Site Overlay

Dior Spring Summer 2020 Haute Couture show

What If women Ruled the World?

by Judy Chicago

ဒီနေ့ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ Dior SS20 Haute Couture collection လေး အကြောင်းပဲ ဖြစ်ပါတယ်။ ဒီ collection လေးကိုတော့ အမေရိကန် iconic feminist artist တစ်ယောက် ဖြစ်တဲ့ Judy Chicago နဲ့ တွဲဖက်ပြီး လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

Judy Chicago

     ၁၉၇၀ နှောင်းပိုင်း ကာလမှာ Judy Chicago ဟာ သူမရဲ့ “The Dinner Party” လို့ခေါ်တဲ့ သူမရဲ့ installation artwork နဲ့ အတူ feminism အနုပညာ လှုပ်ရှားမှုကို အခိုင်အမာ ရပ်တည်ခဲ့သူပဲ ဖြစ်ပါတယ်။ ယခုမှာတော့ အမျိုးသမီးတွေရဲ့ divine( အံဩဖွယ်ကောင်းလှသော မနောခံစားမှု)တို့အပေါ်  သူမရဲ့ ကျယ်ပြန့်လှတဲ့ လေ့လာမှုတွေကို Dior ရဲ့ Creative Director Maria Grazia Chiuri နဲ့ တွဲဖက်ကာ Dior Haute Couture show အတွက် “The Body of goddness” ကို ဖော်ပြသော အလွန့်အလွန် ကြီးမားပြီး တပ်ဆင်ထုလုပ်ရတဲ့ အနုပညာလက်ရာကို ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီထုဆစ်ထားတဲ့ လက်ရာဟာဆိုရင် အမျိုးသမီးတွေရဲ့ မိခင်စိတ်ကို ညွှန်းဆိုနေတဲ့ “The Female Divine” အမည်ရှိသော သားအိမ်ခန္ဓာကိုယ် ပုံသဏ္ဌာန် လျောက်လမ်း (womb-shaped Runway )နေရာပဲဖြစ်ပါတယ်။ အဲဒီ runway ခန်းမရဲ့ အထဲမှာဆိုရင်တော့ “Would There Be No Violence?” , “Would Old Women Be Revered?” , “Would The Earth Be Protected?” ဆိုတဲ့ မေခွန်းတွေနဲ့ လက်လုပ် ချည်ထိုးထားတဲ့ banners တွေကို လျှောက်လမ်းရဲ့ ဘေးတစ်ဖက် တစ်ချက်ဆီမှာ ချိတ်ဆွဲထားပါတယ်။

ရောမဂရိနတ်ဘုရားမတို့ရဲ့ အသွင်အပြင်တို့ကို inspire ယူထားတဲ့ ဒီ collection ဟာ ရှေးရောမ လူမျိုးတို့၏ sandals ဖိနပ်တွေနဲ့ တွဲဖက်ပြီး timeless evening dress တွေကို တစ်ဖန်ထုတ်ဖော်ခဲ့ပြန်ပါတယ်။ Chiffon, Silk အစရှိတဲ့ flowy materials တွေကို ခန္ဓာကိုယ်ကောက်လိုင်းတွေကို လိုက်ပြီး သပ်ရပ်သေချာစွာ drape လုပ်ထားတဲ့ ရွှေရောင်ဝင်းနေတဲ့ dress တွေဟာ ရိုးရှင်းပြီး အလွန် သိမ်မွေနူးညံ့လှတယ်။ ရော့တိရော့ရဲ့ လည်ပင်းအသားဖော်ထားတဲ့ ကောလံနဲ့ ကုတ်အင်္ကျီကို စကတ်၊ဘောင်းဘီတွေဟာ ရွှေရောင်ဝင်းနေသော suit ပုံစံ ရက်လုပ်ထားခဲ့ပါတယ်။Collection ရဲ့ နောက်ဆုံး ဝတ်စုံကိုတော့ ခြွင်းချက်အနေဖြင့် တစ်စုံလုံးကို sequin တွေဖြင့် အလှဆင်ထားပြီး အနောက်မှာ ခြုံလွှာချကာ ရှေးခေတ်နတ်ဘုရားမတွေရဲ့ စစ်မှန်တဲ့ ပါဝါကို ချပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ရွှေရောင်ဘီးကုတ်တွေကို မျက်နှာ ဖုံးအုပ်ထားတဲ့ ဇာ နဲ့ တွဲဖက်ထားပြီး သစ်ရွက်,ပန်း, အံ့ဩဖွယ် တိရစ္ဆာန် ပုံစံ ရှေးဟောင်းလက်ရာ လက်ဝတ်ရတနာလို တစ်ဖန် ဖန်းတီး တွဲဖက် ပေးလိုက်ခြင်းဟာ Chiuri ရဲ့ ဒဏ္ဍာရီလာ နတ်မိမယ်တွေရဲ့ အလှတရားကို ချီးမွမ်းခန်း ဖွင့်လိုက်ခြင်းပါပဲ။ ဂန္ထဝင် ဆန်တဲ့ နတ်ဘုရားမတွေလို အလှအတွက် eye-linerနှစ်ခု အလယ် ရွှေရောင် ထည့်လိုက်ခြင်းနဲ့အတူ ရွှန်းလဲ့တဲ့ နှုတ်ခမ်းတို့ကို Diorရဲ့ creative make-up director Peter Philips က အားဖြည့်ပေးခဲ့ပါတယ်။

“What if women Ruled the World?” , Judy Chicago ရဲ့ အထင်ကရ မေးခွန်းသဖွယ် ဆောင်ပုဒ်နဲ့ အဆုံးသတ်ကာ အမျိုးသမီးတွေရဲ့ ပါဝါ အာဏာကို ထုတ်ဖော်ပြထားပါတယ်။ မိခင်စိတ်အစရှိတဲ့ မိန်းမဆန်မှုတွေကို collection တစ်ခုလုံး အစ အဆုံး အထိ Chiuri ရဲ့ လိုက်ဖက်ရောညီစွာ ပြသနိုင်မှုကို တွေ့မြင်ရပါတယ်။ အနုပညာနယ်ပယ်မှာ ရပ်တည်နေတဲ့ အမျိုးသမီးတွေ ၊ မျိုးပွားစေမှုလိုမျိုး အဆုံးမရှိတဲ့ အမျိုးသမီးတွေရဲ့ ဖန်တီးမှုတွေကို အားပေးဖော်ထုတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။အနုပညာနဲ့ မိန်းမသား, သဘာဝက ဖြစ်သော မိခင် စိတ်ဓာတ်တွေကို အနုပညာနဲ့ တွဲဖက်ပြီး နတ်ဘုရားမတွေရဲ့ အဆုံးမရှိသော မိန်းမဆန်ဆန်အလှတရားနဲ့ ခိုင်းနှိုင်းဖော်ပြတဲ့ နူးညံ့သော feminist လှုပ်ရှားမှု တစ်ခုလို့ ခံစားမိပါတယ်။

စာဖတ်သူတို့ရော ဘယ်လို ခံစားမိပါသလဲ????

References

Written by Yamin Inzali

1 thought on “Dior Spring Summer 2020 Haute Couture show

  1. In this awesome pattern of things you’ll get an A for hard work. Where you misplaced us ended up being in your specifics. You know, people say, details make or break the argument.. And it could not be more accurate right here. Having said that, permit me say to you exactly what did give good results. Your writing is definitely really engaging and that is most likely why I am making an effort to comment. I do not make it a regular habit of doing that. Next, although I can notice a leaps in reason you make, I am not really convinced of just how you appear to unite your points that produce the actual conclusion. For right now I shall yield to your point however wish in the near future you actually connect the facts much better.

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes