Site Overlay

Five 60s’ Fashion in Late 2021-2022 Trends

နေ့စဉ်နဲ့ အမျှ အသစ်သစ်တွေ နဲ့ လိုက်မမှီအောင်တိုးတက်ပြောင်းလဲနေတဲ့ Fashion World ထဲမှာအတိတ်က Vintage Fashion တွေကလည်း အနည်းနဲ့ အများ ပြန်ပါဝင်နေတာပဲဖြစ်ပါတယ်။ Trend တစ်ပတ်လည်တယ်ပဲပြောရမလား ပေါ့နော်….. 


ဒါကြောင့် ဒီနေ့ sharing လုပ်ပေးသွားမဲ့ အကြောင်းအရာလေးကတော့ အခု late 2021-2022 Mainstream ပေါ်မှာ ရေပန်းစားလာမဲ့ Trendy Item တွေ ထဲမှာ ၁၉၆၀ ခုနှစ်တွေ က Fashion တွေလည်းပါဝင်နေတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ ၁၉၆၀ ဆိုတဲ့ ဆယ်စုနှစ် တစ်ခုလုံး မှာ အမျိုးသမီးတိုင်းနဲ့ တွဲလျက်တွေ့ခဲ့ရပြီးတော့ ယခု နှစ် ၆၀ အကြာမှာလည်း Vogue ဖြစ်နေပြန်တဲ့ Wardrobe Icon ငါးခုကို အောက်မှာဆက်ကြည့်ကြပါဦးနော်။ 

No. 1 – Mini Skirt & Dress

၁၉၆၀ ရဲ့ Youth Quake ဆိုတဲ့ Movement ကြီးနဲ့အတူ အကြီးမားဆုံး ပြောင်းလဲမှုတွေထဲက တစ်ခုကတော့ အမျိုးသမီးတို့ ရဲ့ Miniskirt ပဲဖြစ်ပါတယ်။ Iconic Designer Mary Quant ရဲ့ Hemline တိုတိုနဲ့Miniskirt Revolution ဟာဆိုရင် လန်ဒန်မြို့ရဲ့ လမ်းမတွေပေါ်မှာ စတင်ခဲ့တာ ဖြစ်ပြီးတော့ အခုဆိုရင်တစ်ကမ္ဘာလုံးက မိန်းမပျိုတွေမှာ မရှိမဖြစ် Essential Wardrobe Piece ဖြစ်နေပါပြီ။ ယခု နှစ်အပိုင်းအခြားမှာလည်း Miniskirt & Dress တွေက ပြန်ပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ Mainstream ပေါ်ရောက်လာဦးမယ်ဆိုတာကိုလည်း စာရေးသူအနေနဲ့ Fall 2021-2022 Haute Couture Runway တွေ ကိုကြည့်ပြီးတော့ သုံးသပ်မိပါတယ်။ 

No. 2 – Geometric Print

ဂျီဩမေတြီ ပုံစံ ဒီဇိုင်းတွေနဲ့ ပုံနှိပ်ဆေးရိုက်ထားတဲ့ ပိတ်စတွေ က ၁၉၆၀ Fashion အကြောင်းပြောရင်ရဲ့ မပါမဖြစ်ပါပဲ။ Vertical / Horizontal / Diagonal စတဲ့ မျဉ်းတွေ အပြင် Circle / Square / Triangle စတဲ့Geometric Design တွေနဲ့ လူ့ခန္ဓာက အားသာချက်အားနည်းချက်တွေကို သင့်တော်သလို ချိန်ဆပြီးဝတ်ဆင်တာကလည်း Revolution Era မှာ Fashionista တစ်ယောက်ဖြစ်စေခဲ့ ပုံရပါတယ်။ အဲ့အချိန်ကနေစပြီးတော့ Century တစ်ဝက်ကျော်ကြာပြီးတဲ့ အခါမှာတော့ Geometric Print တွေဟာ Mainstream ပေါ်ကို နောက်ထပ် ရောက်ရှိလို့ လာပြန်ပါပြီ။ ဥပမာအနေနဲ့ အောက်မှာ ပြထားတဲ့ အတိုင်းပဲ Burberry, Versace, Balmain နဲ့ Armani စတဲ့ ကမ္ဘာကျော် Fashion House တွေရဲ့Runway တွေမှာ တွေ့နိုင်တာပဲဖြစ်ပါတယ်။ 

No. 3 – Plaid Print

၁၉၆၀ သက္ကရာဇ်တွေရဲ့ Trend တွေထဲမှာ နောက်ထပ်မပြောမဖြစ်တစ်ခုကတော့ Plaid Print ပဲဖြစ်ပါတယ်။ အကွက်တွေ အစိပ်အကျဲ အလိုက် Body Proportion ချတဲ့နေရာမှာ သိပ်အသုံးဝင် တာကြောင့်အမျိုးသမီးတွေ သိပ်ကို နှစ်သက်ခဲ့ရပါတယ်။ ယခု 2021-22 မှာလည်း Prince of Wales နဲ့ Print of Tartan( Plaid )တွေ က Trendy ဖြစ်လာဦးမယ်ဆိုတာကို High Fashion Runway တွေကတစ်ဆင့်ထင်မြင် ယူဆမိပါတယ်။ 

No. 4 – Cape

နောက်တစ်ခုကတော့   Local က Fashion ကိုလေ့လာသူတွေ နဲ့ သိပ်မရင်းနှီးကြတဲ့ Cape လို့ခေါ်တဲ့အပေါ်ဝတ်ရုံအရှည်ပဲဖြစ်ပါတယ်။ ၁၉၆၀  ပြည့်နှစ်တွေမှာ European Winter Fashion Trend မှာ သိပ်အရေးပါခဲ့တဲ့ Fashion Piece တစ်ခု ပါပဲ။ မြန်မာပြည်အနေနဲ့ တော့ Cape အရှည်ကြီးတွေက အေးတဲ့ ဒေသအချို့ကလွဲပြီး ဝတ်ဆင်ဖို့ သိပ်တော့အဆင်မပြေလှပါဘူး။  ဒါပေမဲ့ လည်း Fashionista တွေကတော့ ထူးခြားတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့  ဝတ်ကြဦးမှာ မို့လို့ ၂၁ ရာစုရဲ့ Mainstream ပေါ်မှာ အရှေ့က ပြောခဲ့တဲ့ print တွေ အပါအဝင် တခြားIdea အဆန်းတွေနဲ့ ပေါင်းစပ်ပြီး Popular ဖြစ်လာမဲ့ Cape တွေကို တွေ့ရဦးမှာပါ။ 

No. 5 – Flared Pants

Revolution Era လို့ပြောရင် Hippie Movement ကလည်း ချန်ထားခဲ့လို့မရပါဘူး။ ဒါကြောင့် နောက်ဆုံးတစ်ခုကတော့ ၁၉၆၀ နှောင်းပိုင်းတွေ မှာ Faddy ဖြစ်ခဲ့တဲ့ Hippie တွေ ဝတ်လေ့ရှိတဲ့ Flared Pants တွေပဲ ဖြစ်ပါတယ်။ Hippie တွေရဲ့ ရသ အတိုင်း လွတ်လပ်ပေါ့ပါးပြီးတော့ Stylish Vibe ကိုအပြည့်အဝပေးနိုင်တဲ့ Flared Pants တွေကလည်း Jeans / Plain တွေ အပြင် Texture / Prints တွေ နဲ့ အမြဲလိုလို Vogue ဖြစ်စေတာမို့ ယခု 2021-22 Trend မှာတင်မကပဲ ကြားက Decade တွေမှာ လည်း Trend ဖြစ်ခဲ့သေးတာကြောင့် Timeless Piece လို့တောင် စာရေးသူအနေနဲ့ ကောက်ချက်ချမိပါတယ်။ 

ဒီလောက်ဆိုရင် Fall 2021-2022 မှာ 1960s တုန်း က  Trendy ဖြစ်ခဲ့တဲ့ ဘယ်လို Wardrobe Pieces တွကMainstream ပေါ်ပြန်ရောက်လာဦးမလဲဆိုတာ သိလောက်ပြီလို့ထင်ပါတယ်။ နောက် အပတ်တွေကျရင်Trendy Item တွေကို ကိုယ်နဲ့ လိုက်ဖက်အောင်ဘယ်လိုရွေးဝတ်မလဲဆိုတဲ့ Styling Tips တွေ Body Type အလိုက် ဆက်ပြောပြသွားမှာဖြစ်လို့ Stay Tuned နော်။

1 thought on “Five 60s’ Fashion in Late 2021-2022 Trends

  1. Thanks a lot for giving everyone an exceptionally spectacular opportunity to read articles and blog posts from this web site. It is always very amazing and as well , packed with amusement for me personally and my office fellow workers to search your website not less than thrice in one week to find out the newest stuff you will have. And definitely, we are certainly amazed considering the wonderful pointers you give. Certain 1 points in this article are indeed the best I’ve had.

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes