Record of Youth; Park So Dam Look-book

ဒီနေ့မှာတော့ မကြာသေးခင်က ပြသခဲ့ တဲ့ “Record of Youth” ဇာတ်လမ်းလေးထဲက မင်းသမီး Park So Dam ရဲ့ Look-book လေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာ သူမဟာ အောင်မြင်တဲ့ မိတ်ကပ်အနပညာရှင် တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ တွေ့မြင်ရပါတယ်။ ကာရိုက်တာနဲ့ လိုက်ဖက်ညီစွာ သူမရဲ့ ဝတ်စုံလေးတွေက ရိုးရှင်းပြီး လူငယ်ဆန်တဲ့ စတိုင်လေးကို ဖော်ကြူးထားတာကို တွေ့မြင်ရပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျနိုင်ပြီး လူငယ်ဆန်တဲ့ စတိုင်လေးတွေ ဖြစ်တာကြောင့် မြန်မာက chic street -style ကို နှစ်သက်တဲ့ ကောင်မလေးတွေအတွက် ဒီ Look-book လေးကို တင်ဆက်ပေးလိုက်ရပါတယ်။

Blazer ကုတ်လေး တစ်ထည်ရယ် sneaker လေးတစ်ခုနဲ့တင် ရိုးရိုးရှင်းရှင်း street style လေးကို ချပြပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အမည်းရောင် ကုတ်အင်္ကျီနဲ့ အဖြူရောင် ရှပ်အင်္ကျီပေါင်းစပ်မှုလေးက ဘာမှ မထူးခြားနေပေမဲ့ ကုတ်အင်္ကျီရဲ့ အနောက်ဘက် ဒီဇိုင်းလေးကတော့ ဒီဝတ်စုံကို ထူးခြားပြည့်စုံစေခဲ့ပါတယ်။

အသားရောင်(neutral colour) လေးတွေကိုပဲ အသုံးပြုပြီး ဝတ်ဆင်ထားတဲ့ ဒီဝတ်စုံလေးကတော့ ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိနေခဲ့ပြန်ပါတယ်။

ပန်းရောင် အပေါ်ထပ် သိုမွေးအင်္ကျီ(wool cardigan) လေးကို ဂျင်းဘောင်းဘီနဲ့ Dr.Martens Boots လေးနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ လူငယ်ဆန်တဲ့ Grunge street-style လေးကို ရစေခဲ့တာပဲ ဖြစ်ပါတယ်။

အသားရောင် ခါးတို ကုတ်အင်္ကျီလေးနဲ့ ခါးအမြင့် အောက်ကား ဘောင်းဘီ(flare pants) လေးတို့က အရပ်ပိုရှည်စေပြီး စတိုင်ပိုကျစေခဲ့ပါတယ်။

ဒီနေ့ တင်ဆက်ပေးတဲ့ Record of youth စီးရီးလေး ထဲက Park So Dam ရဲ့ Look-book လေးကို အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီစီးရီးလေးထဲက ခေါင်းဆောင်မင်းသား Park Bo Gum ရဲ့ Look-book လေးကိုလဲ တင်ဆက်ပေးထားတဲ့အတွက် စိတ်ဝင်စားရင် ဒီ Link လေးထဲ http://arielthi.com/?p=2065 ဝင်ကြည့်နိုင်ပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့ Look-book လေးတွေနဲ့ လာခဲ့ဦးမှာမို့ စောင့်မျှော်ပေးကြပါဦး။

By Yamin Inzali

References

https://inkistyle.com/park-so-dam-record-of-youth-episode-1-4-kdrama-fashion/
https://www.instagram.com/kdrama_fashion/?hl=en

2 Comments

  1. Thanks for the publish. My spouse and i have generally observed that a majority of people are desperate to lose weight because they wish to show up slim along with attractive. On the other hand, they do not constantly realize that there are other benefits so that you can losing weight in addition. Doctors insist that obese people are afflicted by a variety of diseases that can be directly attributed to their excess weight. Fortunately that people who definitely are overweight in addition to suffering from diverse diseases are able to reduce the severity of their particular illnesses by way of losing weight. It is possible to see a constant but notable improvement in health whenever even a negligible amount of weight-loss is accomplished.

  2. Thanks for the helpful content. It is also my belief that mesothelioma cancer has an extremely long latency phase, which means that indication of the disease may not emerge until eventually 30 to 50 years after the preliminary exposure to mesothelioma. Pleural mesothelioma, that is the most common form and has an effect on the area round the lungs, may cause shortness of breath, torso pains, and also a persistent coughing, which may produce coughing up blood.

Leave a Comment

Your email address will not be published. Required fields are marked *