Site Overlay

MOSCHINO: PUT ON A PUPPET SHOW (Spring Summer 2021)

Moschino ရဲ့ creative director ဖြစ်တဲ့ (Jeremy Scott) ကနွေဦးရာသီဒစ်ဂျစ်တယ်ဖက်ရှင်ပြပွဲမှာ ဆန်းသစ်တီထွင်မှုတစ်ခုကို ပြောင်းလဲခဲ့ပါတယ်။ အဓိကအချက်ကတော့ ဒီနှစ်အတွင်းမှာ cov-19 ကပ်ရောဂါကြောင့်လူစုလူဝေးမလုပ်နိုင်တာပါဘဲ။ ဒါကြောင့် နွေဦးရာသီရဲ့ဖက်ရှင်ပြပွဲကို ရုပ်သေးကြိုးဆွဲဖက်ရှင်ပြပွဲလေးအဖြစ် ဖန်တီးတင်ဆက်လိုက်ပါတယ်။ အရုပ်ကလေးများရဲ့ စိတ်ကူးယဉ်ကမ္ဘာနဲ့ Haute Couture Fashion ရဲ့ဂန္တဝင်မြောက်သော ဖက်ရှင်အနုပညာဖန်တီးမှုတို့ကို ပေါင်းစပ်ပြီး ဖက်ရှင်ကမ္ဘာ အသေးစားလေးကို ခံစားနိုင်အောင်ဖန်တီးထားပါတယ်လို့  “Scott”  ကဆိုခဲ့ပါတယ်။

ဒီစိတ်ကူးလေးကိုတော့ ဒုတိယကမ္ဘာစစ်အပြီးမှာ ပြင်သစ်ဒီဇိုင်နာများစတင်ဖန်တီးခဲ့တဲ့ “Théâtre de la Mode”ဆိုတဲ့ နေရာအနှံ့လှည့်လည်ပြသတဲ့ အရုပ်မော်ဒယ်နှင့် ဖက်ရှင်တင်ဆက်မှုကနေ inspire ရခဲ့တယ်လို့ Moschino ရဲ့ creative director ဖြစ်တဲ့ (Jeremy Scott) ကဆိုပါတယ်။ Haute Couture Fashion ရဲ့ဝိဉာဏ်ကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ လူပုံစံအရွယ် ရုပ်သေးကြိုးဆွဲရုပ်ကလေးများနဲ့ သူ့ရဲ့ဖက်ရှင်ဒီဇိုင်းတွေကို မီလန်ဖက်ရှင်ပြပွဲမှာ တင်ဆက်ပြသဖို့ စိတ်ကူးရခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီပွဲလေးကို Scott နဲ့ Jim Henson ရဲ့ creature shop တို့ ပူးပေါင်းဖန်တီးခဲ့တာဘဲ ဖြစ်ပါတယ်။ Jim Henson ရဲ့ Creature Shop ဟာနိုင်ငံတကာရုပ်ရှင်၊ ရုပ်မြင်သံကြားနှင့် ကြော်ငြာလုပ်ငန်းတွေမှာ ဒစ်ဂျစ်တယ်အမြင်အာရုံသက်ရောက်မှုတွေ၊ လော့စ်အိန်ဂျယ်လိစ်မြို့နဲ့ နယူးယောက်မြို့တို့မှာ နိုင်ငံတကာက ဂြိုဟ်တုဆိုင်ရာ စွမ်းဆောင်နိုင်မှုတွေကို အခြေခံပြီး ကမ္ဘာ့အကျော်ကြားဆုံးဇာတ်ကောင်အချို့ကို ဒီဇိုင်းဆွဲခြင်းနှင့်တည်ဆောက်ခြင်းတို့နဲ့လူသိများတဲ့ Team တစ်ခုပဲဖြစ်ပါတယ်။

SS21 ဒစ်ဂျစ်တယ်ဖက်ရှင်ပြပွဲလေးဟာဆိုရင် အီတလီ Luxuary brand တစ်ခုဖြစ်တဲ့ Moschino ရဲ့ဖက်ရှင်ပြပွဲတစ်ခုပင်မဟုတ်ဘဲ ဝတ်စုံဒီဇိုင်းနဲ့ ရုပ်သေးမော်ဒယ်တွေ အပြင် “Anna Wintour , Edwaed Enniful , Anna Dallo Russo” အစရှိတဲ့ နာမည်ကျော် ဧည့်သည်တော်ရုပ်သေးရုပ်များလဲပါဝင်ပါသေးတယ်။ ဒီဒစ်ဂျစ်တယ် ပြပွဲလေးကိုတော့ traditional salonတစ်ခုမှာရိုက်ကူးခဲ့ပြီး uber-kitschy နောက်ခံဒီဇိုင်းများနဲ့ တွဲဖက်တင်ဆက်ခဲ့ပါတယ်။ ခုံတွေ ၊ မီးဆိုင်းတွေကအစ ပုံစံတူ အသေးစားအရွယ်လေးတွေအဖြစ် ဖန်တီးထားခဲ့တာတွေ့ရပါတယ်။

Jim Henson ရဲ့ ရုပ်သေးမော်ဒယ်လေးများဟာဆိုရင် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို အချိုးချပြီး လက်မ၃၀အရွယ် ရုပ်သေးကြိုးဆွဲလေးတွေအဖြစ် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဖက်ရှင်ဝတ်စုံတွေမှာ ဇာပဝါပါးတွေ၊ feather အမွှေးတွေ၊ ဘရိုကိတ်အမျိုးအစား Fabric material တွေကိုအသုံးပြုထားတဲ့ A line gown dress ဂါဝန်တွေကို ပြင်ပမှ corset နဲ့ တွဲဖက်ဆင်မြန်းထားတာ တွေ့ရပါတယ်။ Biker coller တွေကိုလည်း ဖက်ရှင်ဒီဇိုင်းများအဖြစ် ထည့်သွင်းအသုံးပြုထားတဲ့အပြင် cocktail gown dress တွေကိုလည်း  soft color palette ထဲက (fairytale blues , pink , green and  gold) စရှိတဲ့အရောင်နုနုလေးတွေကို ဆင်ယင်ထားတာဟာ ရုပ်သေးရုပ်ကလေးတွေဟာ စိတ်ကူးယဉ်ပုံပြင်ထဲက မင်းသမီးလေးများပမာ ခံစားမိရပါတယ်။ SS21 Collection ရဲ့ ဖက်ရှင်ဒီဇိုင်းအမျိုးအစားပေါင်း ၄၀ ပါဝင်တဲ့ အဆင့်မြင့်ဂန္တဝင်မြောက် နွေဦးဖက်ရှင်ဒီဇိုင်းလေးများကို Moschino SS21 COLLECTION ထဲကပုံလေးတွေကို ကြည့်ရင်းခံစားကြည့်လိုက်ရအောင်နော်…

Written by Zar

Reference:

https://www.moschino.com/us_en/moschino/worldof/collections.html

https://www.wmagazine.com/story/moschino-puppet-show-marionettes/

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes