Site Overlay

Balenciaga Fall 2021 Collection

နာမည်ကြီး Fashion House တစ်ခုဖြစ်တဲ့ Balenciaga ဟာ သူရဲ့ Fall 2021 collection ကို ပုံစံသစ် တစ်မျိုးနဲ့ ချပြလာခဲ့ပါတယ်။ အဲဒါကတော့ “Afterworld; The Age of Tomorrow” နာမည်နဲ့ Video Game အသစ်ကို သူတို့ collection ထဲက Items တွေ ကို Game character တွေကို ဝတ်ဆင်ပေးပြီး ကစားလို့ ရမယ့်ပုံစံမျိုးနဲ့ တင်ဆက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ Game ရဲ့ Timeline ကိုတော့ 2031 ဆိုတဲ့ အနာဂတ်ကို ပုံဖော်ထားပြီး “Choose your character “ ဆိုတဲ့ screen မှာ ဂိမ်းကာရိုက်တာ အမျိုးမျိုးကို ရွေးချယ် ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

ဂိမ်းထဲမှာ ဆိုရင်တော့ ကစားသမားတွေက Zones အမျိုးမျိုး ဖြတ်သန်းသွားလာလို့ရပြီး Labyrinthine Balenciaga Store နဲ့ စတင်ထားပါတယ်။ အဲကနေမှ ဆက်လျောက်သွားရင်တော့ ဒီ Balenciaga Fall 2021 collection ထဲက items တွေကို ဝတ်ဆင်ထားတဲ့ ဂိမ်းမော်ဒယ်တွေကို တွေ့မြင်ရမှာပါ။

ဒီ Fall collection ကို ဗီဒီယိုဂိမ်းကနေ တစ်ဆင့် ဖော်ပြခြင်းဟာ ဒီ collection ရဲ့ လွှမ်းမိုးမှုတွေ၊ အထူးသဖြင့် လူတွေရဲ့ ကံတရားအပေါ် စူးစိုက်မှုနဲ့ အနာဂတ်ရဲ့ ဝတ်စားဆင်ယင်မှုတွေကို မှန်းဆ ဖော်ဆိုခြင်းပဲ ဖြစ်ပါတယ်။ ဂိမ်းကို စတင်မိတ်ဆက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ Balenciaga ဟာ ဒီလို ပြောဆိုခဲ့ပါသေးတယ်။ “Afterworld ရဲ့ ဇာတ်ကြောင်းကတော့ အတိတ်က ဒဏ္ဍာရီဖြစ်တည်မှုတွေနဲ့ အစွန်းရောက် အနာဂတ်ရဲ့ တကယ့် အစစ်အမှန် နီးပါး စိတ်ကူးယဉ်ပုံစံတွေကို အခြေပြုထားတာပါ။ ကမ္ဘာဟာ တဖြည်းဖြည်း ယိုယွင်းပျက်စီးနေတဲ့ ပုံမျိုး ပေမယ့် လုံးဝကို ပြုပြင်မရအောင် ပျက်စီးနေတဲ့ dystopian society ပုံစံမျိုးနဲ့တော့ ကွာပါတယ်” ဆိုပြီးတော့ပေါ့။ ဒါဟာ သဘာဝနဲ့ ဖက်ရှင်လုပ်ငန်းရဲ့အကျိုးသက်ရောက်မှုကို ပုံစံတစ်မျိုး ဖော်ပြနေတဲ့ အနာဂတ်ကို အသားပေးထားသော အနုပညာဖန်တီးမှုပဲ ဖြစ်ပါတယ်။

ဗီဒီယိုကနေ တစ်ဆင် တင်ဆက်ထားတဲ့ collection လက်ရာတွေဟာလဲ ဗီဒိီယိုဂိမ်း စတိုင် အငွေ့အသက်တွေ ပါနေပြန်ပါသေးတယ်။ NASA တံဆိပ် အကွက်နဲ့ Jacketတွေရယ် ၊ “when I am done with this T-shirt, I will donate it“ ဆိုတဲ့ တစ်ပတ်လည် ဖက်ရှင်နယ်ပယ်အပေါ် Balenciaga ရဲ့ statement ပါတဲ့ T-shirt တွေ ပါဝင်ပါတယ်။ အပေါ်ထပ် အင်္ကျီပုံစံတွေက High-vis Jacket ( safety ဂျတ်ကတ်)လိုမျိုးကို Statement စာသားတွေနဲ့ တကယ်ကို ထင်ပေါ်လွန်းလှပါတယ်။ ထောင့်ချိုးပုံက ကျောက်သားလို ပုံစံမျိုးရတဲ့ အရောင်တောက်တောက် မျက်မှန်တွေ ၊ အလယ်ခေတ်စတိုင် ချပ်ဝတ်ပုံစ် Boots တွေနဲ တွဲဖက်ပြီး futuristic ပုံစံသစ် တစ်မျိုးကို ဖော်ထုတ်ထားပြန်ပါတယ်။ တကယ်ကို ဆန်းသစ်လှပြီး တစ်မျိုးထူးနေတဲ့ ဒီ Balenciaga ရဲ့ Fall 2021 collection ဟာ စိတ်မဝင်မစားဘဲ မနေနိုင်လောက်အောင်ပါပဲ။ နက်ရှိုင်းလှတဲ့ အဓိပ္ပာယ်များစွာကို နှစ်မြုပ်ထားပြီး အနာဂတ်ပုံစံကို အစစ်အမှန်နီးပါး ပုံဖော်တင်ဆက်နိုင်ခဲ့ပါတယ်။

အဲဒါကြောင့် ကိုယ်တွေလဲ နောက်ကျကျန်မနေခဲ့ရအောင် Balenciaga ရဲ့ official website ကနေတစ်ဆင့် အနာဂတ် ဖက်ရှင်လောကကို ကိုယ်တိုင်ကိုယ်ကျ အတူတူ ဝင်ရောက်လေ့လာကြည့်ကြရအောင်။

By Yamin Inzali

References

https://videogame.balenciaga.com/en/looks?fbclid=IwAR1y38Ir_2SlNBd14_bXaTkgMmdWn7Bj93YJk3yTc6fDN-TbZdpuhPFcvvA

https://i-d.vice.com/en_uk/article/4ada7n/balenciaga-aw21-video-game-review?fbclid=IwAR3hlYetgP4tO6c3cNOO1WPBTcgtb35UxhlROSObewtdH_5QfMT9TaR3FtM

https://hypebeast.com/2020/12/balenciaga-fall-2021-collection-afterworld-age-of-tomorrow-video-game?fbclid=IwAR28gooZQwCTILkaOFy0CiD0_IfJdrmI8S-uw-gYnvuTHKOuLzzLLGCNSbU

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes