ဒီနေ့ ပြောပြပေးမယ့် အကြောင်းအရာလေးကတော့ စိတ်ပြေလက်ပျောက် ကြည်ရှုသင့်တဲ့ lifestyle YouTube channel လေး (၄) ခုအကြောင်းပဲဖြစ်ပါတယ်။ Covid 19 pandemic ကြောင့်အကုန်လုံးအိမ်ထဲမှာပဲနေနေရတော့ ဘယ်လိုမှ သက်တောင့်သက်သာမဖြစ်ဘူးဆိုတာကို လူတိုင်းခံစားမိကြမှာပါ။ အချို့သောလူငယ်တွေအနေနဲ့ လည်းကိုယ်သင်ယူချင်တဲ့ အရာတွေကို အရင် ကမ္ဘာကြီးကျန်းမာနေတုန်းက လွတ်လွတ်လပ်လပ်သင်ယူနိုင်ခဲ့ရက်သားနဲ့ အချိန်ဖြုန်းမိခဲ့တာတွေအတွက် အခုချိန်မှာ ဝမ်းနည်းနေမိမယ်ထင်ပါတယ်။ အခုချိန်မှာတော့ အရင်လို မဟုတ်လည်းကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို လေ့လာဖို့ လက်လှမ်းမှီသလောက်လုပ်ကြည့်ဖို့ ပြန်အာရုံစိုက်လာနေကြပါပြီ။ မိမိတို့ရဲ့ ကိုယ်ပိုင်ဝါသနာတေအတွက် အချိန်ပေးခြင်းဟာလည်း ဘယ်လောက်အရေးပါကြောင်း ကိုသိရှိလာကြပြီပဲဖြစ်ပါတယ်။
အဲ့ဒီအတွက်ဒီနေ့မှာတော့ ကိုယ့်ဝါသနာတွေ ကိုယ်နေထိုင်ရှင်သန်ချင်တဲ့ lifestyle ပုံစံလေးတွေကို ဘယ်သူတွေက ဘယ်လို တည်ဆောက်ကြလဲ ပျိုးထောင်ကြသလဲဆိုတာကို သိစေချင်တဲ့ အတွက် ဒီအကြောင်းအရာလေးကို တင်ဆက်ပေးတာပဲ ဖြစ်ပါတယ်။ ကဲအဲ့တာဆိုရင် ဘယ် you tube channel တွေဆီက ဘယ်လို inspire ရစရာအကြောင်းအရာ တွေ ပြောပြပေးနိုင်သလဲဆိုတာ သွား ကြည့်လိုက်ကြရအောင်။
ဒီ ပထမဆုံး YouTube channel လေးကတော့ painting နဲ့ဆိုင်တဲ့ video လေးတွေကို တင်ပေးတဲ့ အပြင် ဆန်းသစ်တဲ့ costume self make up video လေးတွေကိုလဲ ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် အနုပညာ၊ဖက်ရှင်၊အစရှိတဲ့ topic အမျိုးမျိုးကို သူ့ life style ပုံစံလေးနဲ့ calming အဖြစ်ဆုံး တင်ပေးထားတာကြောင့် inspire ဖြစ်စေပြီး relax ဖြစ်စေပါတယ်။
2. Jasmin lunar (https://www.youtube.com/channel/UChVDmN-AGaf29mMZmnROAhg)
နောက် YouTube channel လေးကတော့ Boho,Hippie အစရှိတဲ့ ငြိမ်းချမ်းပြီး လွတ်လပ်စွာ နေထိုင်တတ်တဲ့ lifestyle ပုံစံမျိုးလေးတွေကို ကြိုက်နှစ်သက်တဲ့ သူလေးတွေအတွက်ပဲ ဖြစ်ပါတယ်။ Boho/Hippie inspired ဖက်ရှင်လေးတွေ Hippie စတိုင် အခန်းအလှဆင်နည်းလေးနဲ့ handmade လုပ်နည်းလေးတွေ စတဲ့ အရာလေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဗဟုသုတရဖွယ် ကြည့်ရှုလို့ရပါတယ်။
3. Kimi (https://www.youtube.com/channel/UCip2Wb2oWTMVvCaVPherr3Q)
ဒီတစ်ခုကတော့ ကိုရီးယား You tube channel လေးတစ်ခုပဲ ဖြစ်ပါတယ်။ သူကတော့ သဘာဝနဲ့ အနီးစပ်ဆုံး နေထိုင်ပြီး ကိုရီးယား အစားအစာလေးတွေကို လတ်လတ်ဆက်ဆက် ချက်ပြတဲ့ ASMR video လေးတွေကို တင်ပေးတာပဲ ဖြစ်ပါတယ်။ ဟင်းချက်နည်းလေးတွေ တစ်ဆင့်ချင်စီ ပြပေးတာကြောင့် လိုက်ချက်စားနိုင်ပြီး ASMR အသံနဲ့ မြင်ကွင်းတွေကလဲ တကယ့်ကို သက်သောင့်သက်သာနဲ့ stress ပြေစေပြီး စိတ်ကျေနပ်စေတာကြောင့် အမှန်ကို ကြည့်ရှုသင့်ပါတယ်။
4. Alex Miotto (https://www.youtube.com/channel/UC6gYvlYONCHFzilvHlicYfQ)
နောက်ဆုံး YouTube channel လေးကတော့ သဘာဝ စွမ်းအင်တွေကို ချွေတာနေထိုင်တဲ့ sustainable နဲ့ minimalism lifestyle နည်းလမ်းလေးကို ဖော်ပြပေးတဲ့ channel လေးပဲ ဖြစ်ပါတယ်။ minimalism ဖက်ရှင်နဲ့ အခန်းအပြင်အဆင်လေးတွေ အပြင် sustainable ဖြစ်စေတဲ့ အဝတ်လျော်နည်းတွေ၊ အခု ခေတ်စားနေတဲ့ indoor plants ထိန်းသိမ်းနည်းလေးတွေကိုပါ sharing လုပ်ပေးတဲ့ channel ဖြစ်တာကြောင့် ကြည့်ရှုရင်းနဲ့ စိတ်အေးချမ်းမှုကို ရရှိစေတာပဲ ဖြစ်ပါတယ်။
အခုဆို you tube channel ၄ ခုလုံး အကြောင်းကိုလဲ ပြောပြပြီးသွားပြီးပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီ you tube channel လေးတွေကနေ စာဖတ်သူတို့ကို တစ်စိတ်တစ်ပိုင်းကနေပဲဖြစ်ဖြစ် inspire ဖြစ်စေမယ်လို့ ရည်ရွယ် မျှော်လင့်ရင် ဒီနေရာမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။ နောက်ထပ်နောက်ထပ်လဲ ပိုကောင်းတဲ့ အကြောင်းအရာတွေကို ပြောပြပေးသွားမှာမို စောင့်မျှော်ပေးကြပါဦးနော်။
By Yamin Inzali













Hi there, i read your blog from time to time and i own a similar one and i was just curious if you get a lot of spam remarks? If so how do you protect against it, any plugin or anything you can advise? I get so much lately it’s driving me insane so any help is very much appreciated.