Site Overlay

BlackPink’s “Lovesick Girls” MV Fashion Lookbook

Blackpink in your Area!!!

အောက်တိုဘာလ ၂ ရက်နေ့မှာတော့ Blackpink အဖွဲ့ရဲ့ “The Album “လို့ အမည်ရပြီး စုစုပေါင်း သီချင်း ၈ ပုဒ် ပါဝင်တဲ့ First full album ဟာ ပရိသတ်အရှေ့ကို တရားဝင် ထွက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီထဲကမှ group title song ဖြစ်တဲ့ “Lovesick girls” MV ဟာဆိုရင်လည်း မနက် ၁၀:၃၀ အချိန်မှာ ထွက်ရှိလာခဲ့ပါတယ်။

ဒီ “Lovesick Girls” သီချင်းကိုတော့ Teddy, 24, R.Tee, David Guetta, Brian Lee နဲ့ Leah Haywood တို့အပြင် Blackpink အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ Jennie ကပါ producer အနေနဲ့ ပါဝင်ထားတဲ့လို့လဲ သိရှိရပါတယ်။ ဒါ့အပြင် သီချင်းစာသားရေးတဲ့ အခါမှာလည်း Blackpink အဖွဲ့ဝင် နှစ်ယောက်ဖြစ်တဲ့ Jennie နဲ့ Jisoo တို့ကပါ ပါဝင် ရေးစပ်ထားတာကြောင့် Blink တွေ အရမ်းကို စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေခဲ့ရတဲ့ သီချင်းတစ်ပုဒ် ဆိုရင်လဲ မမှားပါဘူး။

ယခု MV ထွက်ရှိလာတဲ့အခါမှာလဲ သီချင်း title “Lovesick girls” ဆိုတာနဲ့ လိုက်ဖက်ညီစွာ အချစ်ကြောင့် စူးရှစွာ ၊ နက်နဲစွာ နာကျင်ခံစာရနေရတဲ့ ကောင်မလေး ၄ ယောက်အနေနဲ့ တွေ့မြင်ရပြီး သီချင်းစာသားတွေဟာလည်း လိုက်ဖက်ညီစွာ ရေးစပ်ထားတာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် MV ရိုက်ကူး တင်ဆက်ထားမှုမှာလဲ နာကျင်ခံစားနေရတဲ့ သူ့တို့တွေရဲ့ ပေါက်ကွဲမှုတွေကို ဖော်ပြတဲ့ messy – grungy theme လေးနဲ့ တင်ဆက်ထား ကို တွေ့မြင်ရပါတယ်။ ဒီ MV လေးဟာ ထွက်ရှိရှိပြီးချင်း အချိန်ပိုင်း ၁ နာရီလောက်လေး အတွင်းမှာပဲ ကြည့်ရှုသူ 14M ထိ ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

Fashion ပိုင်းမှာဆိုရင်လဲPunk, Rock, Grunge theme ကိုမှ romance style လေးနဲ့ ရောစပ်ကာ Layering အမြောက်အများ သုံးစွဲပြီး Messy K-pop street style တိုကို ပိုင်နိုင်စွာ တွဲဖက်ဝတ်ဆင်ထား ကြတာပဲဖြစ်ပါတယ်။

  • Jeans coat, ripped tees တွေအပြင် အတူ Celine ရဲ့dancing kid jacket ကို animal printed Boots နဲ့ တွဲဖက်ထားတဲ့ Lisa ရဲ့ တစ်မှုထူးခြားတဲ့ Glam punk/ Glam Rock style outfits တွေဟာဆို လုံးဝကိုအမိုက်စားတွေပါပဲ။
  • Jisoo ရဲ့ ကျော့မော့လှတဲ့ အလှတရားနဲ့အတူ grungy-romance style lace couture dress တွေဟာ နောက်ခံ cinematography အတိုင်း စွဲမက်ဖွယ်ကောင်းလွန်းတာကို မြင်တွေ့ရပါတယ်။
  • Pastel ပန်းရောင် ဆံပင်ကာလာနဲ့ အတူ Leather jacket, pastel ကာလာ ruffle skirt လေးတွေနဲ့ တွဲဖက်ထားတဲ့ Rose ရဲ့ soft grunge style ဟာလဲ K-pop ပရိသတ်တွေ ကြိုက်နှစ်သက်ချင် စရာပါပဲ။
  • Jennie ရဲ့ outfit စတိုင်တွေဟာ ဆိုရင် jewelry တွေ accessories တွေကို အသုံးပြုပြီး လှပတဲ့ grunge chic style လို ပြင်ဆင်ထားတာကို တွေ့ရပြပါတယ်။

ဝတ်စုံတစ်စုံချင်းစီရဲ့ accessories တွေက အစ အဖွဲ့ဝင် ၄ ယောက်လုံးရဲ့ color အတွဲအစပ်နဲ့ mix & match စတိုင်တွေဟာ ဆိုရင် အပိုအလို မရှိ ချပြနိုင်ခဲ့တာကို တွေ့မြင်တာရပါတယ်။ အဲဒါကြောင့် တစ်ယောက်ချင်းစီရဲ့ outfit အသေးစိတ်လေးတွေ အကြောင်း အတူတူ လေ့လာကြည့်ရအောင်  Lovesick girls MV outfits Look-book လေးပါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

Lookbookလေးတွေ အကုန်လုံးကိုလဲ ဖော်ပြပြီးသွားဆိုတော့ အားလုံးပဲ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ရင်း ဒီနေရာမှာ နိဂုံးချုပ်လိုက်ပါရစေ။ နောက်ထပ် ပိုကောင်းတဲ့ အကြောင်းအရာလေးတွေနဲ့ လာခဲ့ဦးမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။

References

Written by Yamin Inzali

2 thoughts on “BlackPink’s “Lovesick Girls” MV Fashion Lookbook

  1. Thanks for this glorious article. Also a thing is that a lot of digital cameras are available equipped with a new zoom lens that enables more or less of the scene to get included by means of ‘zooming’ in and out. All these changes in {focus|focusing|concentration|target|the a**** length usually are reflected while in the viewfinder and on big display screen right on the back of your camera.

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes