Site Overlay

Halloween Outfits

Fashion ချစ်သူတို့ Happy Halloween ပါရှင့်။

အောက်တိုဘာလထဲမှာ Halloween Day ရှိတယ် ဆိုတာ အားလုံးပဲ သိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဟော်လိုဝင်းဆိုရင် party တွေ ပျော်ပွဲရွှင်ပွဲတွေ ရှိတာက အားလုံးနဲ့ ရင်းနှီပြီးသား ဖြစ်မှာပါ။ အောက်တိုဘာလ ၃၁ ရက်နေ့ကို ကမ္ဘာ သရဲကြီးများနေ့လို့ သတ်မှတ်ကြပါတယ်။ အဲနေ့မှာ ကွယ်လွန်သူတို့၏ ဝိညာဉ်တွေဟာ သူတို့ သင်္ချိုင်း ဂူတွေကနေ အောက်တိုဘာလ ၃၁ ရက်နေ့မှာ နိုးထကြတယ်ဆိုတဲ့ ခရစ်ယာန်တွေရဲ့ အယူအဆကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာ အနောက်နိုင်ငံတွေကနေ စတင်ခဲ့တဲ့ ဒီ ဟော်လိုဝင်းပွဲတော်ကို ယခုဆိုရင် တစ်ကမ္ဘာလုံးမှာပါ ကျင်းပလာခဲ့ကြပါပြီ။

Halloween သည် ရှေး ဗြိတိန်နဲ့ အိုင်ယာလန်လူမျိုးတွေရဲ့ နွေရာသီအကုန် နှစ်သစ်ရဲ့ အစဖြစ်တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ မှာ celt လူမျိုးတွေရဲ့ Samhain ပွဲတော်ကနေအခြေတည်ပါတယ်။ Samhain ပွဲတော်မှာ ထိုနှစ်ကသေလွန်သွားတဲ့ ဝိညာဉ်တွေက ဘဝတစ်ပါးကိုကူးပြောင်းကြပြီးတော့ အရင်နှစ်တွေက သေလွန်ခဲ့တဲ့ ဝိညာဉ်တွေက ၄င်းတို့အိမ်ကိုအလည်အပတ်လာရောက်ကြတယ်လို့ ယုံကြည်ကြပါတယ်။ ယခုလို ထုံးတမ်းအစဉ်အလာတွေကြောင့် halloween day မှာ ပတ်ဝန်းကျင်မှာရှိတဲ့ ဝိညာဉ်တွေဆီကနေ မိမိကိုယ်မိမိ ရုပ်ဖျက်ပြီး ပုန်းကွယ်နေတဲ့သဘောနဲ့ Halloween costume တွေဝတ်ဆင်ကြတာပဲဖြစ်ပါတယ်။ လူတွေက Stingy Jack လို့ခေါ်တဲ့ နတ်ဆိုးကိုပရိယာရ်ဆင်ပြီးသူတို့ရဲ့ စီးပွါးဥစ္စာတွေကြွယ်ဝလာအောင် လုပ်ကြတယ်ဆိုတဲ့ Irish ဒဏ္ဏာရီ လည်းရှိပါသေးတယ်။  Jack ဟာသေလွန်ပြီးတဲ့အခါမှာ သူ့ရဲ့ဝိညာဉ်ကို ကောင်းကင်ဘုံနဲ့ ငရဲကလက်မခံတာကြောင့် ကမ္ဘာလောကကြီးမှာပဲခြေဦးတည်ရာ လျှောက်သွားနေတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် jack ရဲ့ ဝိညာဉ်ကို ခြောက်လှန့် ရာမှာ အသုံးပြုဖို့ Ireland လူမျိုးတွေက စပြီး တရုတ်မုန်လာဖြူကို မကောင်းဆိုးဝါးသဏ္ဍာန်အသားထွင်းပုံဖော်ခဲ့ကြတာပဲဖြစ်ပါတယ်။ယဉ်ကျေးမှုတွေကူးလူးပြီး ဒီ culture U.S ကိုရောက်လာတဲ့အခါမှာတော့ တရုတ်မုန်လာဖြူအစား ရွှေဖရုံသီးကို အသုံးပြုကြတာပဲဖြစ်ပါတယ်။ jack ရဲ့ အစဉ်အလာနဲ့  Halloween ကိုဖြည့်စွက်ပေါင်းစည်းလိုက်တဲ့ အခါမှာတော့ အသားထွင်းထားတဲ့ ဖရုံသီးဟာ Halloween ရဲ့ အမှတ်သင်္ကေတဖြစ်လာပါတော့တယ်။

ဒီတော့ Halloween home party လေးတွေမှာ  ဝတ်စုံလှလှလေးတွေဝတ်ဆင်ပြီး 2020 ရဲ့ သရဲကြီးများနေ့ အမှတ်တရဓာတ်ပုံလေးတွေရိုက်ပြီး Instagram or Facebook မှာ hashtag လေးနဲ့ Halloween2020 လို့တင်ဖို့ theme မတူတဲ့ outfit လေးတွေ ပြောပြပေးသွားမယ်နော်။

အပြင်ထွက်ရမလွယ်ကူတဲ့ ကာလကြီးမှာ ဝတ်စုံအဆန်းအပြားတွေရှာနေရတာခက်ခဲမှာစိုးလို့ ပုံမှန်လူတိုင်းမှာရှိတတ်တဲ့ ဝတ်စုံလေးတွေကိုပဲသုံးပြီး accessories လေးတွေနဲ့ Halloween ရဲ့ witch theme လေးကို ဆင်ယင်ထုံးဖွဲ့ထားပါတယ်။ 

Witch လေးတစ်ယောက်အသွင်ယူဖို့ဆိုရင်တော့ ထိပ်ချွန်စုန်းမဦးထုပ်လေးကတော့ မရှိမဖြစ်နော်။ လူတိုင်းမှာ ရှိတတ်တဲ့ ankle boots ကလည်း အသုံးဝင်တယ်နော်။ ဘူးဒူး အရုပ်လေးကလည်း ပိတ်စတွေပင်အပ်တွေအပ်ချည်တွေနဲ့ အိမ်မှာ အလွယ်တကူပြုလုပ်လို့ရပါတယ်။ ယခုလို Covid 19 ကာလကြီးမှာ mask တွေကလည်းမပါမဖြစ်မို့ သူ့ကိုလည်းမေ့ထားလို့မရပါဘူး။ အောက်မှာပြထားတဲ့ accessories လေးတွေရှိရင်နဲ့ လုပ်ကြည့်လို့ ရတာမို့ သာမန် ဝတ်စုံတွေနဲ့ ပဲစုန်းမလှလှလေး အသွင်ပြောင်းကြည့်လိုက်ကြရအောင်……..။

Romantic witch

ဒါကတော့ romantic vibe ကိုပေးတဲ့ ချစ်စရာစုန်းမလှလှလေးတစ်ယောက်ပုံစံပဲဖြစ်ပါတယ်။ accepted color scheme ကိုသုံးထားပြီးတော့ ruffles တွေ lace တွေနဲ့ romance vibe ကိုပေါ်လွင်စေပါတယ်။အရိုးခေါင်းလေးတွေပါတဲ့လည်ဆွဲနဲ့ နှင်းဆီသရဖူကြောင့် အပေါ်ပိုင်းမှာ weight များသလိုမဖြစ်စေဖို့ color hue ဖြစ်တဲ့ အနီရောင်ဖိနပ်လေးနဲ့ ထိန်းထားတာပဲဖြစ်ပါတယ်။ဒီအဆင်အယင်ကိုအနက်ရောင် glossy lipstick နဲ့ဖြည့်စွက်ထားတဲ့ make up look ကချစ်စရာကောင်းတဲ့ စုန်းမလေးအသွင်ကို ပြည့်စုံစေမှာ ပဲဖြစ်ပါတယ်။

Aggressive witch

Sexy ဆန်တဲ့ မိန်းကလေးတွေအတွက်ကိုတော့ sheer body suit ကို army green skirt လေးနဲ့ တွဲဖက်ထားပြီးတော့ သူမပိုပြီး comfort ဖြစ်စေဖို့ အနက်ရောင် ဇာ cape ကိုသုံးထားပါတယ်။ accessory အနေနဲ့ mask ကိုသုံးထားပြီးတော့ witch theme လေးကိုပေါ်လွင်စေတဲ့ အနက်ရောင် လည်သာဖိနပ်ရှည်နဲ့ အချိုးအစားကျအောင်ဆင်ယင်ထားပါတယ်။ စစ်စိမ်းရောင် miniskirt နဲ့ ပနံသင့်စေဖို့ကတော့ ရဲရဲတောက်နှုတ်ခမ်းနီကတော့ မပါမဖြစ်ပါပဲ။

Hippie witch

သပ်သပ်ရပ်ရပ်နဲ့ sophisticated style မျိုးကို မကြိုက်တတ်တဲ့ စုန်းမလေးတွေ အတွက်ကိုတော့ hippie theme လေးနဲ့ အခု ခေတ်စားနေတဲ့ scarf top လေးကိုသုံးပြီးဖန်တီးထားပါတယ်။ bold color တွေကို မသုံးပဲနဲ့ အရောင်တူ ဖိနပ်နဲ့ ဦးထုပ်ချွန်လေးကိုသုံးပြီး proportion ညီအောင် accessorize လုပ်ထားတာမို့လို့ ပေါ့ပေါ့ပါးပါး ပုံစံလေးပဲကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ်ထင်ပါတယ်။

Japanese witch

နောက်တစ်မျိုးကတော့ Japanese Witch လေးပဲဖြစ်ပါတယ်။ ဒီမှာတော့ ဂျပန်ကျောင်းသူလေးတွေ ဝတ်ဆင်တဲ့ ကျောင်းဝတ်စုံကို Jack-o’-lanterns texture လေးတွေပါတဲ့ ခြေအိတ်ရှည်နဲ့တွဲဖက်ပေးထားပါတယ်။ ခြေအိတ်ရဲ့ အပြင်က ဖိနပ်ကိုတော့ boring မဖြစ်စေဖို့ ရှူး ဖိနပ်ကိုမသုံးပဲနဲ့  platform ပါတဲ့ sandal အမဲရောင်ကိုဆင်ယင်ထားပါတယ်။ လိမ္မော်ရောင်  Jack-o’-lanterns လေးတွေနဲ့ လိုက်ဖက်စေဖို့ ခေါင်းပေါ်မှာ လိ​မ္မော်ရောင် ဘီးကုပ်လေးနဲ့ လိမ္မော်ရောင် နားဆွဲလေးကို သုံးပေးထားပါတယ်။ ကျောင်းသား vibe လေးရစေဖို့ Halloween theme နဲ့ ကိုက်တဲ့ picture လေးပါတဲ့ tote bag လေးကို ထည့်ပေးထားပြီးတော့ ဘူးဒူးအရုပ်ကလေးနဲ့ ဂျပန်စုန်းမလေးကို ပြည့်စုံစေပါတယ်။

Vintage witch

နောက်ဆုံးတစ်မျိုးကတော့ ကိုယ့်မေမေရဲ့ ဝတ်စုံတွေကိုသုံးပြီး ဖန်တီးလို့ရတဲ့ Vintage theme လေးပဲဖြစ်ပါတယ်။ ဒီမှာတော့ monochromatic color scheme ကိုသုံးပြီး မတူညီတဲ့ ခရမ်းရောင် tone တွေနဲ့ ရိုးရိုးရှင်းရှင်းပဲဆင်ယင်ထားတာပါ။ witch vibe လေးရစေဖို့ Halloween texture လေးတွေပါတဲ့ ထီးကလေးကို အသုံးပြုထားပါတယ်။ vintage vibe ရော Halloween vibe ရော ရစေတဲ့ ထိပ်ချွန်ဦးထုပ်သေးသေးလေးကို အောက်က အနက်ရောင် boots နဲ့ ယှဉ်တွဲစေခြင်းက weight balance ဖြစ်စေဖို့ပါ။ ဇာလက်အိတ်ဝတ်ထားတဲ့ လက်နဲ့ accessory ဖြစ်တဲ့ဖန်လုံးလေးကိုကိုင်စေခြင်းက vintage စုန်းမလေးကို fortune telling witch အနေနဲ့  သရုပ်ဖော်ခြင်း ပဲဖြစ်ပါတယ်။ အနက်ရောင်နှုတ်ခမ်းနီနဲ့ Smokey eyes make up နဲ့တွဲဖက်လိုက်တဲ့ အခါမှာတော့ perfect ပါပဲ။

ဒီနေ့ ပြောပြတဲ့ styling tips လေးတွေကို စာဖတ်သူတို့ နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်။ အားလုံးပဲ Halloween day ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဖက်ရှင်ကျကျဖြတ်သန်းနိုင်ကြပါစေရှင်။

By Yawai Htoo Myat

References

https://www.history.com/topcs/halloween/history-of-halloween

1 thought on “Halloween Outfits

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes