF” ဆိုတဲ့ခေါင်းစဉ်လေးအတိုင်း Stefani ရဲ့အရင်တုန်းကဖက်ရှင်စတိုင်တွေကိုပါ ပြန်လည်မိတ်ဆက်လိုက်တဲ့ Music Video လို့ခံစားရပါတယ်။ ရှုစားကြည့်လိုက်ကြရအောင်နော်…

Gwen Stefani ရဲ့အနုပညာခရီးဟာ No Doubt Band ကနေစတင်ခဲ့တာပါ။ ဒီဗွီဒီယိုလေးထဲမှာ No Doubt Look တွေသာမက မှတ်တမ်းဝင်ခဲ့တဲ့ Red Carpet Look တွေ ၊ အရင် Music Vedio တွေထဲက Costume Look တွေကို Fashion Stylist က ပြန်လည်ဆန်းသစ်ထားတာတွေ့ရပါတယ်။ Fashion Stylist & Costume Designer တစ်ယောက်ဖြစ်တဲ့ Rob Zangardi က သီချင်းဟောင်းတွေရဲ့ Gwen’s Iconic Looks 18မျိုးကို ဒီ Music Vedio လေးမှာCostume ဝတ်စုံတွေအဖြစ် Recreation ပြုလုပ်ထားပါတယ်။ Stefani ကရာစုနှစ်သုံးခုရဲ့ Iconic Outfits, Hair Styles, Makeup Looks တွေကို ပြန်လည်မိတ်ဆက်ထားပြီး “Not a come back, I’m recycling me , I’m still original” လို့ ကြွေးကျော်ထားခဲ့တယ်။ 

  Are you ready to revisit every era of Gwen Stefani?  

THIS IS THE ONLY ZOOM CALL  SHOWING UP FOR IN 2021

ဒီဝတ်စုံလေးကတော့ Music Video လေးရဲ့ Cover Story အတွက် Fashion Stylist Rob Zangardi ဖန်တီးပေးထားတဲ့ Gwen Stefani ရဲ့ 2021 Brand New Style လေးဘဲဖြစ်ပါတယ်။ Black Lace Bra ,Tassels , Cut Off Blue Denim , Fishnet , Ribbon Choker တို့နဲ့တွဲဖက်ပြီး ဝတ်ဆင်ထားဟာစတိုင်ကျလှပြီး Flannel Plaid Tassel Jacket နဲ့ ရွှေရောင်ဆံပင်တို့ ကလဲ Stefani ရဲ့ Punk-Rock Style ကိုပိုမိုပေါ်လွင်စေတယ်လို့ထင်မိပါတယ်။

Music Video ရဲ့အစမှာတော့ 2021 ခုနှစ်ရဲ့ Brand New Style Look လေးနဲ့ Stefani ရဲ့ အစောဆုံး Music Video “JUST A GIRL” ရဲ့ Iconic Look လေးနဲ့ ချိတ်ဆက်ပြီး အစပြုထားပါတယ်။ ဒီ Look ဟာ Gwen Stefani Style လို့ထင်ရှားခဲ့တဲ့ Iconic Look ဖြစ်ပါတယ်။

HER “JUST A GIRL” OUTFIT FROM THE 1995 HIT

Music Video “Just a Girl”ဟာ No Doubt Band ရဲ့1995 ခုနှစ်က ရိုက်ကူးခဲ့တဲ့သီချင်းတစ်ပုဒ်ပါ။ White Crop top , Side-striped Blue Track Pants , Canvas Belts တို့ကိုပြန်လည်ဆန်းသစ်အောင်ဝတ်ဆင်ထားပြီး Blonde Pony Tail နဲ့နုတ်ခမ်းနီအနီရောင် Look တို့တွဲဖက်လိုက်တော့ လွန်ခဲ့တဲ့၂၅နှစ်က Stefani ကိုပြန်တွေ့ရသလိုခံစားမိပါတယ်။ Stefani နဲ့ Fiancé  Blake Shelton တို့ရဲ့ချစ်သက်သေအနေနဲ့ “Stefani & Shelton”ဆိုတဲ့စာလုံးလေးကို ဆွဲကြိုးလေးမှာထည့်သွင်းမိတ်ဆက်ထားပါတယ်။

THE 1996 “DON’T SPEAK” MUSIC VIDEO LoOK

ဒီဝတ်စုံလေးဟာဆိုရင် Don’t Speak Dress ဆိုပြီး တစ်ချိန်က ခေတ်စားခဲ့တဲ့ Polka Dot Black Dress ဝတ်စုံလေးဖြစ်ပြီး 90s Gwen Stefani Look လေးကို ပြန်လည်ဝတ်ဆင် ထားတာပဲဖြစ်ပါတယ်။

THE AMAZING BLUE HAIR AND MAKE UP LOOK !!!
SHE ROCKED AT THE 1998 MTV VIDEO MUSIC AWARDS

Music Video ထဲမှာ Costume Fashion အဖြစ် တစ်ချိန်က Iconic Look ဖြစ်ခဲ့တဲ့ ၁၉၉၈ခုနှစ်ရဲ့Red Carpet ဝတ်စုံ , အပြာရောင်ဆံပင်စတိုင် နဲ့ Glamorous Make up Look  တို့ကို ပြန်လည်ပြီး Recreation ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ Reintroduce ပြုလုပ်လိုက်တဲ့ 2021 Stefani ရဲ့Style ဟာFeminine Look ကိုပိုမိုဖော်ကျူးနေတာတွေ့ရပါတယ်။

PINK HAIR AND BRACES LOOK FROM VOUGE FASHION AWARDS in 1999

အသက်၃၀ တုန်းက VOUGE FASHION AWARDS မှာဝတ်ခဲ့တဲ့ PINK HAIR AND BRACES LOOK Red Carpet ဝတ်စုံလေးအတိုင်း ပြန်လည် ဆန်းသစ်ပြီး ဝတ်ဆင်ထားတာပါ။ မတူတာတော့ Brace မတတ်ရတော့တာပါဘဲ။ Stefani ပြောတဲ့အတိုင်း Original Look ကလေးပေါ့။

THE BRIGHT PINK BRAIDS LOOK FROM THE “EX-GIRLFRIEND” MUSIC VIDEO

၂၀၀၀ခုနှစ်တုန်းက Stefani ရဲ့ Punk Rock Fashion Style ကို ပန်းရောင်ကြက်ဆံမြှီး Look နဲ့ပြန်လည်မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။

BIKINI TOP LOOK FROM HER APPEARANCE ON EVE’S “LET ME BLOW YOUR MIND“ MUSIC VIDEO

2001 ခုနှစ်က American Rapper EVE နဲ့အတူရိုက်ကူးခဲ့တဲ့ “LET ME BLOW YOUR MIND“ MUSIC VIDEO ထဲက Striped Bikini  Bra Top နဲ့ ဦးထုပ် တို့ ပြန်လည်ဝတ်ဆင်ထားတာဖြစ်ပြီး ဒီ Look လေးဟာ Stefani Style Iconic Look လို့နာမည်ကြီးခဲ့ပါတယ်။

THE “HOLLABACK GIRL” MUSIC VIDEO LOOK

“HOLLABACK GIRL” Music Video လေးကတော့ Hip Hop Dance သီချင်းလေးကို ရိုက်ကူးထားတာ ဖြစ်ပြီး Hip Hop Style Look လေးကိုပြန်လည်ဆန်းသစ်အောင်ဝတ်ဆင်ထားတာတွေ့ရပါတယ်။ 

ONE OF HER MANY “RICH GIRL” MUSIC VIDEO LOOKS

ဒီ Costume လေးကတော့ Japanese-Inspired outfit လေးတစ်စုံဘဲဖြစ်ပြီး ၂၀၀၄ခုနှစ်က Music Video “Rich Girl” ထဲက Iconic Look လေးတစ်ခုဘဲဖြစ်ပါတယ်။ Rob Zangardi က Hair Style , Make Up Look ,Outfit Look တွေကို ဆန်းသစ်အောင်ပြန်လည်ဖန်တီးထားခဲ့တာဖြစ်ပါတယ်။ ချယ်ရီပန်းတွေနောက်ခံထားတဲ့ sence လေးမှာဆိုရင် Stefani ရဲ့ Feminine Look ကိုအပြည့်အဝခံစားရတဲ့အပြင် Sexy Sense ကိုလည်းရစေတယ်လို့ခံစားရတယ်။ Harajuku Girls တွေရဲ့ Japanese Culture Style Look ကိုလည်းတွေ့မြင်ရပါတယ်။

HER BLONDE BOB AND WHITE SUNGLASSES LOOK FROM THE “WIND IT UP” MUSIC VIDEO

2006 ခုနှစ်ကStefani ရဲ့ iconic Look တစ်ခုဖြစ်တဲ့ BLONDE BOB HAIR STYLE ကို Louis Vuitton white Bindi sunglasses လေးနဲ့တွဲဖက်ပြီး “”WIND IT UP” MUSIC VIDEO” ထဲကအတိုင်း ပြန်လည်ဝတ်ဆင်ထားခဲ့ပါတယ်။

THE “GONE COUNTRY” SKIT FROM THE TONIGHT SHOW WITH JIMMY FALLON

 “Gone Country” Album လေးရဲ့သီချင်းတွေဟာ သူမရဲ့ Fiancé  Blake Shelton ကို Inspire ယူပြီးရေးစပ်ထားတာဖြစ်တယ်။ ဒီ Album အတွက် Varity Program တစ်ခုဖြစ်တဲ့ “The Tonight Show” မှာတက်ရောက်စဉ်က ဝတ်ခဲ့တဲ့ဝတ်စုံလေးကို ပြန်လည်ဝတ်ဆင်ထားတာပဲ ဖြစ်ပါတယ်။ Stefaniအတွက်တော့ အဓိပ္ပာယ်ရှိတဲ့ဝတ်စုံလေးဘဲပေါ့။

THE BLAKE SHELTON ENGAGEMENT ANNOUNCEMENT POST LOOK

ဒီဝတ်စုံလေးကတော့ မနှစ်က Stefani နဲ့ Fiancé  Blake Shelton တို့စေ့စပ်တဲ့ Announcement Day Post မှာဝတ်ဆင်ခဲ့တဲ့ဝတ်စုံလေးကို ပြန်လည်ဝတ်ဆင်ထားတာပဲ ဖြစ်ပါတယ်။ Hight Light ကတော့ စေ့စပ်လက်စွပ်လေးကိုပြချင်တာပါ။

ဒီသီချင်းလေးဟာ Pop Track သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး သီချင်းစာသားထဲကအတိုင်း Gwen Stefani ဟာ စာအုပ်စင်တစ်ခုပေါ်ကမှတ်တမ်းတစ်ခုမျှသာမဟုတ်ပါ။ Stefani ဟာ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်သလို Fashion Evolution တွေပြုလုပ်ခဲ့တဲ့ Trend Setter တစ်ယောက်လဲဖြစ်ပါတယ်ဆိုတာ ရာစုနှစ်သုံးခုကိုဖြတ်သန်းခဲ့တဲ့ Fashion Iconic Lookတွေ ကသက်သေပြနေပါတယ်။ “Let Me Reintroduce Myself” Music Video လေးမှာသီချင်းစာသားအဓိပ္ပါယ် ၊ Music and Visual ၊ Artist ရဲ့ Music Style သာမက ဖက်ရှင်စတိုင်တွေရဲ့ ဆက်စပ်ပုံတွေကို တင်ပြသွားတာစိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်မိပါတယ်။ နောက်အပတ်တွေမှာလဲစိတ်ဝင်ဖို့ကောင်းတဲ့ ဆောင်းပါးလေးတွေကိုထပ်မံတင်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်….

By Zar

Referencees:

https://www.harpersbazaar.com/celebrity/latest/a35110783/gwen-stefani-let-me-reintroduce-myself-video-outfits/
https://www.instagram.com/stories/highlights/17879655016898220/

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes