Site Overlay

Sophisticated Accessories For Men in 2020/2021

ဒီနေ့ ပြောပြပေးမယ့် အကြောင်းအရာလေးကတော့ ဖက်ရှင်ကျကျ ဝတ်ဆင်တတ်တဲ့ ယောကျာ်းလေးတွေအတွက် 2020 မှာ ရေပန်းအစားဆုံး fashion accessories လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဖက်ရှင်ဆိုတာ မိန်းကလေးအတွက်ပဲ ဆိုတဲ့ ခေါင်းစဉ်အောက်က ရုန်းထွက်ခဲ့ကြတာ ကြာလာခဲ့ပြီ ဖြစ်တာကြောင့် ယောကျာ်းလေးတွေလဲ ဖက်ရှင်ကျကျ ဝတ်ဆင်သင့်တဲ့ အကြောင်းကို အကျယ်တဝင့် မပြောတော့ပါဘူး။ ဖက်ရှင်ကျဖို့ ဆိုရင် စတိုင် ရှိရမယ် ဆိုသလို စတိုင်လုပ်ဖို့ အတွက်ဆို ကိုယ့်စတိုင်ကို အမွှန်းတင်ပေးမယ့် accessories တွေဟာ အလွန်ကို လိုအပ်လှပါတယ်။ အဲဒါကြောင့် အခု ၂၀၂၀ မှာ ယောကျာ်းလေးအတွက် ရေပန်းစားတဲ့ styling accessories တွေက ဘာတွေလဲ ဆိုတာ အတူတူ လေ့လာကြည့်ကြရအောင်။

Cross Body Bag

ဟုတ်ပါတယ်။ စာဖတ်သူတို့ ထင်သလို မိန်းကလေးတွေ လွယ်လေ့ရှိတဲ့ cross body bag လေးတွေပဲ ဖြစ်ပါတယ်။ “Jacquemus’s Chiquito for men” ဆိုပြီး mini crossbody အိတ်လေးတွေကိုယောကျာ်းလေးတွေအတွက်ပါ ထုတ်လုပ်လာပြီ ဆိုတဲ့ သတင်းဟာဆိုရင် ယောကျာ်းလေး ဖက်ရှင်လောကကို စိတ်လှုပ်ရှားဖွယ် ရိုက်ခတ်သွားစေခဲ့ပါတယ်။ Dior , Ambush နဲ့ MSGM အစရှိတဲ့ နာမည်ကြီး brand အများစုရဲ့ menswear Fall 2020/21 ဖက်ရှင်ရှိုးတွေမှာလဲ ဒီ cross body bag လေးတွေက အသီးသီး နေရာယူလာကြပါပြီ။

Patterned Silk Scarf

ပွင့်ရိုက် ပိုးပဝါလေးတွေဟာ အခု ၂၀၂၀ မှာ ရေပန်းအစားဆုံး ဖက်ရှင် accessoryလေး တစ်ခုပါပဲ။ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ပိုးပဝါလေး တစ်ခုကို လည်ပင်းမှာ စည်းထားမယ်ဆိုရင် သင့်ဝတ်စုံ စတိုင်ကို ပိုပြီး ဆွဲဆောင်မှု ရှိစေမှာပဲ ဖြစ်ပါတယ်။ ပဝါစည်းနည်းက အမျိုးမျိုးရှိတာမို့ စိတ်ဝင်စားရင် ဒီ link လေးထဲမှာ https://youtu.be/Nz5oaTLqa7c ဝင်ရောက်လေ့လာနိုင်ပါတယ်။

Chunky Boots

ဆောင်းရာသီကတော့ boots တွေနဲ့ ရှိုးထုတ်လို့ အကောင်းဆုံးရာသီပဲ ဖြစ်ပါတယ်။ တောက်ပြောင်တဲ့ အနက်ရောင် boots တွေဟာ ဒီနှစ် fall ရဲ့ အကြီးမားဆုံး trend တစ်ခုပါပဲ။ Prada ရဲ့ military ဖက်ရှင်စတိုင် ဒါမှမဟုတ် Fendi ရဲ့ အလွန်ထူတဲ့ ဖိနပ်ခုံတွေကြောင့် Grunge စတိုင် အငွေ့အသက်တွေ ပါဝင်နေတဲ့ UFO စတိုင် Boots ဖိနပ်တစ်ရံလောက်တော့ ယောကျာ်းလေးတိုင်းမှာ ရှိထားသင့်နေပါပြီ။

Purse Handbag

 2018မှာ Bum bag (ခါးပတ် ပိုက်ဆံအိတ်) တွေက အလွန် ရေပန်းစားလာခဲ့ပြီး ဒီနှစ်မှာတော့ လက်ကိုင်အိတ်တွေရဲ့ အချိန်ကို ရောက်လာခဲ့ပါပြီ။ Menswear ဖက်ရှင်ဟာ ဆိုရင် သမာရိုးကျ တောင့်တင်းပြီး ယောကျာ်းဆန်တဲ့ စတိုင်တွေကနေ သိမ်မွေ့ပြီး ဒွိလိင်ဖြစ်တဲ့ စတိုင်မျိုးတွေကို တဖြည်းဖြည် ကူးပြောင်လာခဲ့ပါတယ် အဲဒါကြောင့် ဒီနှစ်ရဲ့ လက်ကိုင်အိတ် ဒီဇိုင်းတွေမှာ နူးညံ့သေသပ်မှုတွေကို အတိုင်းသား တွေ့မြင်ရပြန်ပါတယ်။

Tie for Street-wears

ဒီနှစ်မှာတော့ နက်ကတိုင်တွေဟာ တစ်ဖန်ပြန်ပြီး ရေပန်းစားလာခဲ့ပါပြီ။ အနောက်တိုင်းဝတ်စုံတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ဒီနက်ကတိုင်တွေဟာ အခုဆိုရင် စတိုင် statement accessory တစ်ခု ဖြစ်လာခဲ့ပါတယ်။ အရောင်တောက်ပြီ အဆင်ဒီဇိုင်းဆန်းတွေနဲ့ နက်ကတိုင်တွေဟာ လူငယ်ဆန်တဲ့ street style ဖက်ရှင်တွေမှာ ပြန်လည် ရေပန်းစားလာခဲ့တာမို့ လက်လွှတ်မခံသင့်ပါဘူး။

အခုဆိုရင် ၂၀၂၀မှာ ရေပန်းစားနေတဲ့ menswear accessories တွေလဲ စုံသလောက်ရှိနေပြီမို့ နိဂုံးချုပ်ရဖို့ အချိန်ကို ရောက်လာပါပြီ။ အားလုံးပဲ ဒီနေ့ပြောပြပေးတဲ့ အကြောင်းအရာလေးကို ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောက်ထပ်ကောင်းမွန်တဲ့ အကြောင်းအရာလေးတွေနဲ့ ပြန်လာခဲ့ဦးမှာမို့ စောင့်မျှော်ပေးကြပါဉီးနော်။

By Yamin Inzali

References

https://www.vogue.fr/vogue-hommes-en/article/mens-fashion-trends-fall-winter-2020-2021

https://www.apetogentleman.com/mens-fashion-trends/

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes