Site Overlay

Ganit Goldstein ; Designer of Craft, Technology, Fashion & 3D Printing

ဖက်ရှင် ဒီဇိုင်နာ Ganit Goldstein ဟာ ဆိုရင်တော့ လက်မှုပညာနဲ့ နည်းပညာရဲ့ ပေါင်းစည်းမှုကြားက နယ်ပယ်ရပ်လေး အကြောင်းတွေကို စူးစမ်းလေ့လာမှုကြီးသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။သူမဟာ လက်ဝတ်ရတနာနဲ့ ဖက်ရှင်ပညာရပ်တွေကို သင်ယူခဲ့ပြီး “Bezalel Academy of Arts and Design” Jerusalem, Israel ကနေ Excellence Award ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူမဟာ အထည်အလိပ်၊ဖိနပ်နဲ့ ဖက်ရှင် လုပ်ငန်းတွေမှာ 3D Printings ဒီဇိုင်းတွေကို ပေါင်းစပ်ဖို့ နည်းလမ်းအသစ်တွေကိုလဲ ရှာဖွေ စူးစမ်းလျက် ရှိပါတယ်။ဂျပန်က “IKAT“ ရက်ကန်းနည်းပညာမှ တစ်ဆင့် ဖန််တီးခဲ့တဲ့ သူမရဲ့ Collection “Between The Layers“ဟာ ဆိုရင် လူအများရဲ့ အသိမှတ်ပြုမှု များစွာရရှိပြီး “Milan Design Week, New York Textile Month“, “Asian Art Museum” အစရှိတဲ့ ပြတိုက်တွေမှာ အထူးတလည် ပြသခြင်းခံခဲ့ရပါသေးတယ်။

ယခုမှာတော့ သူမဟာ ထပ်မံပြီး သူမရဲ့ “WeAreAble” လို့ ခေါ်ဆိုဆဲ့ 3D printed Collection ကို Virtual Reality ဖက်ရှင်ပြပွဲအဖြစ် ပြသခဲ့ပါတယ်။လက်ရှိ ဖက်ရှင်နယ်ပယ်ရဲ့ ထုတ်လုပ်ခြင်း နည်းလမ်းတွေကို စိန်ခေါ်ပြီး ပိုမိုသပ်ရပ်တဲ့ 3D Printing နည်းပညာကို အရောင်စုံလှပြီး ပန်းထိုးဖန်တီးထားသော ပုံစံတို့ကို ပေါင်းစပ်ကာ နစ်မြောသွားစေမယ့် ဆန်းသစ် တီထွင်မှုတွေကို ချပြခဲ့ပါတယ်။Goldsteinရဲ့ စီမံကိန်းဟာ ၃၆၀ ဒီဂရီ ခန္ဓာကိုယ် Scanner က ရရှိလာမယ့် အတိုင်းအတာ တွေကနေ လူပုံစံနဲ့ လုံးဝကို အံ့ဝင်ခွင်ကျ ဖြစ်စေမယ့် အော်ဒါချုပ်တွေကို အသေးစိတ်ချုပ်လုပ်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်မှုကမှ တစ်ဆင့် “Fast Fashion “နည်းပညာရရဲ့ အများအပြား ကုန်ထုတ်လုပ်မှုတွေကနေ သွေဖယ်လာနိုင်မှာပဲ ဖြစ်ပါတယ်။အဲဒါကြောင့် ဒီ “WeAreAble” collection လေးဟာ အတိတ်နဲ့ အနာဂတ်လို ဖြစ်နေတဲ့ လက်မှုပညာနဲ့ 3D နည်းပညာကို ပေါင်းစပ်ပြီး တမူထားခြားတဲ့ ရသကို ဖော်ပြပေးနိုင်မှာပဲ ဖြစ်ပါတယ်။

လို နည်းပညာအသစ်တွေနဲ့ ဖန်တီးဖို့ အတွက် Ganit Goldsteinဟာ တခြားသော 3D multicolor Printing, 3D Body Scanning အစရှိတဲ့ နည်းပညာရှင်တွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးယူခဲ့ပါတယ်။ဒါ့အပြင် လက်ရာ တစ်ခုချင်းစီတိုင်းအတွက် တိကျတဲ့ ပိတ်စတစ်ခုချင်းစီကို ပြုလုပ်ပြီး Zero waste Patterns သီအိုရီအတိုင်း ပိတ်စအထည်တွေ အလဟဿ မဆုံးရှုံးစေရအောင် ဒီ 3D printing ကို ကောင်းမွန်စွာ အသုံးချပြနိုင်ပါသေးတယ်။ဒီ collection လေးကို မူလအစမှာတော့ “wear it summit“ ပြပွဲမှာ ပြသဖို့ စီစဉ်ခဲ့ပေမဲ့ လက်ရှိ social distancing ဥပဒေကြောင့် သူမရဲ့ အကိုဖြစ်သူ Yoav Goldstein (senior Computer Vision & Gane Developer) နဲ့ တွဲဖက်ပြီး Realistic 360 ပြပွဲ အနေသို့ ပြောင်းလဲ ပြသခဲ့ပါတယ်။

Goldstein ဟာ ဒီလိုမျိုး အထူးအသေးစိတ် ပြုလုပ် ဖန်တီးပေးတဲ့ လမ်းစဉ်ကနေမှတစ်ဆင့် ဒီဇိုင်နာတွေဟာ ပိုမိုဖန်တီးဆန်သစ်လာနိုင်ပြီး တစ်ဖက်ကနေလဲ “Fast Fashion” နယ်ပယ်ကနေ လွတ်မြောက်ကာ ကမ္ဘာကြီးကို ထိခိုက်မှုမရှိဘဲ ဖက်ရှင်အပေါ် မွေ့လျော်လာနိုင်မယ်လို့ ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။

တကယ်ကို ကောင်းမွန်တဲ့ အတွေးအခေါ် ဆန်းသစ်မှုတွေနဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်တာကြောင့် စာဖတ်ပရိသတ်ကြီးအတွက် ဗဟုသုတရဖွယ် ရေးသားတင်ဆက်ပေးလိုက်ရပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့ ဆောင်ပါးလေးတွေနဲ့ ပြန်လာခဲ့ ဦးမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။

By Yamin Inzali

References

https://3dprint.com/247118/interview-with-ganit-goldstein-on-craft-technology-fashion-3d-printing/?fbclid=IwAR0TElaNNeV1Pd_Ecl3St0tybTJk-ENakGOOCZpPvlEK5d244lout45cEeUhttps://www.designboom.com/design/ganit-goldstein-3d-printing-embroidery-sustainable-custom-garments-10-30-2020/https://ganitgoldstein.com/weareable-kimono-collection

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes