Site Overlay

Fendi Spring 2021 Ready to Wear Collection

ကျွန်ုပ်တို့ အခုလို အရာအားလုံးကို ခဏတာ ရပ်ဆိုင်းခဲ့ကြရတဲ့ အချိန်တွေမှာ လူတချို့ရဲ့ ခံစားချက်၊ အတွေးအမြင်တွေဟာ တစ်မျိုးမဟုတ် တစ်မျိုး ပြောင်းလဲလာကြတယ်။ တိတ်ဆိတ်ငြိမ်သက်နေရမှုနဲ့ အတူ အရင်က တခြားအရာတွေကြောင့် မမြင်နိုင်ခဲ့တဲ့အရာတွေကို မြင်လာ၊ခံစားနိုင်လာခဲ့ကြမယ်လို့ ထင်ပါတယ်။ မနက်ခင်းရဲ့ အေးစက်မှုနဲ့ နွေးထွေးမှု၊ လေတိုက်တဲ့ အခါ ဖြစ်လာတဲ့ သဘာဝရဲ့ ယိမ်းနွဲ့မှုတို့အပြင် ပြတင်းပေါက် လိုက်ကာကနေ ဖြာကျလာတဲ့ နေရောင်ခြည်ပုံရိပ်တွေက ကျွန်ုပ်တို့ကို ပျော်ရွှင်အေးချမ်းမှုတွေကို ယူဆောင်ပေးလာနိုင်ခဲ့တယ်။ စိုးရိမ်ပူပန်နေရတဲ့ ရင်ခွင်ကိုတောင် ခဏလောက် နွေးထွေးစေခဲ့မှာ အမှန်ပါပဲ။

ဒီလို ရသတွေကို Fendi ရဲ့ Creative Director “Silvia Venturini” က သူမရဲ့ Lockdown အချိန်အတွင်းမှာ ခံစားခွင့်ရခဲ့ပုံပါဘဲ။သူမရဲ့ Fendi Spring 2021 Ready to wear Collection ကို Guests 130 နဲ့အတူ တင်ဆက်ခဲ့ပါတယ်။”အခုလို အံ့ဩစရာကောင်တဲ့ အခိုက်အတန့်မှာ ဖက်ရှင်ကို အဝတ်အစားတွေနဲ့ပဲ ဖော်ပြဖို့ မသင့်တော်ဘူးလို့ ကျွန်မထင်တယ်။ ဖက်ရှင်နဲ့ ပတ်သတ်တဲ့ တန်ဖိုးတွေအကြောင်း ပြောဖို့ ပိုအရေးကြီးလိမ်မယ့်။ ငါ့အတွက်တော့ ငါ့မိသားစုမှာ ကြီးပြင်လာရခြင်းကပဲ ဖက်ရှင်ကို တကယ် အဓိပ္ပာယ်ပြည့်ဝတဲ့ အရာတစ်ခုဆိုတာ နားလည်ခဲ့တယ်” ဆိုပြီး Venturini က သူမရဲ့ Lockdown အချိန်ကာလက မိသားစုနဲ့ အတူတူကုန်ဆုံးရင် ပြန်လည်ရှာတွေခဲ့တဲ့ အရာတွေကို ပြောပြခဲ့ပါတယ်။ ဒီ Collection လေးကတစ်ဆင့် ရင်းနှီကျွမ်းဝင်မှု၊ နီးကပ်မှုနဲ့ စစ်မှန်မှုတွေကို ဖော်ပြနိုင်ခဲ့ပါတယ်။

ဒါ့အပြင် Collection ရဲ့ Look တစ်ခုချင်းစီကလဲ အသေးစိတ်ကျမှုနဲ့ သက်သောင့်သက်သာဖြစ်စေမှုတွေကို ခံစားရစေပါတယ်။ အီတလီလက်မှုအတတ်ပညာရဲ့ အသေးစိတ်ကျမှုတွေကို မိန်းမဆန်မှု၊စိတ်ကူယဉ်ဆန်မှုတွေနဲ့ အချိုးကျကျ ပေါင်းစပ်ခြင်းတို့ကြောင့် ပြင်းပြပြီး နှစ်လိုဖွယ်ကောင်းလှတဲ့ Spring လက်ရာအချို့ကို ယူဆောင်လာနိုင်ခဲ့ပါတယ်။

လီနင်၊ ချည်နဲ့ ပိုးအထည်တွေကို အရိပ်ကျနေတဲ့ ပုံရိပ်ဒီဇိုင်းတွေ ဖန်တီးပြီး အနုစိတ် နာဖားပေါက် ချည်ထိုးတန်ဆာဆင်မှုတွေနဲ့ ဂါဝန်တွေကို ဖန်တီးချုပ်ခဲ့ပါတယ်။ နွေးထွေးတဲ့ Minimalistic ရသကို အရိပ်ကျနေတဲ့ ပုံစံ Sheer ဒီဇိုင်းတွေနဲ့ ဖော်ပြပြီး သိုးမွေးထည်တွေနဲ့ နူးညံတဲ့ ရသကို ဖော်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီ collection ရဲ့ Accessories တွေကိုလဲ ချန်ထားခဲ့လို့ မရပြန်ပါဘူး။ Crochet အိတ်ဒီဇိုင်းမျိုးစုံနဲ့ ပြန်လည်သုံး ပလတ်စတစ် Bucket bags နဲ့ picnic baskets တွေက 2021 ရဲ့ ရေပန်းစား အသုံးအဆောင်တွေအနေနဲ့ တွေ့မြင်နေရပြန်ပါတယ်။

အဖြူရောင် လိုက်ကာတွေကြားက တီးလုံးသံစဉ်လေးနဲ့ Fashion Show လေးက တကယ့်ကို စိတ်အေးချမ်းစေပြီး အဓိပ္ပာယ်ပြည့်ဝနေမှုတွေကို ဖော်ပြပေးစွမ်းနိုင်ခဲ့ပါတယ်။ ရိုးရှင်းစွာနဲ့ ပေါ့ပါးမှုတွေ ချပြပြီး စစ်မှန်ကြော့မော့တဲ့ အလှတရားကို ပုံဖော်ပေးနိုင်ခဲ့တယ်။ အဲဒါကြောင့် ချစ်ရသူတွေနဲ့ အနီးကပ်ဆုံး နေထိုင်ပြီး တကယ့် ဘဝတန်ဖိုးနဲ့ သဘာဝ အလှတရားတွေကို တဖန်ပြန်လည်ခံစားကြည့်ဖို့ ဒီ collection လေးနဲ့အတူ အကြံပေးလိုက်ရပါတယ်။

By Yamin Inzali

References

https://www.fendi.com/gb/woman/highlights/spring-summer-2021
https://wwd.com/runway/spring-ready-to-wear-2021/milan/fendi/review/

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes