Site Overlay

GUCCI Christmas Campaign

Ariel’s Style ရဲ့ စာဖတ်ပရိတ်သတ်ကြီး အားလုံးပဲ မင်္ဂလာပါ။ Sweet December မှာ Christmas အတွက် Ready ဖြစ်နေကြပြီလား။ ပုံမှန်ဆိုရင်တော့ Costume တွေဝတ်ပြီး သူငယ်ချင်းတွေ Colleague တွေ မိသားစုတွေ စသဖြင့်ပေါ့နော် Christmas Party တွေ ကျင်းပဖို့ တာစူနေကြပါပြီ။ အခု Covid 19 Era မှာလည်း Mini Christmas Party လေးတွေ လုပ်ဖို့ ကျောင်းတွေ ရုံးတွေ အဖွဲ့ အစည်းတွေက ပြင်ဆင်နေကြပါပြီ။ ကမ္ဘာကျော် Fashion House တွေကလည်း Christmas Campaign တွေ လုပ်လာကြပါပြီ။ ဒီအပတ် Editorial ကဏ္ဍအတွက်ကိုတော့ ထိပ်တန်း Luxury Brand ဖြစ်တဲ့ Gucci ရဲ့ စိတ်ဝဝင်စားဖွယ် Nostalgic အငွေ့အသက်တွေ နဲ့ ပြည့်နှက်နေတဲ့ Gift Giving Christmas Campaign လေးအကြောင်း တင်ဆက်လိုက်ရပါတယ်။

Campaign Film လေးကို အရင်ကြည့်ကြည့်ကြရအောင်။

Gucci Office မှာကျင်းပတဲ့ Christmas Party ပွဲလေးကို Glamour Vibe နဲ့ ဖော်ကျူး ထားတာပဲဖြစ်ပါတယ်။ Campaign Film အစမှာတင် Film သည် 1990s မှာ အခြေတည်ထားတယ်ဆိုတာတွေ့ရပါတယ်။ 90 ပြည့်နှစ်တွေရဲ့ Typical ရုံး ဝတ်စုံ (office attire) Fashion တွေကို Christmas ရဲ့ Theme Color တွေဖြစ်တဲ့ အစိမ်းရောင်၊ အနီရောင်၊ ပန်းရောင်တွေ ကို အသားပေးအသုံးပြုထားတော့ Bling Bling တွေနဲ့ Glamorous Look ကိုဖော်ဆောင်ထားပါတယ်။

Office Work Space ကနေ Disco မီးရောင်တွေနဲ့ Night Clubs or Karaoke ပုံစံ ပြောင်းလဲ သွားခဲ့တဲ့ စိတ်လှုပ်ရှားဖွယ်ပြဇာတ်ဆန်ပြီး Fantasy World လို့တောင်တင်စားရလောက်တဲ့ ဒီ Campaign လေးရဲ့ နောက်ထပ် Message တစ်ခုကတော့ ပြီးခဲ့တဲ့ November လ ၁၁ ရက်နေ့က စပြီး အသုံးပြုလိုက်တဲ့ New Packaging ပဲဖြစ်ပါတယ်။ အစိမ်းရောင် ဖောင်းကြွပက်တန်တွေ ပါတဲ့ အကောင်းစား စက္ကူအိတ်နဲ့ Cardboard Box တွေဟာ Recyclable စက္ကူတွေဖြစ်ပြီး Sustainability Managed Forest တွေက ရရှိတဲ့ အတွက် ကျန်းမာတဲ့ ကမ္ဘာကြီး ဖြစ်လာဖို့နဲ့ Brand ရဲ့ အနာဂတ် Sustainability Commitment တွေအတွက် များစွာ အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်။

စားပွဲရဲ့ တစ်ဝက်လောက်ကိုနေရာယူထားတဲ့ ရုံးသုံး Desktop အကြီးကြီးနဲ့ computer  တွေ ရယ် Xerox photocopier တွေကိုအသုံးပြုထားတဲ့ Retro Office Setting တွေအပြင် Gucci ရဲ့ အတိတ်က Signature  Pieces တွေကို ဆင်မြန်းထားတဲ့ ရုံးဝန်ထမ်းတွေက Yazoo ရဲ့ Only You သီချင်းနဲ့ လိုက်လျောညီထွေစွာ Disco Lights တွေကြားမှာ ကခုန်နေကြတာက တကယ့်ကို 90s ရဲ့ Good Old Days တွေကို လွမ်းစရာပါပဲ။

Creative Director  Alessandro Michele ရဲ့ စိတ်ကူး စိတ်သန်းတွေဖြစ်တဲ့ ဒီ Advertorial လေးကို Akinola Davies Jr က Director အနေနဲ့ ရိုက်ကူးထားပြီးတော့ Christopher Simmonds က Art Director အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ်။Glamour Vibe ကို Glitter တွေ Sequins တွေ နဲ့သာမကပဲ အသွေးအရောင်စုံလင်လွန်းလှတဲ့ Color တွေကို ရောယှက် အသုံးပြုပြီးတော့ Glamorous အဖြစ်ဆုံး Campaign Film အဖြစ် Gucci က ပွဲ ထုတ်လာတဲ့ ဒီ Advertorial လေးအကြောင်းကို Fashion ချစ်သူတို့ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်။ နောက် အပတ်တွေမှာ လည်း အမိုက်စား အကြောင်းအရာတွေနဲ့ ပြန်လာခဲ့ပါမယ်။ အားလုံးပဲ Merry Christmas ပါ။

By Yawai Htoo Myat

References

https://www.showstudio.com/news/gucci-presents-gift-giving-christmas-campaign

https://www.russh.com/gucci-2020-gift-giving-campaign/

https://www.creativereview.co.uk/gucci-christmas-ad/

1 thought on “GUCCI Christmas Campaign

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes