Site Overlay

BOSCHED! by Tim Walker

Spring/ Summer 2016

Love Magazine/ UK

Hello… စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ… Editorial လေးတွေအကြောင်း ဝေမျှပေးမဲ့ အစီအစဥ်လေးကနေ ကြိုဆိုပါတယ်…

Editorial ဆိုတာကို မြန်မာလိုဘာသာပြန်ပေးရမယ်ဆိုရင်တော့ ဆိုလိုရင်း တစ်ခု (သို့မဟုတ်) အဓိပ္ပာယ်တစ်ခုခုရှိနေတဲ့ ဓာတ်ပုံမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်…

Editorial ဆိုတဲ့စကားလုံးကို အနုပညာနဲ့ ဆက်စပ်နေတဲ့သူတိုင်းနီးပါး ရင်းနှီးနေကြမှာ ဖြစ်ပေမဲ့ နိုင်ငံတကာမှာ Editorial set တစ်ခုဖြစ်လာအောင် ဘယ်လိုမျိုး ကောင်းမွန်ဆန်းသစ်တဲ့ Concept တွေ ထူးခြားတဲ့ Idea တွေ စည်းလုံးတဲ့ Teamwork တွေနဲ့ ရိုက်ကြတယ်ဆိုတာကို ပိုပြီးသိလာစေချင်တဲ့ ရည်ရွယ်ချက်လေးကြောင့် ဒီအစီအစဥ်လေးကို မိတ်ဆက်ပေးရခြင်း ဖြစ်ပါတယ်…

အခုပထမဆုံးပြောပြပေးဖို့ ရွေးချယ်ဖြစ်ခဲ့တဲ့ Editorial လေးကတော့ Love Magazine ရဲ့ Spring/Summer 2016 issue အတွက် နာမည်ကျော်ဓာတ်ပုံဆရာ Tim Walker ဖန်တီးတင်ဆက်ပေးခဲ့တဲ့ BOSCHED! ဆိုတဲ့ Editorial လေးပဲ ဖြစ်ပါတယ်…

All people in this editorial:

Photographer  : Tim Walker

Editor  : Katie Grand

Hair Stylist  : Malcom Edwards

Makeup Artist  : Sam Bryant

Set Designer  : Shona Heath

Casting Director  : AAMO, Anita Bitton, Rosie Vogel

Model  : Anna Cleveland, Conor Newall, Grace Bol,   Guinevere van Seenus, Jelle Haen, Kesse Donker,   Maartje Convens, Sam Collet, Skye, Yana Dobroliubora

The Garden of Earthly Delights – Hieronymus Bosch (1480-1505)

Editorial set တစ်ခုလုံးရဲ့ Concept ကိုတော့ Tim Walker က နယ်သာလန်ပန်းချီဆရာတစ်ဦးဖြစ်တဲ့ Hieronymus Bosch ရဲ့ The Garden of Earthly Delights(1480-1505) ဆိုတဲ့ ပန်းချီကားကို Concept ယူပြီး ဖန်တီးထားခဲ့ခြင်း ဖြစ်ပါတယ်…

ပန်းချီကားမှာ Panel သုံးခုပါဝင်ပြီး First Panel မှာတော့ အာဒံ နဲ့ ဧဝကို ဘုရားသခင်က Paradisiacal Garden ထဲမှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ ကမ္ဘာဦးအစကို ပုံဖော်ရည်ညွှန်းထားတဲ့ ပန်းချီကို ရေးဆွဲထားခြင်းဖြစ်ပါတယ်… Central Panel မှာတော့ Bosch က လူသားတွေရဲ့ အပျော်အပါးမက်မောကြပုံကို ထူးခြားတဲ့ landscape အနေအထား၊ ဆန်းပြားတဲ့ သတ္တဝါတွေ၊ ကိုယ်တုံးလုံးရုပ်ပုံတွေနဲ့ ရောယှက်ပုံဖော်ထား ခဲ့ပါတယ်… နောက်ဆုံးဖြစ်တဲ့ Third Panel မှာတော့ ငရဲကို ပုံဖော်ရေးသားထားပြီး ငရဲကျနေသော လူသားများကို နှိပ်စက်နေသော သတ္တဝါဆန်းများကိုလဲ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်…

သူ့ခေတ်အခါကထက် အများကြီးခေတ်ရှေ့ပြေးနေတဲ့ Bosch ရဲ့ လက်ရာမြောက်ပန်းချီကားကိုတော့ ယခုလက်ရှိ Museo Nacional Del Prado မှာ ထိန်းသိမ်းပြသထားပါတယ်… Magical Realism ဟန်ကိုမှ Extravagant Staging Style ကို ရောယှက်အသုံးပြရတာ သဘောကျတတ်တဲ့ Tim Walker ကတော့ Central Panel ကို အဓိက Concept ယူထားပြီး ဘယ်လိုဖန်တီးခဲ့တယ်ဆိုတာကိုတော့ ကြည့်လိုက်ကြ ရအောင်…

Tim Walker ကို ဒီလိုမျိုး Vibrant color တွေ Medieval element တွေကို အသုံးပြုပြီး စိတ်ကူးယဥ်ဆန်ဆန် Surrealistic Setting Design တွေကို ဖန်တီးပေးခဲ့တဲ့သူကတော့ Tim နဲ့ အချိန်အကြာကြီး Collaboration တွေ လုပ်ခဲ့တဲ့ Set Designer Shona Heath ပဲဖြစ်ပါတယ်…

နိုင်ငံတကာက နာမည်ကြီးမော်ဒယ်တွေ ဖြစ်ကြတဲ့ Anna Cleveland, Conor Newall, Grace Bol, Guinevere van Seenus, Jelle Haen, Kesse Donker, Maartje Convens, Sam Collet, Skye, Yana Dobroliubora တို့ကလဲ ဒီ Editorial လေးကို မူလ Concept မပျက်အောင် အကောင်းဆုံးဖန်တီးပေးခဲ့ကြပါတယ်

ဘယ် Couture Dress တွေ သုံးမယ်ဆိုတာကိုတော့ နာမည်ကြီး Fashion Editor တစ်ဦးဖြစ်တဲ့ Katie Grand က တာဝန်ယူရွေးချယ်ပေးကာ Valentino Couture နဲ့ Collaboration လုပ်ခဲ့ပြီး Dress အချို့ကိုတော့ Set Designer Shona Heath ကိုယ်တိုင်ဖန်တီးခဲ့ပါတယ်…

နိဗ္ဗာန်နဲ့ ငရဲကြားမှာ နေထိုင်ကြတဲ့ လူသားတို့ရဲ့ အကောင်းအဆိုး၊ အကျိုးအပစ်တို့ကို အရှိအတိုင်းဖော်ပြထားတဲ့ Bosch ရဲ့ ပန်းချီကားကို မူလရသမပျောက်အောင် Concept ယူထားပြီး Original နဲ့ မတူထူးခြား ကွဲထွက်နေတဲ့အရသာအသစ်ကို ဒီ Editorial Set လေးကနေ ခံစားရရှိစေပါတယ်…

  ပန်းရောင်၊ အစိမ်းရောင်၊ အပြာရောင်နဲ့ အစိမ်းရောင်တို့ကို အဓိကသုံးထားတဲ့ မူလပန်းချီကားအတိုင်း အနီးစပ်ဆုံးအရောင်တွေကို ပြန်သုံးထားသော်လည်း အရောင် အနုအရင့်၊ Hue၊ Tint၊ Shade and Tone တို့ကို ပိုင်နိုင်စွာသုံးထားတဲ့အတွကိ Hell and Heaven၊ Sinner and Saint တို့ရဲ့ ကွဲပြားခြားနားတဲ့ ရသကိုလဲ ခံစားရစေပါတယ်…

  တစ်ခါတစ်ခါမှာ ဘယ်အရာကကောင်းတယ် ဘယ်အရာကဆိုးတယ်ဆိုတာ ဝေဖန်ပိုင်းခြားရခက်တဲ့အတွက် အကောင်းနဲ့အဆိုးခြားက နယ်နိမိတ်လိုင်းကို ရောနှောကာ ပုံဖော်ဖန်တီးနိုင်ခဲ့တဲ့အတွက် Tim Walker ရဲ့ ဒီ Editorial Set လေးကတော့အခုချိန်ထိ ဝေဖန်ရေးဆရာများနဲ့ အနုပညာကိုလေ့လာသူများအတွက်တော့ ယနေ့အချိန်ထိ ဆွေးနွေးစရာ သဘောကျစရာ အချကိတွေနဲ့ ပြည့်စုံနေတယ်ဆိုတာတော့ အမှန်ပါပဲ…

ကဲ ဒီလောက်ဆို Editorial ရဲ့ သဘောတရားလေးကို ပိုပြီး နားလည်သွားကြမယ်ထင်ပါတယ်… နောက်ထပ်လဲ ဘယ်လို Editorial ကောင်းကောင်းလေးတွေကို ရွေးချယ်တင်ဆက်ပေးသွားမယ်ဆိုတာလဲ စောင့်မျှော်ပေးကြပါဦးနော်…

  ကိုယ်တိုင်ဝင်ရောက်လေ့လာနိုင်စေဖို့လဲ Reference ယူထားတဲ့ link လေးတွေကို ဖော်ပြပေးထားပါတယ်….  

Reference:

https://www.khanacademy.org/humanities/renaissance-reformation/northern/hieronymus-bosch/a/bosch-the-garden-of-earthly-delights

https://models.com/work/love-magazine-bosched/viewAll

https://beautifulbizarre.net/2019/04/24/the-garden-of-earthly-delights-hieronymus-bosch-fashion-photographer-tim-walker/?fbclid=IwAR24kcipRNB6fEGGUCBC4dmS2xMIvUi_dNsYIoGiTS7CFkP_gslVrHP2Lpk

1 thought on “BOSCHED! by Tim Walker

  1. I have been browsing on-line more than 3 hours these days, yet I never found any fascinating article like yours. It?s beautiful price enough for me. Personally, if all webmasters and bloggers made just right content material as you probably did, the web will probably be much more helpful than ever before.

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes