Site Overlay

Styling With Zero Boring Flannel Plaid Outfits!

စာဖတ်ပရိတ်သတ်များအားလုံးမင်္ဂလာပါရှင်…
  ဒီအပတ်မှာတော့ ခပ်မိုက်မိုက်စတိုင်လေးတွေဝတ်ရတာကြိုက်ကြတဲ့ Cool-girl လေးတွေအတွက် Flannel Plaid Shirt လေးတွေကိုဘယ်လို Style Idea အမျိုးမျိုးနဲ့ မရိုးရအောင်ဝတ်ကြမလဲဆိုတာ ပြောပြချင်ပါတယ်။
  Flannel အကွက်အင်္ကျီလေးတေွကိုမြင်ရင် Retro Fashion Image ရဲ့ခံစားချက်ကိုရကြမှာပါ။ ဟုတ်ပါတယ်…Flannel Fabric Design တွေကို ၁၇ ရာစုနှစ်ထဲကစပြီးဝတ်ဆင်ခဲ့ကြတာပါ။ 90’s Grunge Subculture ရဲ့Signature Style တစ်ခုလဲဖြစ်ပါတယ်။ ခေတ်ကာလတွေကြာမြင့်လာပေမယ့် Flannel Plaid Shirt တွေဟာ ခေတ်ကုန်မသွားပါဘူး။အခုခေတ်ကိုရောက်လာတော့လဲ Flannel Plaid Shirt တွေဟာ Cool Style ဝတ်ဆင်ကြတဲ့သူတွေအတွက် Favorite Item တစ်ခုပါဘဲ။ ၂၀၂၁ခုနှစ်မှာလဲ Trending တစ်ခုအနေနဲ့ ဝတ်ဆင်ကြတာတွေ့ရပါတယ်။Office မှာဘဲဝတ်ဝတ် ၊ Date လုပ်ရင်ဘဲဖြစ်ဖြစ် ၊ Online Meeting တွေတက်ရင်ဘဲဖြစ်ဖြစ် Flannel Plid Shirt လေးတွေဟာ ဝတ်ဆင်လို့သင့်တော်တဲ့ Outfit တစ်ခုပါဘဲ။
You can wear it all year round in many different ways……..
You’ll find zero boring flannel outfits!!!😊😊😊
ဒီFlannel Plaid Outfit တွေကိုဘယ်လို Style တွေနဲ့ဝတ်ကြမလဲ????
Fashionable ဖြစ်အောင် Style Idea အမျိုးမျိုးနဲ့ဝတ်ဆင်လို့ရပါတယ်။
ဒီထဲက Cool Girl လေးတွေကြိုက်တတ်တဲ့ Youth Style Tips လေး(၁၀)မျိုးကိုပြောပြပေးချင်ပါတယ်။…..

1.Knotted In The Front

ဒီနည်းလေးကတော့ လွယ်လွယ်လေးပါ။ Flannel Shirt ရဲ့ အောက်ခြေအစွန်းနှစ်ဖက်ကို ချည်ပြီးဝတ်ဆင်လိုက်တာနဲ့ ဝတ်တဲ့သူရဲ့ Style ကို ပြောင်းလဲသွားစေမှာပါ။ လက်ကလေးနှစ်ဘက်ကို ခေါက်ဝတ်လိုက်တော့ ပိုမိုက်သွားတာပေါ့။ Sporty Sense ကိုရချင်တဲ့ Petite Girl တွေဆိုရင်တော့ပုံလေးထဲက Style အတိုင်း အစွန်းနှစ်ဖက်ကို မြင့်မြင့်လေးချည်ပြီး ဝတ်လိုက်ရင်တော့ Cool Girl လေးအသွင်နဲ့တွေ့ရမှာပါ။

2.Tied Around Your Waist With Different Outfits

နောက်တစ်မျိုးကတော့Flannel Shirt လေးတွေကိုခါးမှာပတ်ပြီးဝတ်တဲ့ Style Tip လေးဘဲဖြစ်ပါတယ်။ Main Outfit Top အနေနဲ့မသုံးဘဲ Flannel Shirt ကို Accessory တစ်မျိုးအနေနဲ့ တစ်ခြား Outfit တွေနဲ့တွဲပြီး ဝတ်ဆင်လိုက်တဲ့အခါ Style မိတဲ့ Cool Girl တွေဖြစ်သွားပြီပေါ့။

3.Tied Around Your Waist With Same Outfits

ပုံစံတူ Flannel Plaid Shirt တစ်ထည်ကို Main Outfit အဖြစ်ဝတ်ထားပြီး နောက်တစ်ထည်ကို ခါးမှာပတ်ထားတဲ့အခါ မတူတဲ့ Style လေးတစ်ခုထပ်ရပြန်တာပေါ့။

4.Unbuttoned With Sports Bra and Bike Shorts As A Oversized Flannel

Sport Bra နဲ့ Bike Short ရဲ့အပေါ်မှာ Oversized Flannel လေးကိုထပ်ဝတ်လိုက်ပါ။ Shirt လေးကိုကြယ်သီးမတတ်ဘဲဝတ်လိုက်တဲ့အခါ Sexy Look ကိုရစေမှာပါ။ Combat Boots လေးနဲ့ထပ်တွဲလိုက်တဲ့အခါ လူငယ်အကြိုက် Grunge Style လေးပေါ်သွားမှာဘဲဖြစ်ပါတယ်။

5.Unbuttoned With a Crop Top and Mini As A Oversized Flannel

Casual Street Style မှာ Petite Girl တွေဟာ Crop Top နဲ့ Mini skirt ကို Everyday wear အနေနဲ့ တွဲပြီးဝတ်ဆင်လေ့ရှိကြပါတယ်။ အပေါ်က Oversized Flannel Shirt ကို ဖက်ရှင်တစ်ခုအနေနဲ့ ထပ်ဝတ်လိုက်တဲ့အခါ Feminine Look ကိုရတဲ့အပြင် Cool Girl ရဲ့အသွင်ကိုပိုပြီးပေါ်လွင်စေပါတယ်။

6. Top a White Tee With An Unbuttoned Flannel Shirt

White Tee , Blue Jeans နဲ့ Flannel Shirt Outfit အတွဲလေးကတော့ Cool Girl လေးတွေအတွက် ဘယ်တော့မှရိုးမသွားတဲ့ Casual Look လေးပါဘဲ။

7. Checks and stripes? Why not!

Flannel plaid shirt ကို Striped Top Tee ရဲ့အပေါ်ကထပ်ဝတ်ပြီး Knee-ripped Skinnies နဲ့တွဲဖက်ဝတ်ဆင်လိုက်တော့ ခပ်မိုက်မိုက်စတိုင်လေးဖြစ်သွားတာပေါ့။ Buckle Hat နဲ့ Boot လေးကိုတွဲဝတ်လိုက်ရင်တော့ အခုခေတ်စားနေတဲ့ Hip-Hop Style လေးဖြစ်သွားမှာပါ။

8.Flannel Shirt With chunky silver necklace

I am so in love with this Style!

Chunky silver necklace, red pumps and structured shoulder bag in black leather.

ဒီ Accessory လေးတွေကို Flannel Shirt , Mid-rise Skinny Ripped Jeans တို့နဲ့အတူ တွဲဖက်ဝတ်ဆင်လိုက်တဲ့အခါ Fashionable ဖြစ်တဲ့မိန်းကလေးတစ်ယောက်ရဲ့အသွင်ကိုရစေပါတယ်။

9.Flannel With Khakis Pant

khaki pants နဲ့ Flannel Shirt ကိုတော့ Casual Wear မှာ တော်တော်များများဝတ်ဆင်ကြပါတယ်။ ဒီ Outfit အတွဲလေးဟာ သက်တောင့်သက်သာဖြစ်စေတဲ့အပြင် Youth Look ကိုပိုပြီးထွက်ပေါ်စေပါတယ်။ Cele တော်တော်များများရဲ့ Street Wear Look တွေမှာတွေ့ရပါတယ်။ Bucket Hat, Sneakerစတဲ့ Accessory တွေနဲ့တွဲဝတ်လိုက်ရင်တော့ Cool Girl လေးတွေကြိုက်တဲ့ Style လေးဘဲပေါ့။

10.As Flannel Jacket

Flannel Shirt Make Fashion!

Basic Top Outfit ကိုလူငယ်ဆန်ဆန်ဘာဘဲဝတ်ဝတ် Oversized Flannel Jacketတွေနဲ့တွဲဖက်ဝတ်ဆင်လိုက်တဲ့အခါအလွန်စတိုင်ကျပြီး Fashionable ဖြစ်နေတာတွေ့ရမှာပါ။မင်းသားမင်းသမီးတော်တော်များများရဲ့ Airport Wear Style တွေမှာအများဆုံးတွေ့ရတတ်ပါတယ်။

ဒီလောက်ဆိုရင် Flannel Plaid Shirt တွေကိုဘယ်လို Style တွေနဲ့ Fashionable ဖြစ်အောင်ဝတ်ရမလဲဆိုတာရိပ်စားမိကြမှာပါ။ တကယ်တော့ Flannel Plaid Shirt တွေဟာအသက်အရွယ်မရွေး ကိုယ်လိုချင်တဲ့Style ကိုပြောင်းလဲပြီး ဝတ်ဆင်နိုင်တဲ့ Outfit တစ်မျိုးဘဲဖြစ်ပါတယ်။ (20+)လူငယ်တေွစိတ်ကြိုက်ခပ်မိုက်မိုက် Cool Girl လေးတွေရဲ့စတိုင်ကိုရအောင်ဝတ်ဆင်လို့ရတဲ့အပြင် (30+),(40+),……စတဲ့ အသက်အရွယ်မိန်းကလေးတွေဟာလဲ ကိုယ်နဲ့ကိုက်ညီတဲ့ Style လေးတွေရ‌အောင် ဝတ်ဆင်နိုင်ကြပါတယ်။ Flannel Shirt တွေဟာ Grunge Style , Rock Style , Preppy Style , Hip-Hop Style စတဲ့လူငယ်ကြိုက်Style အမျိုးမျိုးရဲ့ Category ထဲမှာပါဝင်နေတာတင်မကဘဲ Classic Style , Chic Style စတဲ့ Style တွေရဲ့ Category ထဲမှာလဲတစ်ခုအပါအဝင်ဖြစ်ပါတယ်။အခုခေတ်မှာ Flannel Shirt တွေကို ဒီဇိုင်းတွေအမျိုးမျိုးထွင်ပြီးဝတ်ဆင်ကြလာတာလဲတွေ့ရပါတယ်၊ ခေတ်မကုန်တဲ့ Classic Retro Fashion တစ်မျိုးလို့ပြောရင်လဲမမှားပါဘူး။

ရှေ့မှာပြောပြခဲ့တဲ့ Matching Style 10ခုအပြင် တခြားတွဲဖက်ဝတ်ဆင်နိုင်တဲ့ Tips လေးတွေကို စာဖတ်သူတို့စိတ်ဝင်စားမယ်လို့ထင်တာကြောင့် ထပ်မံဖော်ပြပေးလိုက်ပါတယ်။ နောက်အပတ်တွေမှာမတူတဲ့ Styling Tips လေးတွေနဲ့မိတ်ဆက်ပေးဦးမှာဖြစ်လို့စောင့်မျှော်ဖတ်ရှုကြပါဦးလို့ပြောကြားရင်းနိဂုံးချုပ်လိုက်ပါတယ်။ ……

By Zar

References:

https://www.seventeen.com/fashion/style-advice/tips/g213/how-to-wear-plaid-clothing/

2 thoughts on “Styling With Zero Boring Flannel Plaid Outfits!

  1. Thanks a lot for giving everyone an exceptionally marvellous possiblity to read critical reviews from here. It is often very enjoyable and also jam-packed with a lot of fun for me personally and my office peers to visit your web site at least thrice in a week to see the latest issues you have. And of course, we are certainly impressed concerning the great ideas you give. Certain 1 ideas in this posting are definitely the most effective I have ever had.

  2. I’m just writing to let you be aware of of the notable encounter my cousin’s girl went through studying your site. She mastered several pieces, with the inclusion of what it is like to possess an excellent coaching style to let the rest just learn a number of problematic matters. You truly did more than visitors’ expected results. Thanks for providing such warm and helpful, trusted, informative and even fun tips about this topic to Lizeth.

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes