Site Overlay

Five kinds of GLAMOUR

Ariel’s Style ရဲ့ စာဖတ်ပရိတ်သတ်ကြီးမင်္ဂလာပါရှင်။

ဒီနေ့မှာတော့ Glamour style ကိုတခြား style (၅) မျိုးနဲ့ ပေါင်းစပ်ပြီး ဘယ်လိုတွဲဖက်ဝတ်ဆင်ရမလဲဆိုတာလေးတွေပြောပြပေးသွားပါမယ်။ Glamour vibe ကိုဖော်ဆောင်တဲ့နေရာမှာ Material သည်အဓိကအရေးကြီးဆုံးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Glam ဆိုတဲ့ စကားလုံးနဲ့အညီ Shiny ဖြစ်ပြီးပြောင်လက်တောက်ပတဲ့ Fabric (ပိတ်စ) နဲ့ ချုပ်လုပ်ထား၍သော်လည်းကောင်း၊ Crystal တွေ စိန်တွေအပြင် တခြားသော Metallic Detail တွေပေါင်းစပ်ဖန်တီးထား၍သော်လည်းကောင်း၊ Fur or Feather (ငှက်အမွှေးအတောင်) တွေနဲ့ တန်ဆာဆင်ထား၍သော်လည်းကောင်း၊ တောက်ပတဲ့အရောင်တွေ အသုံးပြုထား၍သော်လည်းကောင်း Glamour Vibe ကိုပေးစွမ်းနိုင်ပါတယ်။ In addition, Feminine ဆန်တဲ့ Modern Animal Texture တွေကလည်း Glamour Taste ကိုရစေပါသေးတယ်။

စွဲမက်ဖွယ်ကောင်းတဲ့ Glamorous look ကို တခြားသော Style type တွေနဲ့ ပေါင်းစပ်ပြီးမတူညီတဲ့ရသတွေပေးစွမ်းနိုင်တာမို့လို့ ပွဲလမ်းသဘင်တွေမဟုတ်လည်း Glamourous outfits တွေကို ဝတ်ဆင်နိုင်ပါတယ်။ ပေါင်းစပ်လို့ရတဲ့ style တွေအများကြီးထဲကမှ စာဖတ်သူတို့ အကြိုက်တွေ့စေမဲ့ Glamour Street, Classic Glam, Aggressive Glam, Glam Rock, Glamour Chic ဆိုတဲ့ Style (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Glamorous street style

ပထမဆုံးအနေနဲ့ Glamour look ကို Street Fashion ရဲ့ရသနဲ့ပေါင်းစပ်ပြီးတော့ ရရှိလာတဲ့ Glamour Street Style ကိုဖန်တီးလို့ရပါတယ်။

ယေဘုယျအားဖြင့် Glamour Street Style ကို၂၀၁၈ နောက်ပိုင်းကနေစပြီး Shiny Materials တွေနဲ့ Glam Vibe ကိုရစေတာထက် Color တွေနဲ့ Glam ဖြစ်စေတဲ့ Outfits တွေကိုတွေ့ရလေ့ရှိပါတယ်။ Europe Fashion Week Show တွေမှာတွေ့ရတတ်တဲ့ Celebrity တွေရဲ့ Outfits တွေမှာ Glam Look ကို တွေ့နိုင်ပြီးတော့ ရံဖန်ရံခါ Bling Bling ဖြစ်တဲ့ ပိတ်စတွေနဲ့ Leather ၊ ကတ္တီပါ၊ Transparent Fabric နဲ့ ဇာတွေကိုလည်း အသုံးပြုပြီးတော့ Glamour Street Fashion ကို ဖော်ကျူးကြပါတယ်။

Classic Glam

ဒုတိယတစ်ခုကတော့ ဂန္တဝင်ဆန်တဲ့ Classic Vibe ကို Glamour Taste နဲ့ ယှဉ်တွဲဖော်ပြနိုင်တဲ့ Classic Glamပါ။

Body Emphasize မလုပ်ပဲနဲ့ သပ်ရပ်ကျော့ရှင်းတဲ့ ဟန်ပန်နဲ့ Classic Vibe ကိုရစေတဲ့ Blazer လို Clothing Item မျိုးကို Glitter ပါတဲ့ Fabric နဲ့ ဖန်တီးထားတာပဲဖြစ်ဖြစ် Crystal တွေနဲ့ တန်ဆာဆင်ထားတာပဲဖြစ်ဖြစ် Glam ဖြစ်တဲ့ ရသကိုပေးစွမ်းနိုင်တဲ့ Style Type သည် Classic Glam ဖြစ်ပါတယ်။

Aggressive Glam

တတိယတစ်ခုအနေနဲ့ အမျိုးသမီးဆန်တဲ့ Feminine Vibe ကို ဖော်ဆောင်တဲ့ Aggressive Style နဲ့ပေါင်းစပ်ပြီး Glam Taste ပေးတဲ့ Aggressive Glamပါ။

ပုံမှန်အားဖြင့် Glam Look ကို Red Carpet တွေ Event တွေမှာ Sexy Vibe နဲ့အများဆုံးတွေ့ရလေ့ရှိပါတယ်။ နာမည်ကြီး Celebrity တွေအနေနဲ့ Red Carpet Glam look ကိုဖော်ဆောင်ရမှာ Sheer တွေ Feather တွေကိုအသုံးပြုလေ့ရှိသလို Leather တွေ Velvet တွေလိုမျိုးပြောင်နေတဲ့ Fabric တွေကို အသုံးပြုပြီးတော့သူတို့ရဲ့ ခန္ဓာကိုယ်ကို Emphasize လုပ်တဲ့ Sexy ရသကိုလည်းတစ်ပြိုင်နက်ဖော်ကျူးတဲ့ဝတ်စားဆင်ယင်မှုကို Aggressive Glam လို့ နာမည်တပ်လို့ရပါတယ်။

Glam Rock

စတုတ္ထတစ်ခုကတော့ Shiny ဖြစ်ပြီးပြောင်လက်တောက်ပတဲ့ Glamour vibe နဲ့ Rock Music ရဲ့ အငွေ့အသက်တွေ ခံစားရစေတဲ့ Glam Rock ပါ။

 Rock ရဲ့ Taste အရ များသောအားဖြင့်အနက်ရောင်ကိုအသုံးပြုလေ့ရှိပြီးတော့ Metal Accessories တွေ Leather တွေ Sheer တွေ နဲ့ Glamour ရသကိုဖော်ဆောင်ပေးတဲ့ Style Type သည် Glam Rock ဖြစ်ပါတယ်။

Glamour Chic

နောက်ဆုံးတစ်ခုကတော့ သပ်ရပ်ကျော့ရှင်းတဲ့ Sophisticated ရသကိုပေးနိုင်တဲ့ Chic Style နဲ့ Glamour Vibe ကိုပေါင်းစပ်ထားတဲ့ Glamour Chicပါ။

Chic Style သည် Neat & Tidy Look ကိုအပြည့်အဝရစေတာဖြစ်လို့ Glam Style နဲ့ပေါင်းစပ်လိုက်ခြင်းအားဖြင့် Unfussy မဖြစ်စေပဲနဲ့  သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်တဲ့ Style ရသတစ်မျိုးကိုခံစားရတာသည်Glamour Chic ပဲဖြစ်ပါတယ်။

So, let me stop my blog here. I hope all the fashion enthusiasts love these styling tips about GLAMOUR which are always timeless and please look forward to next blog that will surely be interesting. Stay tuned!

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes