Site Overlay

Kenzo x Kansai Yamamoto collection by Felipe Oliveira Baptista

အမြဲတမ်းဆိုသလို ကမ္ဘာကြီးကို အရောင်စုံလင်ကာ နေချင်စရာကောင်းအောင် လုပ်ဆောင်ပေးဖို့ လျာထားခြင်းခံရတဲ့ စာနာစိတ်ကို လက်ကိုင်ထားကြသော လူအနည်းစု ရှိကြပါတယ်။ ဂန္တာဝင် ဒီဇိုင်နာတွေ ဖြစ်ကြတဲ့ “Kenzo Takada” နဲ့ “Kansai Yamamoto” တို့ နှစ်ယောက်ဟာလဲ ထို လူနည်းစု ဆိုတဲ့ အထဲ အပါအဝင် လို့ ဆိုချင်မိပါတယ်။စိတ်မကောင်းစွာနဲ့ပဲ ဒီ အတောက်ပဆုံး ကြယ် ၂ ပွင့်ဟာ ဒီနှစ်ရဲ့ အစောပိုင်းမှာ ကြွေလွင့်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် Kenzo Brands ရဲ့ လက်ရှိ Creative Director Felipe Oliveria Baptista ဟာ သူတို့ နှစ်ဦးရဲ့ ဖန်တီးမှု အမွေအနှစ်တွေကို ဂုဏ်ပြရင်း “Kenzo x Kansai Yamamoto” ဆိုတဲ့ Collection လေးကို ပွဲထုတ်လာခဲ့ပါတယ်။ ဒီ collection လေးမှာ အမျိုးသမီးဝတ် အမျိုးအစား (၃၀)၊ ယောကျာ်းလေးဝတ် အမျိုးအစား (၂၅) မျိုးနဲ့ အသုံးဆောင် ပစ္စည်း ၂၂ မျိုးတို့ ပါဝင်ပြီး စျေးနှုန်း $125 မှ $1,270 အတွင်း ရှိပါတယ်။

1960s မှာ Kenzo Takada ဟာ Paris ဆီကို၊ 1970s မှာတော့ Kansai Yamamoto ဟာ London ဆီသို့ အသီးသီး အမိမြေ Japan မှ ထွက်ခွါကာ ဖက်ရှင်ကို တော်လှန် ပြောင်းလဲကာ တစ်ဖန် ဆန်းသစ်စေခဲ့ပါတယ်။Legendary Glam Rock အဆိုတော် David Bowie ရဲ့ အကျော်ကြားဆုံး Ziggy Stardust Costume အချို့ကို ဖန်တီးပေးခဲ့ သူဟာ Kansai Yamamoto ပဲဖြစ်ပါတယ်။ဒီဇိုင်နာ နှစ်ယောက်စလုံးဟာအဲဒီခေတ် အချိန်အခါရဲ့ ဖက်ရှင် နယ်ပယ်မှာ တကယ့်ကို ဆန်းသစ်အား ကောင်းလွန်းသူတွေလို့ ဆိုရလောက်အောင်ပါပဲ။အရှေ့ပိုင်းနဲ့ နောက်တိုင်း ဒီဇိုင်းလက္ခဏာတွေကို ပေါင်းစပ်ပြီး ဆန်းသစ်လှတဲ့ ပြဇာတ်လို Catwalk ပွဲတွေရဲ့ ရှေ့တန်းက ဦးဆောင်သူတွေပဲ ဖြစ်ပါတယ်။

Baptista ဟာ ဒီလို “Kenzo x Kansai Yamamoto” Collection ကို လုပ်ဆောင်ဖို့ မနှစ်ကတည်းက အကြံဉာဏ်ရရှိခဲတာပဲ ဖြစ်ပါတယ်။ဒီ ပရောဂျက် စတင်မလုပ်ခင်ကတည်းက သူတို့ နှစ်ဦးနဲ့ သဘောတူညီမှုကို သေချာရယူခဲ့ပြီး သူတို့နှစ်ဦးဟာလဲ ဒီ collaboration ကို လုပ်ဆောင်ဖို့ သဘောကျ နှစ်သက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ Collection လေးအတွက်ကို Yamamoto ရဲ့” Kenzo, Kansai, Felipe” ဆိုတဲ့ သီးသန့် Japanese လက်ရေးစာသားကိုတောင် ဖန်တီးပေးခဲ့ပြီး Baptista ဟာ ဒီ collection ထဲက အမဲရောင် shirt လေး နောက်ဘက်မှာ သုံးစွဲထားပြီး အဲဒီ Shirt လေးကတော့ သူအကြိုက်ဆုံးပါလို့ ပြောဆိုထားပါသေးတယ်။

“Kenzo x Kansai Yamamoto” Collection ဟာ တိရစ္ဆာန်တို့ရဲ့ ပုံရိပ် ပုံစံတို့အပေါ် ဒီဇိုင်းပညာရှင်တို့ရဲ့ မျှဝေ ရသခံစားမှုတို့ကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ Takada ဟာ ဘဝရဲ့ ကြမ်းတမ်းမှုတွေကို ဖော်ပြတဲ့ သူရဲ့ ပင်တိုင် ကျားအပြောက်တန်ဆာ ပန်းချီအလှကို နှစ်သက်ပြီး Yamamotoမှာတော့ သူရဲ့ စံပြ Pop-manga စတိုင်နဲ့ ဂန္တဝင်တိရစ္ဆာန်ပုံရိပ်တွေကို ပေါ်လွင်စေပါတယ်။ အဲဒါကြောင့် ဒီ collection ဟာ ကြောင်မျိုးဝင် တိရစ္ဆာန် ရုပ်ပုံမှ တစ်ဆင့် သူတို့ရဲ့ သဘာဝအပေါ် ထားရှိတဲ့ နက်ရှိုင်းသော မေတ္တာကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြသခဲ့တာပဲ ဖြစ်ပါတယ်။

Baptista ဟာ ဒီ collection နဲ့ ပတ်သတ်ပြီး “ဒါဟာ Kenzo နဲ့ Kansai နှစ်ယောက်လုံးက သူတို့ကို မှတ်မိနေစေဖို့ ဖြစ်လိမ့်မယ်၊ သူတို့ ဘဝ တစ်လျှောက်လုံး သူတို့ရဲ့ အလုပ်တွေက တစ်ဆင့် ပျော်ရွှင်မှုတွေကို ကမ္ဘာကြီးအတွက် အသက်သွင်းပေးခဲ့တာပဲ “ ဆိုကာ ပြောဆိုခဲ့ပါသေးတယ်။ ဟုတ်ပါတယ်။ ဒါဟာ ဖက်ရှင်နယ်ပယ်ကို ပိုမို မှန်မှန်ကန်ကန်နဲ့ တက်ကြွလာစေတဲ့ အားကောင်းလွန်းတဲ့ စိတ် ဝိညာဉ် နှစ်ခုကို ချီးကျူးဂုဏ်ပြခြင်းပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ သန်စွမ်းမှု ၊ အကောင်းမြင်မှုအပြင် ဖန်တီးနိုင်မှုတွေနဲ့အတူ ဒီ နယ်ပယ်ကို အသက်ဝင်လာစေခဲ့တာပဲ ဖြစ်ပါတယ်။ အကယ်လို့များ ဘဝဟာ၊ ကမ္ဘာဟာ ပျော်စရာတွေ မရှိတော့ရင် ဘယ်လိုဖြစ်နေတော့မှာပါလဲ..။

By Yamin Inzali

References

https://www.vogue.com/slideshow/kenzo-kansai-yamamoto-collaboration

https://www.euphoriazine.com/blog/2020/12/fashion-kenzo-kansai-yamamoto-collection/

https://www.lvmh.com/news-documents/news/kenzo-x-kansai-yamamoto-collection-by-felipe-oliveira-baptista-creative-director-of-kenzo-pays-tribute-to-incredible-pioneering-japanese-designers/

1 thought on “Kenzo x Kansai Yamamoto collection by Felipe Oliveira Baptista

  1. My husband and i have been now satisfied that Raymond could carry out his studies because of the precious recommendations he discovered when using the web pages. It’s not at all simplistic to simply happen to be giving out information and facts which usually other folks might have been trying to sell. And we also acknowledge we’ve got the blog owner to thank for that. The type of explanations you have made, the simple website navigation, the relationships your site make it easier to create – it is mostly overwhelming, and it’s leading our son in addition to the family understand this subject matter is entertaining, which is certainly highly serious. Thanks for all!

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes