ဒီနေ့မှာတော့ Plus Size Men တွေနဲ့ လိုက်ဖက်လှတဲ့ Casual Wear Outfits လေးတွေအကြောင်း ပြောပြချင်ပါတယ်။ ယခုလို ၂၁ ရာစုနှစ်ရောက်လာတဲ့ အခါမှာတော့ ပိန်မှ စတိုင်ကျနိုင်မယ် ဆိုတဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးတွေကို ဟို အဝေးမှာ ထားခဲ့လိုက်ပါတော့။ ပိန်တဲ့သူဆိုလဲ ပိန်တဲ့အတိုင်း ဝတဲ့သူဆိုလဲ ဝတဲ့ မိမိပုံစံအတိုင်း ကိုယ်နဲ့ လိုက််ဖက်တဲ့ အဝတ်အစားတွေကို တွဲဖက်ပြီး ဝတ်ဆင်တတ်ရင် စတိုင်ကျပြီး မိမိုက်နေစေမှာပါ။ အဲဒါကြောင့် ဒီနေ့မှာတော့ Plus Size/Big Guys တွေနဲ့ လိုက်ဖက်မယ့် Casual Wear Outfit Ideas တွေကို စုစည်း ဖော်ပြလိုက်ရပါတယ်။

- Pattern Shirts
Hawaiianရှပ်အင်္ကျီလို အရောင်စုံလင်ပြီး ဒီဇိုင်းဆန်းဆန်းနဲ့ Oversized ရှပ်တွေကို ဘောင်းဘီ အတိုလေးတွေနဲ့ တွဲဖက်ပြီး ဝတ်ဆင်ကြည့်ပါ။ သင့်ကို ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် စတိုင်ကျနေစေမှာပါ။ နေကာမျက်မှန် နဲ့ ပနားမား ဦးထုပ်တို့ကပါ ပါဝင်အားဖြည့်လိုက်ရင်တော့ ပိုပြီး စတိုင်ကျတဲ့ Summer Beach Outfit လေးကို ရရှိစေမှာပါ။
2. Layering
Layering ဖက်ရှင်စတိုင်တွေကတော့ “Never goes out of Style” ပါပဲ။ အထဲကို တီရှပ်ကို ပြောင်လေး ဝတ်ပြီး အပေါ်ကနေ ရှပ်အကျီအကွက်၊ Flannel အကွက်လေးတွေကို ထပ်ဝတ်ဆင်ပေးရုံပါပဲ။ဒါပေမဲ့ အရောင်လေးတွေတော့ လိုက်ဖက်ညီမှု ရှိရှိနဲ့ တွဲဖက်ပေးဖို့တော့ လိုပါလိမ့်မယ်။
3. Make Upper Frame Bigger
နောက် Styling Tips တစ်ခုကတော့ ကိုယ်ရဲ့ Plus Size ခန္ဓာကိုယ်ကို အခွင့်ကောင်းယူပြီး အပေါ်ပိုင်း Frame ကြီးအောင် ဝတ်ဆင်ခြင်းပါပဲ။ကန့်လန့်ဖြတ် အစင်းလိုက်တွေပါတဲ့ အင်္ကျီမျိုးတွေကို ဝတ််ဆင်ပေးမယ်ဆိုတော့ သင့်ကို အပေါ်ပိုင်း ပိုကြီးသလို မြင်ရစေပြီး တောင့်တောင့်တင်းတင်းနဲ့ စတိုင်ကျစေမှာပါ။ ဒါပေမဲ့ ဗိုက်နားမှာပဲ ကန့်လန့်စင်းပါတဲ့ အင်္ကျီ ဒီဇိုင်းအချို့ကတော့ မိမိကို ဗိုက်ပိုပူသလို ဖြစ်စေနိုင်လို့ သတိထားပြီး ရွေးချယ် ဝတ်ဆင်စေလိုပါတယ်။
4. Wear Hoodie or Oversized Jacket & Coat
Hoodie တွေ Oversized Coat တွေ ဝတ်ပြီးလဲ သင့်ရဲ့ ခရီးသွားဖက်ရှင်ကို စတိုင်ကျစေနိုင်ပါတယ်။ ဒီ Hoodie၊Oversized Coat တွေက ပိန်တဲ့ သူဆိုလဲ တစ်မျိုးကြည့်ကောင်းသလို ဝတဲ့ သူတွေကိုလဲ အထာကျကျနဲ့ မိမိုက်စေမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိ ဝတ်ဆင်ပေးဖို့တော့ အဓိကလိုအပ်ပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ ပြောရရင်တော့ Plus Size ခန္ဓာကိုယ် ပိုင်ရှင်တွေလဲ အရောင်လွင်လွင်လေးတွေကို ဝတ်ဆင်နိုင်ပါတယ်။ မိမိ အသားရောင်နဲ့ လိုက်ဖက်တဲ့ အရောင်လွင်လွင်လေးတွေကို စိတ်ဝင်စားစရာကောင်းအောင် တွဲဖက်ပြီး ဝတ်ဆင်ပေးမယ်ဆို ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျနေစေမှာပါ။ ဝလို့ဆိုပြီး အမြဲတမ်း အမဲရောင်၊မီးခိုရောင်၊နက်ပြာရောင် အင်္ကျီတွေကို ဝတ်ဆင်နေစရာမလိုပါဘူးနော်။မိမိကိုယ့်ကို ယုံကြည်ချက်လေး ထည့်ပြီး ဝတ်ဆင်ပေးဖို့ပဲ လိုအပ်တာပါ။
ကဲ ဒီလောက်ဆို Plus Size Men တွေအတွက် စတိုင်ကျစေမယ့် Casual Outfit လေးတွေကို ဘယ်လို တွဲဖက်ဝတ်ဆင်ရမလဲဆိုတာ တော်တော်လေး နားလည်သွားလောက်ပြီလို့ ထင်ပါတယ်။နောက်ထပ်လဲ ကောင်းမွန်တဲ့ Styling Tips လေးတွေနဲ့ လာခဲ့ဦးမှာ မို့ စောင့်မျှော်ပေးကြပါဦး။
By Yamin Inzali
Photo references from Pinterest
















Good post. I be taught something more challenging on totally different blogs everyday. It can all the time be stimulating to learn content material from other writers and apply a bit something from their store. I?d choose to make use of some with the content on my weblog whether or not you don?t mind. Natually I?ll give you a hyperlink on your internet blog. Thanks for sharing.