Site Overlay

Patricia Field X Emily in Paris

Hello… စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ။

Ariel’s Be Chic Be Unique ဆိုတဲ့ Blog ကနေကြိုဆိုပါတယ်။

ရုပ်ရှင်ဇာတ်လမ်းများကို ဖန်တီးတဲ့နေရာမှာ Character နဲ့ လိုက်ဖက်ညီစေမဲ့ Look တွေနဲ့ Styling တွေကို ဖန်တီးပေးတဲ့ Costume Stylist/ Designer တွေရဲ့ အခန်းကဏ္ဍကိုလဲ မေ့ထားလို့တော့မရပါဘူး။ ဒါကြောင့်မို့လို့ Costume Stylist တွေနဲ့ Costume Designer တွေရဲ့ အကြောင်းကို ပိုပြီးရင်းနှီးလာစေဖို့ ဒိအစီအစဥ်လေးမှာ ရုပ်ရှင်ဇာတ်လမ်းကောင်းတွေ ဖန်တီးတဲ့နေရာမှာ Costume Designer တွေ ဘယ်လို စဥ်းစားတွေးခေါ်ဖန်တီးကြတယ်ဆိုတဲ့ အကြောင်းလေးတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

Patricia Field for the Devil Wears Prada
Patricia Field for Sex and the City

ဒီလအတွက် ပထမဦးဆုံး ရွေးချယ်ထားတဲ့ Costume Stylist/ Designer ကတော့ Fashion ချစ်သူတွေနဲ့ မစိမ်းလှတဲ့ Sex and the City၊ The Devil Wears Prada၊ Confessions of a Shopaholic၊ Ugly Betty၊ Younger နဲ့ အခုလက်တလော အရမ်းကို နာမည်ကြီးပြီး Trendy ဖြစ်နေတဲ့ Emily in Paris အစရှိတဲ့ Series တွေနဲ့ Movie တွေအတွက် Iconic Look တွေအများကြီးကို ဖန်တီးခဲ့တဲ့ Legendary Costume Stylist/Designer တစ်ဦးဖြစ်တဲ့ Patricia Field အကြောင်းပဲ ဖြစ်ပါတယ်။

Emily in Paris ရဲ့ အောင်မြင်မှုကတော့ အံ့သြစရာကောင်းလောက်အောင်ပါပဲ။ တစ်ချိန်ထဲမှာပဲ Emily ဝတ်ခဲ့တဲ့ Outfit တွေနဲ့ ပတ်သက်ပြီးတော့လဲ ဝေဖန်မှူတွေအများကြီး ပေါ်ပေါက်ခဲ့ပါတယ်။ Patricia Field အတွက်တော့ ဒါဟာ အထူးအဆန်းမဟုတ်ပါဘူး။ သူများနဲ့မတူတဲ့ အမြင်သစ် အတွေးသစ်တွေကို ပေါင်းစပ်ပြီး ဇာတ်ကောင်တစ်ခုရဲ့ Outfit Look တွေကို ဖန်တီးတတ်တဲ့သူဖြစ်တာကြောင့် အမြဲတမ်းခေတ်ရှေ့ပြေးနေတဲ့ အားကျအတုယူစရာ Legendary Costume Stylist/Designer တစ်ဦး ဖြစ်နေရတာပါပဲ။

Patricia Field ကို ဘာကြောင့် Legendary လို့ သတ်မှတ်ရလဲဆိုရင် Stylist တစ်ယောက်အတွက် အရေးအပါဆုံးဖြစ်တဲ့ သူမရဲ့ Vision ကြောင့်ပါပဲ။

Fashion နဲ့ Styling ဆိုတာ ဆင်သလိုလိုနဲ့ ကွဲပြားခြားနားတဲ့အပြင်ကိုမှ စိတ်ကူးယဥ် Character တစ်ခုကို အပြင်မှာ တကယ်ရှိတဲ့သူတစ်ယောက်အနေနဲ့ ပုံဖော်ရတာမို့ Costume Stylist တွေဟာ Challenge နှစ်ခုကို တစ်ပြိုင်တည်းကျော်ဖြတ်ရပါတယ်။ Patricia Field အတွက်တော့ ဒါဟာ အခက်အခဲတစ်ခုဖြစ်ဟန်မတူပါဘူး။

ဘာကြောင့်လဲဆိုတော့ Character တစ်ခုကို တည်ဆောက်ပြီဆိုတာနဲ့ သူဟာ ကြည့်ရှုသူတွေကို Fantasy တစ်ခုကို ပေးဖို့နဲ့ သူနဲ့ အလုပ်အတူတွဲလုပ်ရတဲ့ မင်းသား၊ မင်းသမီးတွေ ပျော်ရွှင်စေဖို့ကိုပဲ ပထမဦးဆုံး စဥ်းစားပါတယ်။ ဒါကြောင့်မို့ လက်တွေ့ဘဝနဲ့ အနည်းငယ်ကွာခြားတဲ့ Styling တွေကို ဖန်တီးလေ့ရှိတာကြောင့် သဘာကျနှစ်သက်ပြီး လက်ခံကြသူတွေလဲ ရှိသလို ဝေဖန်ထောက်ပြကြတဲ့သူတွေလဲ ရှိပါတယ်။

ဒါပေမဲ့လဲ Patricia Field ကတော့ ပုံပြင်တစ်ပုဒ်ကို ဖတ်နေရသလိုပဲ တင်ဆက်ချင်တဲ့သူဖြစ်တဲ့အတွက် သူမရဲ့ ကိုယ်ပိုင်အမြင်ကို ယုံကြည်ပြီး ထူးခြားတဲ့ Character Outfit တွေကို Emily in Paris ဆိုတဲ့ Series အတွက် ဖန်တီးခဲ့ပါတယ်။

Stylist လို့ ပြောလိုက်ပြီဆိုတာနဲ့ ကိုယ်ပိုင်အမြင်ရှိဖို့အရေးကြီးသလို နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုက Original ဖြစ်ဖို့ပါပဲ။

Patricia Field က Trend တွေနဲ့ပတ်သက်ပြီး ဘယ်တော့မှ စိတ်ဝင်စားလေ့မရှိသလို Trend နောက်လိုက်ဖို့ ဒါမှမဟုတ် Trend တွေနဲ့ လိုက်လျောညီတွေရှိဖို့ ကြိုးစားလေ့ရှိတဲ့သူလဲ မဟုတ်ပါဘူး။ ဒါကြောင့်လဲ Patricia Field ဟာ Stylist လောကရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်နေရတာပါပဲ။ Patricia Field ရဲ့ Styling Looks တော်တော်များများကို သတိထားကြည့်ကြမယ်ဆိုရင် အပြင်လက်ရှိ Fashion World ထဲမှာ ဝတ်နေကြတဲ့ looks တွေနဲ့ တော်တော်လေးကွာခြားပါတယ်။ ဒါကိုကပဲ သူမဖန်တီးတဲ့ ဇာတ်ကောင်တွေကို လူတွေစိတ်ဝင်စားမိစေတဲ့ အဓိက အကြောင်းအရင်းပါပဲ။

Emily ဝတ်ခဲ့တဲ့ Outfit Looks တွေဟာ Paris မှာ အလုပ်လုပ်မဲ့သူတစ်ယောက်အနေနဲ့တော့ အနည်းငယ် ယုတ္တိမတန်သလို မြင်နေကျ looks တွေနဲ့လဲ သိသိသာသာကို ကွဲပြားခြားနားနေပါတယ်။ Originality နဲ့ Vision ကို ကျွမ်းကျင်စွာ ပိုင်နိုင်တဲ့ Patricia Field ကတော့ Instyle ရဲ့ interview တစ်ခုမှာ ” Give it Dimension, Not just some look of now” လို့ ဖြေခဲ့ပါတယ်။ သေချာတာတစ်ခုကတော့ Show ရဲ့ အောင်မြင်မှုနဲ့အတူ Outfit looks တွေနဲ့ ပတ်သက်တဲ့ Conflicts တွေကတော့ Patricia Field ရဲ့ Vision နဲ့ Originality အတွက် သက်သေပါပဲ။

Personal Identity ဆိုတာကလဲ Stylist တစ်ယောက်အတွက် မဖြစ်မနေလိုအပ်တဲ့ အချက်တွေထဲက တစ်ခုပါပဲ။ Maxi Fashion နဲ့ Print out တွေကို Mix and Match လုပ်ရတာ သဘောကျနှစ်သက်တဲ့ Patricia Field က သူမရဲ့ ကိုယ်ပိုင် identity ကိုလဲ တစ်နည်းမဟုတ်တစ်နည်း Character နဲ့ လိုက်ဖက်ညီအောင် အသုံးပြုလေ့ရှိပါတယ်။

ပထမဆုံး Episode မှာ Emily ဝတ်ခဲ့တဲ့ Paris မြို့ပုံ Print out တွေ ပါတဲ့ Willa Blouse ရယ်၊ Snake-skin printed Skirt ရယ်၊ Christian Louboutin ရဲ့ Pairs printed heel ရယ်ကို တွဲစပ်ထားပုံက တွေ့နေမြင်နေကြမဟုတ်တဲ့အတွက် အထူးအဆန်းဖြစ်ကြရတာတော့ အမှန်ပါ။  ဒါပေမဲ့ ဒီ Look ကို Field က Chicago ကနေ Paris ကို ပထမဆုံးရောက်လာပြီး အလုပ်လုပ်ရတဲ့ Emily ရဲ့ စိတ်လှုပ်ရှားနေဟန်ရယ်၊ Paris မြို့သူမြို့သားတွေနဲ့ သူမ ဘယ်လိုကွာခြားတယ်ဆိုတာ ကြည့်ရှုသူတွေကို သိစေချင်တဲ့ ဆန္ဒနဲ့ ဖန်တီးပေးထားတာပဲ ဖြစ်ပါတယ်။

နောက်ပြီး Patricia Field က Jacket တွေကို တော်တော်သဘောကျပါတယ်။ ဘယ် Look တွေမှာမဆို Jacket နဲ့ ခါးပတ်ပါရင် ပိုပြီး ပြည့်စုံသွားစေတယ်လို့ ခံယူထားတဲ့သူတစ်ဦးပါ။ ဒါပေမဲ့ ဇာတ်လမ်းက Paris မြို့မှာ အခြေတည်ထားတာကြောင့် Chanel တွေကို Jacket အနေနဲ့ ဝတ်ဆင်စေခဲ့ပါတယ်။ အဓိကကတော့ Emily ရဲ့ American Root ကို သိသာစေဖို့နဲ့ Paris နဲ့လိုက်လျောညီထွေဖြစ်အောင် Emily ဘယ်လို အားထုတ်ရတယ်ဆိုတဲ့ Message ပေးချင်လို့ပဲ ဖြစ်ပါတယ်။

အရောင်တစ်ရောင်တည်းကိုပဲ Hue၊ Tint၊ Shade ခွဲပြိး ဝတ်တတ်တဲ့ Emily ရဲ့ boss ဖြစ်တဲ့ Sylvie ကို အတုယူပြီး အရောင်တောက်တောက်တွေကို Hue၊ Tint၊ Shade ခွဲကာ လိုက်ဝတ်တာကို မြင်ရတာကလဲ Patrica Field ရဲ့ Fun trick လေးပါပဲ

ဘယ်အလုပ်မဆို Individual လုပ်လို့မရသလို Stylist တွေဟာလဲ ထိုနည်း၎င်းပါပဲ။  Patricia Field ဟာ အမေရိကန်လူမျိုးဖြစ်တာကြောင့် Paris Fashion အကြောင်း ပိုသိနိုင်ပြီး Emily နဲ့အတူ တခြား Character တွေကို ဘယ်လို Look တွေ ဖန်တီးပေးသင့်တယ်ဆိုတာ သိနိုင်ဖို့အတွက် Paris Stylist/Designer တစ်ဦးဖြစ်တဲ့ Marilyn Fitoussi နဲ့ တွဲပြီး သေချာညှိနှိုင်းတိုင်ပင်ခဲ့ပါတယ်။ နောက်ပြီး သူမရဲ့ looks တွေကို ဝတ်မဲ့ မင်းသား၊ မင်းသမီးတွေ ဆီက Suggestion တွေကိုလဲ ထည့်သွင်းစဥ်းစားတတ်တာကလဲ Character တွေနဲ့ သူတို့ရဲ့ Style တွေက လိုက်ဖက်နေရခြင်း အကြောင်းအရင်းပါပဲ။

Stylist တစ်ယောက်ရဲ့ အဓိကတာဝန်တွေထဲမှာ ကိုယ်တည်ဆောက်ရမဲ့ Character တွေကို နားလည်နေရုံမျှမက သရုပ်ဆောင်တွေရဲ့ ခန္ဓာကိုယ်အချိုးအစားတွေနဲ့ အားသာချက် အားနည်းချက်တွေကို သိနေဖို့လဲ လိုအပ်ပါတယ်။ Emily character ကို သရုပ်ဆောင်တဲ့ Lily Collins က Petite body type လေးဖြစ်နေတဲ့အတွက် character ရဲ့ လိုအပ်ချက်ကြောင့် Maxi Vibrant look တွေကို အသုံးပြုထားပေမဲ့ သေချာ proportion ချပေးထားတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ နောက်ပြီး ဒီ Series ထဲမှာ Emily ရဲ့ သူငယ်ချင်း Mindy ဆိုတဲ့နေရာကနေ ပါဝင်တဲ့ Ashley Park ရဲ့ body shape က Apple type ဖြစ်နေတာကြောင့် Off-shoulder တွေ V-shaped deep neckline တွေကို အဓိက အသုံးပြုပြီး Mindy ဆိုတဲ့ Character look ကို ဖန်တီးခဲ့ပါတယ်။

Emily ပြီးရင် လူကြိုက်အများဆုံး Character ဖြစ်တဲ့ Sylvie ကိုတော့ Neutral color တွေ အဓိကသုံးထားပေးပြီး တကယ့် Paris Chic Style Look အတိုင်း ဖန်တီးပေးထားပါတယ်။ Main Character ရဲ့ Look ကို ပိုပြီး မြင်သာစေရုံသာမက Emily နဲ့ Sylvie ကြားက သဘောထားကွဲလွဲမှုတွေကို ပိုပြီးသိသာစေဖို့ Costume ဘက်ကနေ တစ်ဖက်လှည့်ပြသထားတာဟာ Costume Stylist တွေ အတုယူသင့်တဲ့ အချက်တစ်ချက်ပါပဲ။

Patricia Field က Options တွေကို ကန့်သတ်ရတာကိုလဲ သဘောကျနှစ်သက်တဲ့သူ မဟုတ်ပါဘူး။ ဒါကြောင့်မို့လဲ Chanel လို Classic style brand မျိုးကနေ Vivienne Westwood တို့လို Punk-Grunge style brand မျိုးအထိ ရောနှောပြီး အသုံးပြုခဲ့ပုံက တကယ်ကို သင်ယူလေ့လာစရာပါပဲ။

Stylist လုပ်မဲ့သူတစ်ယောက်ဟာ အသစ်အသစ်သော Experience တွေ ရဖို့အတွက် Open-minded ဖြစ်ဖို့လိုအပ်သလို အကျင့်ဟောင်းတွေကို ဖျောက်ဖျက်ဖို့နဲ့ Trend နောက်ကို မလိုက်ဖို့ကလဲ အရေးကြီးတယ်ဆိုတာကို Patricia Field က ရှင်းပြခဲ့ပါတယ်။ နောက်ပြီး Unique ဖြစ်ဖို့အတွက်ဆိုရင် ကိုယ်ဘယ်သူလဲဆိုတာသိဖို့နဲ့ ကိုယ်ပိုင်အကြိုက်နဲ့ အတွေးအမြင်တွေပေါ်မှာ ယုံကြည်မှုရှိဖို့ အဓိကလိုအပ်တယ်လို့လဲ Patricia Field က ခံယူထားပါတယ်။ ဒါကြောင့်မို့ Patricia Field ဟာ Brand မျိုးစုံနဲ့ Collaboration လုပ်ရုံတင်မကဘဲ သူမရဲ့ ကိုယ်ပိုင် Wardrobe ထဲက Dress တွေနဲ့ Accessories တွေကိုလဲ ထည့်သွင်းအသုံးပြုရတာကိုလဲ အင်မတန်သဘောကျနှစ်သက်ပါတယ်။

သူမပြောဖူးတဲ့ စကားထဲမှာ သဘောအကျဆုံးတစ်ခုက “ကျွန်မရဲ့ Closet ထဲကို ကြည့်လိုက်တာနဲ့ တခြားနေရာမှာ ရနိုင်တဲ့ ပစ္စည်းတွေထက် ပိုကောင်းတာတွေကို တွေ့နိုင်ပါတယ်။ မတူညီတဲ့ Outfit တွေနဲ့ Accessories တွေ ကို ထုတ်လိုက်ပြီးရင်တော့ တစ်ခါမှ မဝတ်ဖူးခဲ့တဲ့ ပုံစံမျိုး ဝတ်ကြည့်လိုက်မယ်လေ” ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ်။ တကယ့်ကို Mix and Match နဲ့ ပတ်သက်ပြီး ပိုင်နိုင်တဲ့ Stylist တစ်ဦးပါပဲ။

သူမဖန်တီးသမျှ ဇာတ်ကောင်တိုင်းအတွက် အမှတ်တရဖြစ်အောင် Statement accessory လေးတွေ သုံးရတာကိုလဲ သဘောကျသူတစ်ဦးဖြစ်ပါတယ်။ Sex and the City ထဲမှာဆို Carrie Bradshaw ရဲ့ ဆွဲကြိုး၊ Ugly Betty ထဲမှာတော့ Betty ရဲ့ မျက်မှန်နဲ့ အခု Emily in Paris ထဲမှာတော့ Emily ရဲ့ Phone Case လေးပဲ ဖြစ်ပါတယ်။

ဒီ Camera ပုံစံ Phone Case လေးကိုတော့ သူမ Korea ကို ရောက်တုံးက ဝယ်ခဲ့တာဖြစ်ပြီး ဒီ Emily in Paris ရဲ့ ဇာတ်ညွှန်းကို ဖတ်ပြီးတဲ့အချိန်မှာတော့ Emily ရဲ့ အလုပ်နဲ့ လိုက်ဖက်တဲ့ Statement accessory တစ်ခုအနေနဲ့ အသုံးပြုခဲ့ပါတယ်။

Styling looks တွေထဲမှာ Tribute တွေ Hidden Message လေးတွေ ထည့်တတ်တဲ့သူလို့ ပြောရင်လဲ မမှားပါဘူး။ ဒီဇာတ်လမ်းမှာလဲ ထို့အတူပါပဲ။

သူမကို အောင်မြင်စေခဲ့တဲ့ Carrie Bradshaw ဆိုတဲ့ Character ကို tribute လုပ်တဲ့ အနေနဲ့ Emily ကို Episode 2 ရဲ့ ပါတီပွဲမှာ Alexander Vauthier ရဲ့ Strapless tulle dress လေးကို ဝတ်ဆင်စေခဲ့ပါတယ်။

နောက်ပြီး Episode 6 မှာ Character ရဲ့ လိုအပ်ချက်ကြောင့် Emily ကို Classic Romance Style လေး ဆင်ယင်ပေးခဲ့ပြီး အဲ့ဒီ Look အတွက်တော့ ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကျော်မင်းသမီးကြီး Audrey Hepburn ကို inspire ယူခဲ့တာပဲ ဖြစ်ပါတယ်။

Patricia Field ရဲ့ Costume Stylist/Designer ပီသစွာ အလုပ်လုပ်ပုံကတော့ တကယ့်ကို အားကျအတုယူစရာပါပဲ။ ပြည်တွင်းမှာရှိတဲ့ Stylist တွေနဲ့ Styling ကို ဝါသနာပါသူတွေကလဲ Patricia Field ရဲ့ အလုပ်လုပ်တဲ့ပုံစံကို လေ့လာအတုယူပြီး စိတ်ခွန်အားတွေရနိုင်မယ်လို့ မျှော်လင့်ပါတယ်။

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ Stylist တွေရဲ့ အကြောင်းတွေကို ရေးသားဖော်ပြပေးသွားမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦး…..

Written by Carlos Moore

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes