Hello… စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ။ Ariel’s Be Chic Be Unique ကနေ ဒီလအတွက်ရွေးချယ်ထားတဲ့ Category ကတော့ Plus Size Styling ပဲ ဖြစ်ပါတယ်။ ၂၁ ရာစုကို ရောက်လာတဲ့အချိန်မှာ Body Positive Movement တွေကြောင့် Plus size လေးတွေဟာလဲ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ Fashion ကျကျဝတ်စားလာကြပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Local က Plus Size လေးတွေအတွက် Stylish and Chic ဖြစ်စေဖို့ Tips လေးတွေ ဝေမျှပေးလိုက်ရပါတယ်။

Body Type: Straight

Shoulder၊ Chest နဲ့ Hip သုံးခုရဲ့ အတိုင်းအတာတွေ တူညီနေပြီး Waist နေရာလေးဟာလဲ သိသိသာသာ မပေါ်လွင်ရင်တော့ Straight Plus Size body type ထဲမှာ ပါဝင်နေပါတယ်။

ခန္ဓာကိုယ်ကို သွယ်လျနေစေဖို့ ခါးပတ်လေးတွေကို အသုံးပြုပေးသင့်သလို Curvy shape လေးပေါ်နေစေဖို့ top နဲ့ bottom ကို color-blocking လုပ်ပြီးလဲ ဝတ်ဆင်နိုင်ပါတယ်။ Ruffle ပါတဲ့ Top တွေနဲ့ Pants အတွက်တော့ Bootcut နဲ့ Flare လေးတွေဟာ ခန္ဓာကိုယ်ကို ပိုပြီးသွယ်လျဟန် ခံစားရစေပါတယ်။

https://stylepluscurves.com/

Body Type: Apple

ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်းဖြစ်တဲ့ Shoulder, Chest နဲ့ Belly နေရာတွေဟာ ပို Curvy ဖြစ်နေပြီး Hip နဲ့ Leg နေရာတွေမှာ သွယ်သွားမယ်ဆိုရင်တော့ သင်ဟာ Apple Plus Size လေး ဖြစ်နေမှာပါ။

အပေါ်ပိုင်းသိသိသာသာဖွံ့ဖြိုးတဲ့သူမို့ S-shaped Curve လေး ဖြစ်နေစေချင်ရင်တော့ A-skirt လေးတွေ Flare Pants လေးတွေကို ဦးစားပေး ရွေးချယ်ရပါ့မယ်။ Deep Neckline Dress တွေနဲ့ Apple Plus Size လေးတွေက ပိုပြီးသင့်လျှော်ပါတယ်။ အပေါ်ပိုင်းကို shaded color top တွေ ဝတ်ပြီး အောက်ပိုင်းကို Tinted color Hue color ဒါမှမဟုတ် Printed Pants နဲ့ Skirts တွေကို တွဲဖက်ဝတ်ဆင်ပေးခြင်းကလဲ feminine shape ကို ပိုပြီး ပိုင်ဆိုင်စေမှာပါ။

https://www.trendycurvy.com/

Body Type: Pear

Hips နဲ့ Thighs နေရာတွေဟာ Shoulder နဲ့ Chest နေရာတွေထက် ပိုပြီး volume ကြီးတဲ့ Pear လေးတွေအတွက်လဲ Proportion ချတတ်ဖို့က အရေးကြီးပါတယ်။ ​အပေါ်ပိုင်းသေးတဲ့သူတွေ ဖြစ်တာကြောင့် အပေါ်ပိုင်းမှာ Printed Top တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ Statement Accessories တွေဟာလဲ Proportion ချိန်ရမှာ လိုအပ်တဲ့ Key Tip တစ်ခုပါပဲ။ Flat Pants နဲ့ Skinny Jeans တွေကိုဝတ်ပြီး အပေါ်ကနေ Cardigan တွေ၊ Long Blazer တွေကိုသာ Layer ထပ်လိုက်မယ်ဆိုရင်တော့ အရမ်းကို Stylish ဖြစ်တဲ့ Plus size chic လေးတွေ ဖြစ်လာမှာပါပဲ။

http://thepearshape.com/

Body Type: Hourglass

Shoulder နဲ့ Hip တွေဟာ အချိုးအဆတူနေရင် ဒါမှမဟုတ် Chest နဲ့ Hip တွေဟာ curvy ဖြစ်ပြီး ခါးလေး ပေါ်နေရင်တော့ Hourglass Plus Size Girl လေးပါပဲ။ ခါးနေရာလေး ပေါ်လွင်နေပြီးသားဖြစ်တာကြောင့် Top နဲ့ Bottom အချိုးအဆကျနေဖို့ကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ Plus size bodycon dress လေးတွေကတော့ အသင့်တော်ဆုံးဖြစ်သလို low-cut and structured Tops တွေနဲ့ High-waist Pants and Jeans တွေကိုလဲ ဝတ်သင့်ပါတယ်။

အခုလောက်ဆို Plus Size Fashion Tips လေးတွေကို ဖော်ပြပေးခဲ့ပြီမို့ Plus Size Girl လေးတွေ သဘောကျလိမ့်မယ်လို့ထင်ပါတယ်။

Style ကျကျနဲ့ လှနိုင်ဖို့အတွက် Body Shape သာမက Skin Tone ကလဲ အရေးပါတာမို့ ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်တွေကိုတော့ သေချာရွေးချယ် ဖို့လိုပါလိမ့်မယ်နော်။

နောက်ထပ် ဘယ်လို Tips လေးတွေဖော်ပြပေးဦး မလဲဆိုတာကိုလဲ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။

Comments

Leave a Reply