Site Overlay

Miss Aniela; “Surreal Fashion” Photograph of Guo Pei collection

Miss Aniela( Natalie Lennard)

ဒီနေ့ ပြောပြပေးမယ့် အကြောင်းအရာလေးကတော့ Miss Aniela ရဲ့ “Surreal Fashion” photograph စီးရီးထဲကမှာ Guo Pei နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေအကြောင်းပဲဖြစ်ပါတယ်။ Miss Aniela ဟာ Avant-grade art (အတွေးအမြင်အသစ်ကို ဖော်ဆောင်သော အနုပညာ) ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ရှေးအနုပညာ ဇာတ်ကြောင်းတွေကို ခေတ်မီဖက်ရှင်တွေနဲ့ ပေါင်းစပ်ပြီး အချိုးအဆကျလှတဲ့ ဆန်းသစ်ဖန်တီးမှုတွေကြောင့် ကျော်ကြားပါတယ်။ 

သူမဟာ “Surreal Fashion ” ဆိုတဲ့ နာမည်နဲ့ ဖက်ရှင်ဖြင့် စတင်ပြီး စိတ်ကူးယဉ်ဆန်တဲ့ အနုပညာ လှုပ်ရှားမှု တစ်ခုကို ဦးတည်တဲ့ ဓာတ်ပုံစီးရီး တစ်ခုကို စတင်ခဲ့ပါတယ်။ 2018 ခုနှစ် ရောက်တဲ့အခါမှာတော့ နာမည်ကြီး တရုတ် couture designer “Guo Pei” နဲ့ တွဲဖက်ပြီး ပိုမိုပြီး ထူးခြားလေးနက်တဲ့ “Surreal Fashion” collection အသစ်ကို စတင်ခဲ့ပြီး ယခုလက်ရှိ ၂၀၂၀ အထိ ရိုက်ကူးလျက်ရှိနေပါသေးတယ်။

ဒီ “Surreal Fashion” ဓာတ်ပုံတွေအကြောင်း မပြောခင် Surreal ဆိုတဲ့ စကားလုံးအကြောင်း အရင်ပြောပါမယ်။ “Surreal” ဆိုတာက ထူးခြားဆန်းကြယ်ပြီး သဘာဝနှင့် ကင်းကွာသော အရာ လို့ အဓိပ္ပာယ်ရပြီး ဒီလို အနုပညာ လှုပ်ရှားမှုတွေဟာ ၁၉၂၀ ဝန်းကျင် လောက်ထဲက စတင်ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ 

     အခု Miss Aniela နဲ့ Guo Pei တို့ရဲ့ ပူးပေါင်း ဖန်တီးတင်ဆက်မှုဟာ ဆိုရင် လက်ရှိထိ ဓာတ်ပုံ ၈ ပုံ ရှိပြီး ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံကို တရုတ်ရိုးရာ ပုံပြင်၊ဒဏ္ဍာရီ တစ်ခုစီကို အခြေခံပြီး စိတ်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံ ၈ ပုံအတွက် ဝတ်စုံ ၈ စုံ ဖြစ်ပြီး couture designer Guo Pei ရဲ့ ဖန်တီးမှု တွေပဲ ဖြစ်ပါတယ်။

Team: Photographer – @missaniela 

Couture by @guopei 

Hair by @mingyue617

 MUA @zihuiyoung 

Production by Miss Aniela & Guo Pei @syllllllllv

Up The Great Wall(2018)

 စိတ်ကူးယဉ် နတ်သမီးပုံပြင်တွေထဲက ဇာတ်ကောင်တွေ ဖြစ်တဲ့ Ice Queen နဲ့ Cinderella ကို အခြေခံပြီး ဖန်တီးထားတဲ့ ဝတ်စုံနဲ့ တရုတ်ပြည်ရဲ့ အထင်ကရ သမိုင်းနေရာ ဖြစ်တဲ့ The Great Wall မှာ ပေါင်းစပ်ပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အိပ်မက်ဆန်ပြီး ဒဏ္ဍာရီဆန်လွန်းလှတဲ့အပြင် နောက်ခံ The Great Wall နဲ့ တရုတ်လူမျ်ုးတို့ရဲ့ ဒဏ္ဍာရီလာ တန်ခိုးကြီး သတ္တဝါ Golden Dragon လက်ကိုင်တို့ကြောင့် ထူးခြားတဲ့ ဂုဏ်ရှိမှုနဲ့ ထင်ပေါ်နေမှုကိုလည်း ခံစားရပါတယ်။

Enter The Golden Dragon(2018)

    တရုတ်အင်ပါယာခေတ်မှာ “နဂါး” ဆိုတဲ့ ဒဏ္ဍာရီလာ သတ္တဝါဟာ တရုတ် ဧက္ကရာဇ်မင်းဆက်တွေရဲ့ စွမ်းရည် နဲ့ အင်အားတို့ကို ဖော်ပြတဲ့ သင်္ကေတ တစ်ခုပဲ ဖြစ်ပါတယ်။အရှေ့အာရှရဲ့ ဒဏ္ဍာရီပုံပြင်တွေမှာ အစွမ်းထက်ခြင်းနဲ့  ဂုဏ်ကျက်သရေ အင်းအားကြီးမားမှုတို့ကို ဖော်ဆောင်တယ်တဲ့ နဂါးကို inspire ယူပြီး ရွှေရောင် နဂါးအရေခွံ သဏ္ဌာန်ပုံစံ အသေးစိတ် ဖန်တီးထားတဲ့ ဝတ်စုံကို Poland က အနုပညာလက်ရာတွေ နောက်ခံနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ထူးခြားတဲ့ ဖန်တီးမှုရသ တစ်ခုကို ဖြစ်ပေါ်စေပါတယ်။

Into The Land Of The Qilin (2018)

    တရုတ်ဒဏ္ဍာရီတွင်လူသိနည်းသောသဘာဝလွန်သတ္တဝါထဲအနက် Qilin; “Chinese Unicorn” ကို Inspire ယူ၍ ဖန်တီးထားခြင်း ဖြစ်သည်။ ထိုတိရိစ္ဆာန်များသည် မှော်ဆန်ပြီး တရုတ်ဧက္ကရာဇ်တို့ ၏ကြီးမြတ်မှုကို သက်သေပြုခဲ့သည်။  Qilin သည် ကြည့်ဖို့ ကြောက်စရာ ကောင်းပေမယ့် ဒဏ္ဍာရီတွင် နူးညံ့သိမ်မွေ့ခြင်း နှင့် ငြိမ်းချမ်းသောသတ္တဝါအဖြစ်ဖော်ပြကြပါတယ်။Qilin ကို တရုတ်အနုပညာရှင် Guodong Zhao မှ ဖန်တီးပုံဖော်ပေးထားခြင်း ဖြစ်သည်။

The Weight Of Gold(2018)

    ရွှေကို အဓိကထားပြီး ဖန်တီးထားခြင်း ဖြစ်သည်။ သစ္စာရှိမှု၊ အာဏာရှိမှု နှင့် ကြွယ်ဝမှုတို့ကို ဖော်ပြသော ရွှေနှင့် ရွှေချောင်း တို့သည် ၂၀ ရာစုနှစ်အထိ တရုတ်ပြည်ရဲ့ ငွေကြေးစနစ်တွင် အသုံးပြုခဲ့သည်။ရှေးတရုတ်မင်းဆက်တို့သည်လည်း ရွှေဖြင့် ပြုလုပ်သော ဝတ်စုံ လက်ဝတ်ရတနာတို့ကို ဝတ်ဆင်ခဲ့ကြသည်။ ထိုကဲ့သို့သော သမိုင်းဝင် အဖိုးတန်ရတနာကို စိတ်ကူးယဉ်ဆန်ဆန် ဆန်းသစ်ကာ ဖန်တီးဖော်ပြခြင်း ဖြစ်ပေသည်။

Wolves Of Beihai(2019)

    ဝံပုလွေနှင့်နဂါးစပ်သည့် တရုတ်ဒဏ္ဍာရီမှ နဂါးဘုရင်၏ သားကိုးယောက်အနက် တစ် ဦး ဖြစ်သည်။  ရန်လိုခြင်းနှင့် ခုခံကာကွယ်ခြင်း သဘောဆောင်ပြီး ဓားများ၏အစောင့် သင်္ကေတ အဖြစ် တွေ့ရလေ့ရှိခဲ့သည်။ သားမွေးနှင့် အကြေးခွံနှစ်ခုလုံးပါသည့် ယင်းဒဏ္ဍာရီလာသတ္တဝါကို ကြော့ရှင်းပြီး ခံ့ညား ထည်ဝါသော အမျိုးသမီး တစ်ဦး​၏ အစောင့်၊ရဲဘော်အဖြစ် ပြန်လှန် စိတ်ကူးပုံဖော်ပြီး မြေခွေးနဂါးကို Christopher Antoniou မှာ special effect ဖြင့် အားဖြည့်ပေးကာ ဘေဂျင်း၊ ဘေဟိုင်ဥယျာဉ်မှာ ရိုက်ကူးထားခြင်းဖြစ်သည်။

THE LOCKET TREE(2019) 

    Guo Pei’s ၏ Surreal Fashion အပိုင်းအသစ်၏အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရွှေရောင် “Boat dress” လေးနဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ရွှေရောင်သစ်ကိုင်း ပန်းခက်တွေနဲ့ ဝတ်စုံကို အမှတ်တရအဖြစ် ထည့်သွင်း သိမ်းစည်းလေ့ရှိတဲ့ လော့ကတ် ပုံစံ စိတ်ကူးပုံဖော် ရိုက်ကူးထားခြင်းဖြစ်သည်။

SUN SHRINE (2020) 

    တရုတ်ပြည်ရှိ ဘုရားရှိခိုးကျောင်းများနှင့် ဘုရားကျောင်းများသည် စင်ကြယ်သော ပြည် သို့မဟုတ်စင်ကြယ်သော ပတ်ဝန်းကျင်ကို ကိုယ်စားပြုပြီးအတွင်းနှင့်အပြင် ငြိမ်းချမ်းရေးကိုတည်ဆောက်ရန်ရည်ရွယ်သည်၍ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ဝတ်ပြုရာ အိမ်တော်သည် ၎င်း၏အဆောက်အဦးထဲသာမက  ၎င်း​၏ ပတ်ဝန်းကျင်ပါ အားလုံး ပါဝင်ပြီး မီး၊ လေ၊ မြေ၊ ရေနှင့်ဉာဏ်ပညာငါးမျိုးကိုကိုယ်စားပြုသည်။ ထိုကဲ့သို နေ လိုမျိုး တောက်ပ မွန်မြတ်သည့်  ဘုရားကျောင်းများကို စိတ်ကွန့်မြူးဆန်းသစ်ကာ ရိုက်ကူးထားခြင်း ဖြစ်သည်။

FIRE & ICE (2020) 

    တရုတ်ရဲ့ The Great Wallသည် နှစ်ပေါင်း ၂၀၀၀ ကျော်သမိုင်း ရှိခဲ့သော်လည်း ကင်းမျှော်စင်၏ သမိုင်းသည် Great Wall ထက်များစွာစောသည်။  ရန်သူများကိုကြည့်ရှုရန်နှင့် စစ်ရေးသတင်းစကားများ ပေးပို့ရန်အတွက် တရုတ် Great Wall နှင့်အတူကင်းမျှော်စင် ၂၅၀၀၀ ကိုတည်ဆောက်ခဲ့သည်။  ။ရှေးခေတ်က ကျူးကျော်သူများ ချဉ်းကပ်ပါက မျှော်စင်ပေါ်ရှိ စစ်သားများသည် နေ့အချိန်၌ မီးခိုးများထွက်စေပြီး ညအချိန်တွင် မီးရှို့ကာ သူတို့၏တပ်များကို သတိပေးကာ  The Great Wall ကို ကာကွယ်ရေးစနစ်၏ အရေးပါသောအစိတ်အပိုင်းဖြစ်လာစေသည်။  ၎င်းတို့သည် တရုတ်၏ ရှေးအကျဆုံး ဖြစ်သော်လည်းထိရောက်သော ကြေးနန်းစနစ်ဖြစ်သည်။ထိုသို့သော နေရောညရော မီးခို သို့ မီး ပြုလုပ်ကာ အချက်ပြသော ကာကွယ်ရေး သမိုင်းကို ပြန်လည် စိတ်ကူးယဉ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။

Miss Aniela ရဲ့ နေရာအထားအသို composition ပိုင်နိုင်မှုတွေနဲ့ စိတ်စွဲမက်ဖွယ် မီးရောင် အချိန်အဆတို့နဲ့ Guo Pei ရဲ့ သေသေချာချာ အနုစိတ် ဖန်တီးထားတဲ့ ဝတ်စုံတွေ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ပိုမို ထူးခြားကောင်းမွန်တဲ့ ခံစားမှုနဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်ခဲ့တာပဲ ဖြစပါတယ်။ ဒီလိုမျိုး ကမ္ဘာတစ်ဝှမ်းက အနုပညာရှင်တွေဟာ ကောင်းမွန်တဲ့ အနုပညာဖန်တီးမှုတွေအတွက် အဖွဲ့အစည်းအလိုက် အချင်းချင်း ပူးတွဲလုပ်ဆောင်လျက် ရှိကြတာကို ဒီ Miss Aniela “ Surreal Fashion” ဓာတ်ပုံစီးရီးလေးနဲ့ ဗဟုသုတရဖွယ် တင်ဆက်ပေးလိုက်ပါတယ်။ နောက်ထပ်လဲ ကောင်းမွန်တဲ့ အစီအစဉ်လေးနဲ့ ပြန်လာခဲ့ဦးမှာမို စောင့်မျှော်ပေးကြဖို့ ပြောကြားရင် နိဂုံးချုပ်လိုက်ပါတယ်။

by Yamin Inzali

References

https://www.missaniela.com/#1
http://www.surrealfashion.co.uk/guo-pei

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes