Site Overlay

ထိုင်းမင်းသား Mew Suppasit ရဲ့ လူငယ်ဆန်တဲ့ fashion အတွဲအစပ်များ

Written by Yamin Inzali

ထိုင်းမင်းသား Mew Suppasit ဟာ ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ TharnType The Series ဇာတ်ကားဖြင့် အောင်မြင်လာခဲ့ပြီး အခုလက်ရှိမှာ မြန်မာပရိသတ်တွေ အပြင် အာရှပရိသတ် အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်၊အဆိုတော် တစ်ယောက်ပဲဖြစ်ပါတယ်။၂၀၂၀ August လ ၁ရက်နေ့မှာ “Season of you” လို့ နာမည်ပေးထားတဲ့ သူရဲ့ music videoတစ်ခုလဲ ထွက်ရှိထားပါသေးတယ်။ဒါ့အပြင် သူရဲ့ လူငယ်ဆန်လှတဲ့ ဖက်ရှင်စတိုင်ကိုလဲ ချန်ထားခဲ့လို့မရတာမို့ ဒီနေ့မှာတော့ Mew Suppasit ရဲ့ Outfits စတိုင်အချို့ကို အတူတူ လေ့လာကြည့်ကြရအောင်။

Mew Suppasit ဟာ အရပ် 175 cm ရှိပြီး ခန္ဓာကိုယ်အပေါ်ပိုင်း ကြီးတဲ့ Inverted Triangle body shape(ပခုံးဗြတ်ကျယ်တဲ့ ခန္ဓာကိုယ်ပုံစံတစ်မျိုး)ကို ပိုင်ဆိုင်ထားပါတယ်။

ဒီဝတ်စုံလေးကို ကြည့်ကြည့်မယ်ဆို ပထမဆုံး မြင်ရတာတော့ အရောင် ပါပဲ။ဟုတ်ပါတယ်။ Complementary colors(ဆန့်ကျင်စွာ လိုက်ဖက်ညီတဲ့ အရောင်)တွေ ဖြစ်တဲ့ ပန်းရောင် နဲ့ အစိမ်းရောင်ကို တွဲဖက်ဝတ်ဆင်ထားတာကြောင့် ဒီဝတ်စုံလေးဟာ ထင်ပေါ်ပြီး ကြည့်လို့ကောင်းနေပါတယ်။ဒါ့အပြင် အပေါ်ပိုင်းကို layers ထပ်ပြီး ဝတ်ဆင်ထားတာကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်း frameကို ပိုကြီးတဲ့ ယောကျာ်းလေးတွေရဲ့ စံခန္ဓာကိုယ်ပုံစံကို ရရှိစေပါတယ်။

နောက်ထပ် ဒီဒုတိယမြောက် ဝတ်စုံလေးမှာ ဆိုရင်တော့ အင်္ကျီက checkered pattern ( အကွက်ဒီဇိုင်း) နဲ့ ခြေအိတ်က straight line pattern( အစင်းဒီဇိုင်း) နှစ်ခုကို တွဲဖက် ဝတ်ဆင်ထားတာပဲ ဖြစ်ပါတယိ။ ပုံမှန်ဆို pattern ဒီဇိုင်းတွေကို တွဲဖက်ပြီး ဝတ်ဆင်ရတာဟာ ခက်ခဲလှပေမယ့် သူဟာ outfit တစ်ခုလုံးကို color tempo ညီစွာဝတ်ဆင်ထားတာမို့ မိမိုက်ပြီး စတိုင်ကျနေတာပဲ ဖြစ်ပါတယ်။နောက်ထပ် စတိုင် tip လေးတစ်ခုကတော့ သူဝတ်နေကျအတိုင်း Layering (အင်္ကျီ နှစ်ထပ် သို့ သုံးထပ်မက ထပ်၍ ဝတ်ဆင်ခြင်း) ကို သုံးပြီး ဝတ်ဆင်တာပဲဖြစ်ပါတယ်။

တတိယမြောက် ဝတ်စုံလေးကတော့ ရှုပ်ပွပွ ခပ်မှိုင်းမှိုင်း စတိုင်ဖြစ်တဲ့ Grunge style လေးကို upgrade လုပ်ထားတဲ့ cool boy style လေးပဲဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း basic wearsတွေဖြစ်တဲ့ Tees နဲ့ jean pants ကို monochrome (အရောင်တစ်မျိုးထဲ ဝတ်ဆင်ခြင်း) ဝတ်ဆင်ထားတာပဲ ဖြစ်ပါတယ်။ သို့သော်လည်း t-shirtsက graphic design နဲ့ beanie က ခန္ဓာကိုယ် အပေါ်ပိုင်း မျက်နှာနားကို focus ဖြစ်စေပြီး outfit ကို ပိုမို ပြည့်စုံစွာ စတိုင်ကျစေခဲ့ပါတယ်။

နောက်ထပ် ဝတ်စုံလေးကတော့ ကိုယ် အကြိုက်ဆုံး ဝတ်စုံလေးပဲဖြစ်ပါတယ်။ သူ ဝတ်နေကျ ပုံစံအတိုင်း tee နဲ့ jeans လေးကို အပေါ်က checkered pattern ရှပ်အင်္ကျီလေးနဲ့ တွဲဖက် ဝတ်ဆင်ထားပါတယ်။ အပေါ်ဘက်ကို ပိုပြီး shapeဘက်သွားတဲ့ အနက်ရောင်လေးကို printed shirt လေးနဲ့ ထပ်ပြီး ဝတ်ဆင်ထားတာကြောင့် သူရဲ့ inverted triangle body shape ကို bold တင်ပြီးသား ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် အနီရောင် beanie လေးပါ ဝတ်ဆင်ခဲ့တာကြောင့် ဝတ်စုံတစ်ခုလုံးမှာ beanie လေးကို attention ရစေခဲ့ပြီး အရမ်းကြီး အားထုတ်စရာမလိုပဲနဲ့ အထာကျကျ မိမိုက်နေခဲ့စေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံး ဝတ်စုံလေးကကတော့ သူရဲ့ မူပိုင်စတိုင်လို့ ဖြစ်နေတဲ့ tee နဲ့ jean pants ကို printed shirt လေးထပ်ဝတ်ထားတဲ့ ဝတ်စုံလေးပါပဲ။ ဒါပေမဲ့ ထူးခြားချက်လေးကတော့ Inner layer ကို (ထပ်ဝတ်ထားတာရဲ့ အတွင်းက ဝတ်စုံလေးကို) monochromatic color scheme (အရောင်တစ်ရောင်ထဲ အသုံးပြုသော နည်းလမ်း ) လေးကို အသုံးပြုကာ အပေါ်ရော အောက်ရောအဖြူရောင်ပဲ ဝတ်ဆင်ထားပြီး အပေါ်ဘက်မှာ အနီရောင်ပါတဲ့ pattern ရှပ်လေးကို ထပ်ပြီး ဝတ်ဆင်ထားပါတယ်။ဒါဟာ သူရဲ့ inverted triangle body shape ကို ပိုပြီး highlight လုပ်ပေးလိုက်ပြီး အောက်က oversized style pants ခပ်ပွပွနဲ့ အချိုးအဆကျပြီး ကြည့်လို့ကောင်းနေစေခဲ့တာပဲ ဖြစ်ပါတယ်။

ဝတ်စုံလေးတွေအကြောင်း ပြောပြီး သွားပြီဆိုတော့ နောက်ဆုံးအနေနဲ့ fan-girl လေးတွေရော fanboy လေးတွေပါ လိုက်ဝတ်လို့ရအောင် Mew Suppasit style capsule wardrobe လေးပါ လုပ်ပေးလိုက်ပါတယ်။အားလုံးပဲ နောက်ဒီထပ် ကောင်းမွန်တဲ့ style reviews လေးတွေနဲ့ လာခဲ့မှာမို့ စောင့်မျှော် ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes