Site Overlay

Art And Fashion Crossover in DIOR LADY ART (Part 2)

 စာဖတ်သူများအားလုံးပဲမင်္ဂလာပါရှင်…

အရင်အပတ်က Christian Dior ရဲ့ Lady Dior bag လေးဟာ Timeless Accessory တစ်ခုအနေနဲ့ ဖက်ရှင်လောကမှာ ဘယ်လို ထင်ရှားလာခဲ့တယ်ဆိုတာ ပြောပြခဲ့ပြီးပါပြီ။ ဒီအပတ်မှာတော့ Creative Director Maria Grazia Chiuri ဦးဆောင်တဲ့ Artistic Team က Fashion House ရဲ့အမွေအနှစ် Lady Dior Bag ရဲ့ Haute Couture အနှစ်သာရကို Artistic Version ကနေ Fashion Design အသွင် ဘယ်လိုအနုပညာလက်ရာတွေနဲ့ ပြန်လည်စိတ်ကူးပြီးဆန်းသစ်အောင်ပုံဖော်လာကြတာလဲဆိုတာတွေကိုဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ်။ First Dior Lady Art Collection လေးကိုတော့ ၂၀၁၆ခုနှစ်ဒီဇင်ဘာလတွင် မိုင်ရာမီကျွန်းမှာကျင်းပခဲ့တဲ့ Art Basel (နိုင်ငံပေါင်းစုံအနုပညာပြပွဲ) မှာ စတင်မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။

The Lady Dior bag gets some seriously cool updates !!!

Creative Director “Maria Grazia Chiuri”ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံအရပ်ရပ်က အနုပညာစိတ်ကူးစိတ်သန်းတွေနဲ့အတူ ပူးပေါင်းဖန်တီးခဲ့တဲ့ Christian Dior Fashion House ရဲ့ နှစ်ပေါင်း၂၀ကျော်ပြီဖြစ်တဲ့ “Lady Dior Bag” ရဲ့ အနုပညာလက်ရာမြောက်စွာအသွင်ပြောင်းလဲသွားပုံတွေကို စာဖတ်သူတို့လေ့လာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

 ဒီ Collection မှာ Mat Collishaw, Ian Davenport, Daniel Gordon, Chris Martin, Jason Martin, Matthew Porter and Marc Quinn စတဲ့ ဗြိတိန်နဲ့အမေရိကန်က (Artist) အနုပညာသည်(၇)ယောက်ကိုဖိတ်ခေါ်ပြီး Dior Fashion House နဲ့ပူးပေါင်းကာ အနုပညာရှင်တွေရဲ့ စိတ်ကူးအမျိုးမျိုးနဲ့ Design Recreationတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ Marc Quinn ရဲ့သစ်ခွပုံဆီဆေးပန်းချီ ၊ Jason Martin ရဲ့ Monochrome မက်တယ်လစ်ဆေးပန်းချီ ၊ Chris Martin ရဲ့  Frog Painting ၊ Matthew Porter ရဲ့ Flying Cars အစရှိတဲ့ သူတို့ရဲ့အထင်ကရ နာမည်ကျော် ပန်းချီကားတွေ ဒီဇိုင်းversionတွေနဲ့ Lady Dior Style Handbags တွေကို ပြန်လည်ဆန်းသစ်ပြီး အသက်သွင်းခဲ့ပါတယ်။

Dior Collaborates with Artist Matthew Porter

Matthew Porter ကတော့ အမေရိကန်နယူးယောက်မြို့အခြေစိုက် ဓာတ်ပုံပညာရှင် (Photographer) တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူရဲ့ရုပ်ရှင်ဆန်တဲ့ဓာတ်ပုံရိုက်ချက်တွေကြောင့်နာမည်ကြီးခဲ့တဲ့ Artist တစ်ယောက်ပဲဖြစ်ပါတယ်။   သူဖန်တီးလိုက်တဲ့အိတ်ကလေးကတော့ သူ့ရဲ့အထင်ကရနာမည်ကြီးဓာတ်ပုံ” “The Heights” ထဲက ကားပျံလေးနဲ့ ပထမကမ္ဘာစစ်ရဲ့ Naval Camoflage တို့ကို ပေါင်းစပ်ပြီးInspire ယူထားတာပဲဖြစ်ပါတယ်။ သူ့ရဲ့ ဓာတ်ပုံပညာနဲ့ ဂရပ်ဖစ်ပညာတို့ကို ပေါင်းစပ်ပြီး Classic Accessory Bag ရဲ့ဒီဇိုင်းအဖြစ် ပြောင်းလဲလိုက်တာ တွေ့ရပါတယ်။

Matthew Porter : American Photographer

  အဖြူအမဲကာလာကိုအနီရောင်Hueကာလာနဲ့တွဲဖက်ထားပြီးD.I.O.R စာလုံးနဲ့အတူ ဖြုတ်တပ်လို့ရတဲ့ ကြွေကားလေးကို Accessory အဖြစ် အသုံးပြုထားပါတယ်။တောက်ပတဲ့အဖြူရောင် Calfskin (နွားသားရေ) ၊ အမဲရောင်ကတ္တီပါ နဲ့အတူ အနီရောင် လက်ကိုင်တို့ကို ပေါင်းစပ်ထားပြီး Lady Dior Bag ရဲ့အသွင်ကို ဒီဇိုင်းအသစ်နဲ့အသွင်ဆန်းသွားစေတာတွေ့ရတယ်။

Dior Lady Art by Matthew Porter

Dior Collaborates with Artist Daniel Gordon

Daniel Gordon က အမေရိကန်နယူးယောက်မြို့အခြေစိုက် ဓာတ်ပုံပညာရှင် (Photographer) တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ ပုံနှိပ်ထားတဲ့ Digital ပုံတွေကို ဖြတ်ညှပ်ကပ်ပြန်လည်ပေါင်းစပ်ပြီး 3D Perspective View ဓာတ်ပုံတွေအဖြစ် ဖန်တီးထားတဲ့ ဓာတ်ပုံစီးရီးတွေနဲ့ နာမည်ကြီးတဲ့ Artist တစ်ယောက်ပဲဖြစ်ပါတယ်။  

Daniel Gordon : American Photographer

သူဖန်တီးလိုက်တဲ့အိတ်ကလေးကတော့ Graphic Line တွေကိုပေါင်းစပ်ပြီး ပုံနှိပ်ထားတဲ့အသွင် ဖန်တီးထားတာ တွေ့ရပါတယ်။ အိတ်တွေမှာ Fur material နဲ့ Inlay Techniqueလို့ခေါ်တဲ့ မျက်နှာပြင်ကိုမညီညာအောင်အလှဆင်တဲ့နည်းစနစ်ကို အသံပြုပြီးဖန်တီးထားတာတွေ့ရပါတယ်။ Black and White Monochromatic Color Scheme ကိုသုံးထားပြီး D.I.O.R စာလုံးပေါင်းAccessory ကိုတော့ တောက်ပတဲ့ Hue color Leather နဲ့ပြုလုပ်ထားပါတယ်။ စာလုံးအရွယ်ကိုတော့ မတူညီအောင် ဖန်တီးထားတာ တွေ့ရတယ်။

Dior Collaborates with Artist Jason Martin

Jason Martin ကတော့ ပန်းချီစုတ်ချက်ကိုပန်းပုအသွင်ပေါ်စေတဲ့ monochromatic Abstract ဆီဆေးပန်းချီကားတွေနဲ့ ကျော်ကြားတဲ့ ဗြိတိန်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ Dior Lady Art Design ကို သူ့ရဲ့ပန်းချီကားတွေထဲကမျက်နှာပြင်တွေအတိုင်း ဆေးသုတ်ထားတဲ့စုတ်ချက်ဒီဇိုင်း တွေနဲ့ Sequins တွေကိုပေါင်းစပ်ပြီးဖန်တီးခဲ့ပါတယ်။ အရောင်တွေကိုပါ ဆီဆေးပန်းချီတွေရဲ့ အရောင်အတိုင်း Metallic Gold Rose ၊ ရွှေရောင်၊ငွေရောင်၊အနက်ရောင်တို့နဲ့ Lady Dior Bag ရဲ့ Haute Couture အသွင်ကိုထည်ဝါအောင်ဖန်တီးထားတာတွေ့ရပါတယ်။

Jason Martin : British Artist
Jason Martin’s Creative Process Video

Dior Collaborates with Artist  Marc Quinn

Marc Quinn : British Contemporary Visual Artist

Marc Quinn ဟာ ဗြိတိန်နိုင်ငံအခြေစိုက် Sculpture, Installation,Painting စတဲ့အပိုင်းတွေမှာထင်ရှားကျော်ကြားတဲ့ Visual Artist တစ်ဦးဖြစ်ပါတယ်။

  ဒီ Collection လေးမှာ Marc ရဲ့ Original Oil Paintings တွေရဲ့ပုံရိပ်တွေကိုတွေ့ရှိရပါတယ်။ Lady Dior Art Project အတွက် Marcက သူ့ရဲ့အနုပညာလက်ရာမြောက်တဲ့ အထင်ကရဆီဆေးပန်းချီကား စီးရီးသုံးမျိုးကနေ Inspire ယူပြီး Dior’s signature Handbag စီးရီးသုံးမျိုးကို လှပစွာဖန်တီးခဲ့ပါတယ်။ သူ့ရဲ့Creative Process Vedio လေးကိုကြည့်ရင်းနဲ့ သူ့ရဲ့ဖန်တီးမှုလေးတွေကိုလေ့လာလိုက်ကြရအောင်နော်။ 

Marc Quinn’s Creative Process Video

 Lady Dior ‘Fossil Record’ bag မှာတော့ Marc Quinn ရဲ့ Fossil Record စီးရီးထဲက ‘The Age Of Aluminium’ဆိုတဲ့ ဆီဆေးပန်းချီကနေ Inspire ယူထားပြီး ငွေရောင်သားရေနဲ့ ဖုံးအုပ်ထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းသစ်ခွပန်းဒီဇိုင်းရဲ့အလှကို ရင်သပ်ရှုမောဖွယ်ရာ တွေ့ရပြန်တယ်။ Marc က သဘာဝကိုထိန်းသိမ်းဖို့ ရည်ရွယ်ပြီး ‘Flowers Forever’ ဆိုတဲ့အဓိပ္ပါယ်နဲ့ဖန်တီးထားတာပဲဖြစ်ပါတယ်။

“In The Night Garden” Dior Lady Bag ကို ထူးခြားပြီး ဒဏ္ဍာရီဆန်ဆန် အရောင်အသွေးစုံလင်လှတဲ့ “In The Night Garden” စီးရီးထဲက သစ်ခွပန်းဆီဆေးပန်းချီတွေနဲ့ သဘာဝရဲ့နူးညံ့တဲ့အလှနဲ့ အနုပညာလက်ရာမြောက်စွာ အသက်ဝင်အောင် ဖန်တီးထားတာတွေ့ရတယ်။ ဒီ အိတ်လေးတွေမှာတော့ သဘာဝကပေးတဲ့ Fantasy ဆိုတဲ့ခံစားချက်ကို ရစေချင်တာလို့ Marc ကဆိုပါတယ်။

နောက်ဆုံးဖန်တီးထားတဲ့ Lady Dior Bag ရဲ့ ဒီဇိုင်းကတော့ ‘We Share Our Chemistry with the Stars’ ဆိုတဲ့ စီးရီးထဲက ‘The Bright Blue Iris Of An Eye’ဆိုတဲ့ ဆီဆေးပန်းချီရဲ့ပုံရီပ်ကို အသုံးပြုပြီးဖန်တီးထားတာတွေ့ရတယ်။ ‘Iris’ဆိုတဲ့အင်္ဂလိပ်ဝေါဟာရဟာ ‘သက်တံ့”ဆိုတဲ့ ဂရိစကားလုံးကနေဆင်းသက်လာတာဖြစ်ပြီး သူ့ရဲ့စီးရီးထဲကမတူညီတဲ့ ‘Iris’ မျက်လုံးတွေရဲ့အရောင်တွေကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်စရိုက်တွေကို အထူးဖော်ပြတာပြဖြစ်တယ်လို့ Marc က သူ့ရဲ့အတွေးကို ရှင်းပြခဲ့ပါတယ်။

Dior Collaborates with Artist Mat Collishaw

British Visual Artist Mat Collishaw

Mat Collishaw ဟာ လန်ဒန်မြို့နေ ဗြိတိန်နိုင်ငံအခြေစိုက် Sculpture, Installation, Phorograph စတဲ့အပိုင်းတွေမှာထင်ရှားကျော်ကြားတဲ့ Visual Artist တစ်ဦးဖြစ်ပါတယ်။ ဒီ Project မှာ Collishaw က လိပ်ပြာတွေ ၊ ပိုးဖလံတွေရဲ့သဘာဝကို ရိုက်ကူးထားတဲ့ သူ့ရဲ့နာမည်ကျော် “Insecticides” ဓာတ်ပုံတွေကို ရွေးချယ်ခဲ့ပါတယ်။ ‘Leather bags, Clutches နဲ့ Silk Scarves’ တွေပေါ်မှာ အဝါရောင်လိပ်ပြာနဲ့အပြာရောင် လိပ်ပြာပုံတွေကို Texture Design တွေအဖြစ်ပုံနှိပ်ခဲ့တယ်။ ကတ္တီပါစပေါ်မှာ Texture Design တွေအဖြစ်ပုံနှိပ်တဲ့အခါ Dior ရဲ့နည်းပညာဟာသူ့ရဲ့ အနုပညာလက်ရာတွေကို အသက်ဝင်အောင်ဖန်တီးနိုင်ခဲ့တယ်လို့ ကျေနပ်စွာပြောကြားခဲ့တယ်။

Dior Collaborates with Artist Chris Martin

Chris Martin ကတော နယူးယောက်မြို့ Brooklyn အခြေစိုက် American Abstract Painter တစ်ယောက်ပဲဖြစ်ပါတယ်။ Lady Dior Art Collection အတွက် Chris က သူ့ရဲ့သမိုင်းဝင် နာမည်ကျော် ပန်းချီကားတွေဖြစ်တဲ့ “Paleocene Sunset” , “Chameleon” , “Frog 1” စတဲ့ oil Acrylic ပန်းချီကားတွေကနေ Inspire ယူပြီးဖန်တီးခဲ့ပါတယ်။ သူ့ရဲ့ပန်းချီကားတွေထဲကအတိုင်း Guilter တွေကိုအသုံးပြုပြီး Printed လုပ်ထားတဲ့ Lady Dior Bag ဟာ အလွန်လှပလှပါတယ်။

New York City-based artist Chris Martin

Dior Collaborates with Artist Ian Davenport

Ian Davenport ဟာ English Abstract Painter တစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့နာမည်ကြီးဆေးပန်းချီ Color fall  ရဲ့ Vertical Stripes ပုံစံနဲ့ ဖန်တီးထားတဲ့ Lady Dior Bag ကတော့ အမြင်အာရုံကိုဆွဲဆောင်စေပါတယ်။ Jewel Tones နဲ့ Rigid Lines တေွကနေ Inspire ရခဲ့တယ်လို့ဆိုပါတယ်။

Ian Davenport : British Artist
Ian Davenport’s Creative Process Video

 Lady Dior Bag ရဲ့ ကနဦးအစဟာလဲ Dior Fashion House ရဲ့ဖခင်ကြီးဖြစ်တဲ့ Designer Christian Dior ရဲ့ Art Work တစ်ခုဖြစ်ပြီး Fashion House က Craftsman တွေရဲ့လက်မှုပညာတွေနဲ့ ပူးပေါင်းဖန်တီးခဲ့တာပါ။  Dior Lady Art Project  မှာ ဓာတ်ပုံပညာရှင် ၊ ပန်းချီပန်းပုပညာရှင် စတဲ့ နယ်ပယ်အသီးသီးက အနုပညာရှင်တွေရဲ့ စိတ်ကူးယဉ်အတွေးပုံရိပ်တွေနဲ့ ထင်ရှားကျော်ကြားခဲ့တဲ့ပညာရှင်တွေရဲ့ ART WORK တွေကို Fashion House ရဲ့နည်းပညာတွေနဲ့ ပူးပေါင်းပြီး လက်တွေ့ကျကျဖန်တီးခဲ့ကြတယ်လို့ထင်မြင်မိပါတယ်။ ယနေ့ခေတ်မှာ မတူညီတဲ့အနုပညာဖန်တီးမှုတွေနဲ့ Classic Dior Lady Bag ရဲ့ ဝိဉာည်ကို အမွေအနှစ်တစ်ခုအဖြစ်အခုလိုထိန်းသိမ်းခဲ့ကြတာ အတုယူဖွယ်ကောင်းလှပါတယ် ။

   Dior Lady Art Project တွေကိုလေ့လာရင်းနဲ့ စာဖတ်သူတို့ မရင်းနှီးကြတဲ့ Artist တွေရဲ့ Art Work တွေကနေ ဗဟုသုတတွေအများကြီးရယူနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

By Zar

References:

http://portermatthew.blogspot.com/2016/12/lady-dior-bag.html
https://www.wmagazine.com/story/enter-dior-7-artists-take-on-the-iconic-lady-dior-bag/
https://www.vogue.fr/fashion-videos/fashion-story/playlist/dior-lady-art-seven-artists-reinvent-the-dior-lady-bag/1099
https://www.artspace.com/matthew_porter/lady-diors-signature-bag
https://cxainc.com/cxa-art/artist/matthew-porter/portfolio/27311/
http://www.danielgordonstudio.com/#
https://www.itsnicethat.com/articles/daniel-gordon-hand-select-and-invert-layer-251016
https://www.lensculture.com/articles/daniel-gordon-still-lifes-portraits-and-parts

2 thoughts on “Art And Fashion Crossover in DIOR LADY ART (Part 2)

  1. I have found very interesting your article.It’s pretty woirth
    enough for me. In myy view, if all website owners and bloggers made giod content as youu did,
    the web will be a lot more useful than ever before.

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes