Site Overlay

Accented neutral outfits for inverted triangle body type

Fashion ချစ်သူတို့ အားလုံးပဲမင်္ဂလာပါ။ Styling Tips ကဏ္ဍလေးကနေကြိုဆိုပါတယ်။

ဒီနေ့တင်ဆက်သွားမဲ့အကြောင်းအရာလေးကတော့ Inverted Triangle Body Type လေးတွေအတွက်ပဲဖြစ်ပါတယ်။ Inverted Triangle Body ပိုင်ရှင်တွေအတွက် Accented Neutral Color Scheme ကို အသုံးပြုပြီးတော့ဘယ်လို ဝတ်ဆင်ရမလဲ  Attention ကိုဘယ်နေရာမှာယူမလဲ စတဲ့ ဆောင်ရန်ရှောင်ရန်လေးတွေဝေမျှပေးသွားပါမယ်။ Accented Neutral Color Scheme ဆိုတာက တစ်ကိုယ်လုံးမှာ Neutral Color တွေသုံးထားပြီး နေရာအစိတ်အပိုင်းသေးသေးလေးတစ်ခု ဒါမှမဟုတ် နှစ်ခု မှာပဲ အရောင်လေးတစ်ရောင်ထည့်သုံး ထားတာမျိုးပါ။ Inverted Triangle Body ဆိုတာကတော့ တင်ပါးထက်ပခုံးက သိသိသာသာပိုကျယ်တဲ့ ခန္ဓာကိုယ်အမျိုးအစားကိုဆိုလိုတာပဲဖြစ်ပါတယ်။ အထူးသဖြင့် Runway Model တွေမှာအတွေ့များပါတယ်။ အပေါ်ပိုင်းက အောက်ပိုင်းထက် ကြီးသယောင်ဖြစ်နေတဲ့အတွက် အပေါ်ပိုင်းမှာ Weight ထပ်ထည့်လို့ မရပါဘူး။ ယေဘုယျအားဖြင့် Attention ဖြစ်စေတဲ့ ပစ္စည်းတွေ အရောင်တွေကိုလည်း ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ဆင်မြန်းတာတွေ ရှောင်ရပါမယ်။ အဲ့ဒါတွေကို ဆန့်ကျင်ဘက်အနေနဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာဆိုရင်တော့ ထည့်သုံးလို့ရတာပေါ့။ အရောင်တွေကို ဘယ်နေရာမှာ Attention ယူပြီးထားမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းသိရအောင် အောက်မှာပုံလေးတွေနဲ့ တွဲပြီးပြပေးထားပါတယ်။

Rule No. 1.

Accented Neutral Outfits တွေအတွက် အလွယ်ကူဆုံး အသုံးချရမဲ့နေရာကတော့ ဖိနပ်ပဲဖြစ်ပါတယ်။ ဖိနပ်မှာ အရောင်ထည့်သုံးပြီး Attention ယူတာက Inverted Triangle တွေအတွက်တင်မကပဲ တခြားဘယ် Body Type ပဲဖြစ်ဖြစ် သုံးလို့ရတဲ့ Styling Tips ပါပဲ။

Rule No. 2.

အသုံးချလို့အကောင်းဆုံး ဒုတိယ Accessory ကတော့ အိတ်ပါ။ အိတ်အမျိုးအစားတွေအများကြီးရှိတဲ့ထဲမှာမှ အောက်ချပြီးကိုင်တဲ့ Hand Bag အိတ်ကို Attention ယူဖို့ ရွေးချယ်ခြင်းကလည်း အပေါ်ပိုင်းကြီးတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက် အသင့်တော်ဆုံးပါပဲ။

Rule No. 3.

Inverted Triangle ရဲ့နောက်ထပ် အားသာချက်တစ်ခုကတော့ ပခုံးကျယ်တဲ့ အတွက် ဘောင်းဘီနဲ့ Skirt Type တော်တော်များများကို တောက်တဲ့ အရောင်တွေသုံးပြီး ဝတ်ဆင်နိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် Inverted Triangle Body ပိုင်ရှင် သင်ဟာ အရင်က အရောင်တွေကို အောက်ပိုင်းမှာဝတ်ဖို့ ရှောင်လေ့ရှိတဲ့သူတစ်ဦးဆိုရင် အခုကစပြီး ပြောင်းလဲလိုက်ပါတော့ ။

Rule No. 4.

Inverted Triangle သည် Apple Type နဲ့ ကွာခြားတဲ့အချက်က Apple Type တွေလို Belly မရှိတဲ့အတွက် ခါးမှာ Attention ယူတဲ့အနေနဲ့ အရောင်ပါတဲ့ ခါးပတ်တွေကို တွဲဖက်ဝတ်ဆင်လို့ရပါသေးတယ်။

နောက်ဆုံးအနေနဲ့  သတိထားရမဲ့အချက်ကလေးတွေကတော့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ Attention မယူမိစေဖို့ပဲဖြစ်ပါတယ်။

No. 1. အရောင်ပါတဲ့အင်္ကျီတွေကိုရှောင်ပါ။

No. 2. Shoulder Bag နဲ့ belt Bag or Lip Stick Holder Mini Bag လေးတွေကို ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဗဟိုပြုပြီးလွယ်ခြင်းကို ရှောင်ပါ။

ဒီနေ့ဖော်ပြပေးသွားတဲ့ Inverted Triangle Body Type အတွက် Styling Tips လေးတွေကို အားလုံးနှစ်သက်သဘောကျပြီး အသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်။ နောက်အပတ်တွေမှာလည်းတခြား Body Type တွေအတွက် Styling Tips လေးတွေဖော်ပြပေးသွားဦးမှာမလို့ စောင့်မျှော်ကြပါဦးနော်။

By YAWAI HTOO MYAT

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes