Site Overlay

10 Netflix Series to Boost Your Creativity During New Normal…..

Hello… စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ…

Covid-19 ကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ထားတော့ အိမ်မှာပဲရုပ်ရှင်တွေကြည့်ရတာ ပျင်းနေကြပြီလား… ကြည့်မယ်ဆိုပြီး List လုပ်ထားတဲ့ Movie တွေ နဲ့ Series တွေ အကုန်ကြည့်ပြီးသွားလို့ Second Wave မှာ ကြည့်စရာမရှိတော့မှာ စိုးရိမ်နေကြပြီလား… ဒါမှမဟုတ် Movie တွေ Series တွေချည်းပဲ ကြည့်ရတာ ပျင်းလာလို့ တခြားကိုယ့်ရဲ့အလုပ်နဲ့ သက်ဆိုင်တဲ့ Reality show တွေနဲ့ Documentary show အသစ်တွေကို မြည်းစမ်းကြည့်ချင်စိတ် ဖြစ်ပေါ်နေပါသလား…အဲဒါဆိုရင်တော့ အခုပြောပြသွားမဲ့ အကြောင်းအရာလေးက သင်နဲ့ သက်ဆိုင်နေပါလိမ့်မယ်…

 New Normal ကြောင့် Netflix အစရှိတဲ့ Streaming Media တွေကို မြန်မာနိုင်ငံမှာတွင်ကျယ်စွာ အသုံးပြုလာကြပါတယ်… အဲ့ဒါကြောင့် အနုပညာကို စိတ်ဝင်စားတဲ့သူတွေ၊ သက်ဆိုင်ရာနယ်ပင်မှာ တကယ်အလုပ်လုပ်နေကြတဲ့သူတွေရဲ့ အလုပ်လုပ်ပုံအတွေ့အကြုံတွေကို စိတ်ဝင်စားတဲ့သူတွေ၊ Second wave မှာ အိမ်ထဲမှာပဲနေပြီး Inspiration တွေစုရင်း ကိုယ်ပိုင် Creativity level ကို boost လုပ်ချင်တဲ့သူတွေအတွက် အနုပညာနဲ့ သက်ဆိုင်တဲ့ Reality နဲ့ Documentary များကို ရွေးချယ်အကြံပြုံပေးသွားမှာပဲ ဖြစ်ပါတယ်…

1. Abstract: The Art of Design

Abstract: The Art of Design

ပထမဆုံး ပြောပြချင်တဲ့ ခေါင်းစဥ်လေးကတော့ Abstract: The Art of Design ဆိုတဲ့ Documentary လေးပဲ ဖြစ်ပါတယ်… ၂၀၁၇ ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ကာ Season ၂ ခုပါဝင်ပြီး IMDb rating အနေနဲ့ 8.4/10 ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်… အထူးသဖြင့် Designer တွေ၊ Architect တွေ၊ Artist တွေသာမက Art & Design ကို စိတ်ဝင်စားသူတိုင်း ကြည့်သင့်တဲ့ Program လေးတစ်ခုပါ… ပျင်းစရာကောင်းတဲ့ Documentary ပုံစံမျိုးမဟုတ်ပဲ နယ်ပယ်တစ်ခုချင်းစီအလိုက် အသီးသီးနာမည်ကြီးကြတဲ့ Artist တွေရဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေနဲ့ Project တစ်ခုကို ဘယ်လိုကိုင်တွယ်လုပ်ဆောင်တယ်ဆိုတာကို ရိုက်ပြထားတာမို့လို့ စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာ တော့ အသေအချာပါပဲ…

2. Moving Art

Moving Art

နောက်ထပ်မျှဝေချင်တဲ့ အစီအစဥ်ကတော့ American Filmmaker တစ်ဦးဖြစ်တဲ့ Louie Schwartzberg ရဲ့ Moving Art ဆိုတဲ့ အစီအစဥ်လေးပဲ ဖြစ်ပါတယ်… Filmmaker တွေ၊ Cinematographer တွေ၊ Director တွေသာမက သဘာဝတရားကြီးကို ချစ်မြတ်နိုးတဲ့သူတွေနဲ့ သဘာဝတရားကြီးကနေ Inspiration ယူတတ်တဲ့ Designer တွေ ကြည့်ကို ကြည့်သင့်တဲ့ Docu-Series တစ်ခုပါ… Season 3 ခုပါဝင်ပြီး IMDb rating ကလဲ 8.7/10 ရထားတာဆိုတော့ ဘယ်လောက်ထိကောင်းတယ်ဆိုတာကို အထူးတလည်ပြောပြေနေဖို့ မလိုတော့ပါဘူး…

3. The Creative Indians

The Creative Indians

အခုပြောပြချင်တဲ့ အစီအစဥ်လေးကတော့ ပထမဦးဆုံးမျှဝေခဲ့တဲ့ Abstract Series လိုပါပဲ… ဒါပေမဲ့ မတူတာက Asian Country တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံက Creator တွေ Artist တွေအကြောင်းဖြစ်နေတာပါပဲ ဒါကတော့ ခေါင်းစဥ်မှာကတည်းက သတိထားပြီးသားဖြစ်မှာပါ… Abstract Series လိုမျိုး Project တစ်ခုကို ဦးတည်ပြီး ရိုက်ပြတာမျိုးထက် Career & Experience Sharing ပုံစံမျိုးဖြစ်တာကြောင့် လေ့လာမှတ်သားစရာတွေတော့ ရလာမှာ သေချာပါ တယ် … IMDb rating ကလဲ 8.7/10 ဆိုတော့ စိတ်ဝင်စားဖို့ကလဲ ကောင်းနေပြီပေါ့… Season ၄ ခု ရှိပေမဲ့ Netflix မှာကတော့ Season ၃ နဲ့ ၄ ကိုပဲ ကြည့်လို့ရနိုင်ပါတယ်… Asian Country ချင်းအတူတူမို့ ပိုပြီးကြည့်လို့ကောင်းမယ် ဆက်စပ်လို့ရမယ်လို့လဲ ထင်ရတာပေါ့…

4. Queer Eye (2018)

Queer Eye

Queer Eye ဆိုတဲ့ Series ကတော့ Reality show အမျိုးအစားဖြစ်ပြီး 2003 ခုနှစ်က ရှိခဲ့ဖူးတဲ့ Queer Eye for the Straight Guy ဆိုတဲ့ Reality show ကို Netflix က ပြန်ပြီး reboot လုပ်ထားတာပဲ ဖြစ်ပါတယ်… ဒီ Show မှာတော့ Fab Five လို့ခေါ်တဲ့ သက်ဆိုင်ရာနယ်ပယ်အလိုက်မှာ နာမည်ကြီးကြတဲ့ Specialist ၅ ယောက်က New York မြို့မှာရှိတဲ့ Single အမျိုးသားများကို Makeover လုပ်ပေးပြီး လက်ရှိဘဝတွေကို update မြှင့်ပေးတဲ့ ပုံစံမျိုးမို့ ကြည့်ရတာ အားရဖို့ကောင်းပါတယ်… မတူညီဘဲ ကွဲပြားခြားနားတဲ့ လူများစွာကို Transform လုပ်ပေးကြတာ ဖြစ်လို့ tips and tricks လေးတွေကိုလဲ လေ့လာမှတ်သားလို့ရနိုင်ပြီး ကိုယ့်ကိုယ်ကို Update ဖြစ်လာအောင် သင်ယူလို့ရနိုင်တာမို့ IMDb rating 8.5/10 ရထားတဲ့ ဒီ Reality series လေးဟာလဲ ကြည့်သင့်တဲ့အထဲမှာ ပါနေပါတယ်နော်… Season 5 ခုတောင်ရှိတာဆိုတော့ အေးအေးဆေးဆေး အကြာကြီးကြည့်လို့လည်းရတာပေါ့…

5. Next in Fashion

Next in Fashion

Fashion Designer များဖြစ်ကြတဲ့ Alexa Chung နဲ့ Tan France တို့နှစ်ဦးက Host အဖြစ်ပါဝင်ပြီး ယခု ၂၀၂၀ ခုနှစ်ရဲ့ Netflix Original Series အသစ်တစ်ခုဖြစ်တဲ့ Next in Fashion ဆိုတဲ့ Reality Series ဟာလဲ IMDb rating 7.3/10 ရထားတဲ့ စိတ်ဝင်စားစရာ Series တစ်ခုပါပဲ… လက်ရှိ Fashion Industry ထဲက နာမည်အနည်းငယ်သာရှိသေးသော Fashion Designer များက အဖွဲ့လိုက်ခွဲပြီး Theme တစ်ခုချင်းစီအလိုက် Concept Stage ကနေ ရုပ်လုံးပေါ်လာသည့်အထိ ထိုမှတစ်ဆင့် Model နှင့်အတူ Runway ပေါ်တက်နိုင်သည့် Fashion Design များဖြစ်လာသည့်အထိ ဖန်တီးချုပ်လုပ်ကာ ပြိုင်ပွဲဝင်ရပြီး Celebrity Designer များ၊ နာမည်ကျော် Fashion Model များကပါ လာရောက် Judge လုပ်ပေးကြတယ်… မြန်မာနိုင်ငံက Fashion Designer များသာမက Fashion ကို စိတ်ဝင်စားသူတိုင်း လေ့လာကြည့်ရှုသင့်တယ်ဆိုတာကိုတော့ ထပ်ပြီးအသိပေးပါရစေ…

6. The World’s Most Extraordinary Homes

The World’s Most Extraordinary Homes

2017 မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ ဒီ Documentary Series လေးဟာဆိုရင်ဖြင့် မြန်မာနိုင်ငံက Architect တွေနဲ့ Interior Designer တွေသာမက Structural Engineer တွေအတွက်ပါ တော်တော်လေး အထောက်အကူဖြစ်မဲ့ Series ကောင်းလေးတစ်ခုပါပဲ… Architect – Piers Taylor နဲ့ Presenter – Caroline Quentin တို့ ပူးပေါင်း တင်ဆက်ထားပြီး ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ စိတ်ဝင်စားဖွယ်ရာ ဆောက်လုပ်ဖန်တီးထားသော ဗိသုကာ လက်ရာပုံစံများကို သွားရောက်ရှာဖွေလေ့လာပြတာကို မြင်ရပြီး သဘောကျကြလိမ့်မယ်ထင်ပါတယ်… IMDb rating 7.6/10 ရထားပြီး Season ၂ ခုရှိတာမို့ မြန်မာနိုင်ငံက ဗိသုကာတွေနဲ့ Interior Designer တွေလဲ လေ့လာနိုင်စေဖို့ ဒီ Series လေးကို ညွှန်းပါရစေ…

7. RuPaul’s Drag Race

RuPaul’s Drag Race

Reality show တွေကြားထဲမှာ နာမည်ကြီးသလို Emmy ဆုတွေလဲ အများကြီးရထားတဲ့ Program တစ်ခု ဖြစ်ပါတယ် … ၂၀၀၉ ခုနှစ်ကတည်းက အခုချိန်ထိ ဆက်လက်ထုတ်လွှင့်နေပြီး Season ၁၂ ခုရှိကာ IMDb rating ကလည်း 8.5/10 တောင် ရထားတာဆိုတော့ စိတ်ဝင်စားဖို့ကောင်းနေပြီပေါ့… America’s Next Top Model တို့လို Reality Show ပွဲတွေကို ရင်းနှီးနေတဲ့သူတွေကတော့ RuPaul’s Drag Race ရဲ့ Format ကို ရင်းနှီးကြမှာပါ… ထူးခြားတာက ခေါင်းစဥ်မှာတွေ့ခဲ့တဲ့အတိုင်း သာမန်လူတွေ ယှဥ်ပြိုင်ကြတာမဟုတ်ဘဲ Drag Queen တွေ ဝင်ပြိုင်ကြတာဖြစ်ပြီး Host ဖြစ်တဲ့ RuPaul ဆိုတဲ့ Drag Queen နဲ့ အတူ Fashion/Art Community က နာမည်ကြီးတွေ Judge လုပ်ပေးကြတာဆိုတော့ Rating များနေရတာလဲ အထူးအဆန်းမဟုတ်ဘူးပေါ့… Episode တစ်ခုချင်းစီရဲ့ Theme တစ်ခုချင်းစီ အလိုက် Concept တွေ၊ Dress တွေ၊ Makeup Look တွေကို အပြိုင်အဆိုင်ဖန်တီးကြတာကို မြင်ရမှာမို့ Designer တွေ၊ Stylist တွေနဲ့ Makeup Artist တွေအတွက်တော့ သဘောကျနှစ်သက်စရာဖြစ်မှာပါပဲ…

8. The Big Flower Fight

The Big Flower Fight

ဒီ Reality Series လေးကတော့ အခု 2020 ခုနှစ်မှ Netflix က ထုတ်လွှင့်ပြသနေသော Series တစ်ခုဖြစ်ပြီး Season 1 သာရှိသေးပေမဲ့ IMDb rating 7.5/10 အထိ ရထားပါတယ်… London မှာရှိတဲ့ Royal Botanical Garden မှာ ဝင်ရောက်ပြသခွင့်ရဖို့အတွက် Florist တွေ၊ Sculptors တွေနဲ့ Garden Designers တွေ အဖွဲ့လိုက် ဝင်ရောက်ယှဥ်ပြိုင်ကြတာဖြစ်လို့ ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းတာ အမှန်ပါပဲ… မြန်မာနိုင်ငံက Sculptural Artist တွေ၊ Florist တွေသာမက Landscape Architect တွေ၊Designer တွေလဲ ဒီ Series ကနေ အများကြီးလေ့လာသင်ယူနိုင်တာမို့ သဘောကျကြဖို့ မျှော်လင့်ပါတယ်…

9. Styling Hollywood

Styling Hollywood

Styling နဲ့ ပတ်သက်တဲ့ Reality Show တွေက အလွန်ရှားပါတယ်… ဒါပေမဲ့ ကံကောင်းစွာနဲ့ ပြီးခဲ့တဲ့ 2019 နှစ်ကုန်ပိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ Styling Hollywood ဆိုတဲ့ Reality Show ကတော့ Fashion Styling ကို ဝါသနာပါတဲ့သူတွေအတွက်တော့ ကျေနပ်စရာကောင်းမှာ အမှန်ပါပဲ… Celebrity Stylist – Jason Bolden နှင့်အတူ Interior Designer Adair Curtis တို့ပူးပေါင်းကာ Hollywood က Celebrities များရဲ့ Red Carpet look နဲ့ Home Design များကို ဘယ်လိုပြောင်းလဲဖန်တီးခဲ့လဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်… IMDb rating ကလဲ 6.6/10 ရထားတာဆိုတော့ Stylist တွေနဲ့ Interior Designer တွေ ဘယ်လိုအလုပ်လုပ်ကြတယ်ဆိုတာ သိချင်ကြသူများ ကြည့်ဖို့တိုက်တွန်းပါရစေ…

10. Glow Up

Glow Up

နောက်ဆုံးမိတ်ဆက်ပေးချင်တဲ့ အစီအစဥ်ကတော့ Glow Up လို့ခေါ်တဲ့ British Creative Make Up ပြိုင်ပွဲလေးပဲဖြစ်ပါတယ်… 2019 မှာ စတင်မိတ်ဆက်ခဲ့ပြီး Make up and beauty experts များက judge အဖြစ်ပါဝင်ကာ ဆန်းသစ်သော Creative Makeup အသစ်များကို တွေ့မြင်ရမှာဖြစ်လို့ Makeup Artist များသာမက Fashion Enthusiast များလဲ ကြည့်ရှုသင့်ပါတယ်နော်… စိတ်ဝင်စားဖို့ကောင်းပြီး Rating ကလဲ မဆိုးလှတာမို့ Creative Makeup တွေကို ကြည့်ပြီး Stay at home မှာ စမ်းသပ်လိမ်းခြယ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်…

အခုလောက်ဆိုရင် Stay at home ကာလမှာ အိမ်မှာနေပြီး ရွေးချယ်ကြည့်ရှုနိုင်စေရန် ရွေးချယ်ဖော်ပြပေးခဲ့တဲ့ Reality/Documentary Series လေးတွေကို စာဖတ်ပရိတ်သတ်များလဲ သဘောကျနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်…

New Normal မှာ အိမ်မှာပဲနေရင်း လေ့လာစရာအသစ်တွေ စိတ်ကူးအသစ်တွေရပြီး ပိုမိုကောင်းမွန်တဲ့ Creation တွေကို ဖန်တီးနိုင်ကြပါစေ…

အချိန်ပေးပြီး ဖတ်ရှုကြတဲ့အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်နော်…

တခြား Art & Design နဲ့ ဆက်စပ်တဲ့ စိတ်ဝင်စားစရာ Article အသစ်များကိုလဲ ရေးပေးသွားဦးမှာမို့ စောင့်မျှော်ပေးကြပါဦး…..

by Carlos Moore

2 thoughts on “10 Netflix Series to Boost Your Creativity During New Normal…..

  1. I am just commenting to let you be aware of of the impressive experience my wife’s girl gained checking your site. She came to understand a good number of pieces, with the inclusion of what it is like to have a marvelous teaching mood to make many more easily fully understand some hard to do things. You undoubtedly surpassed our expectations. I appreciate you for displaying those insightful, healthy, revealing and also easy thoughts on this topic to Gloria.

  2. Thanks for the ideas you have contributed here. On top of that, I believe there are a few factors which really keep your automobile insurance premium straight down. One is, to take into account buying cars that are inside good listing of car insurance providers. Cars which can be expensive are more at risk of being snatched. Aside from that insurance is also depending on the value of your car, so the higher in price it is, then the higher the particular premium you pay.

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes