Site Overlay

“The Dancing Kid” Celine Homme’s SS/21 Menswear Collection

 အနုပညာနဲ့ဖက်ရှင်လောကမှာ ဆန်းသစ်တဲ့ဖန်တီးမှုတိုင်းဟာ လူတိုင်းလက်ခံနိုင်တဲ့အရာတွေဖြစ်မလာနိုင်ပေမယ့် Generation Z ရဲ့ Youth Culture မှာတော့ ဆန်းသစ်တဲ့ ဖန်တီးမှုတွေနဲ့ ပြည့်နှက်လာတာ တွေ့ရပါတယ်။ ယနေ့လူငယ်တွေဟာ အင်တာနက်လောကရဲ့ လွှမ်းမိုးမှုနဲ့အတူ ဆိုရှယ်မီဒီယာတွေပေါ်မှာ ခေတ်မီတဲ့အတွေးအမျိုးမျိုးနဲ့ ကိုယ်ပိုင်ဟန်တွေကို ဖန်တီးတင်ဆက်လာကြပါတယ်။ Luxury Brand တစ်ခုဖြစ်တဲ့ CELINE HOMME ရဲ့ ဒီဇိုင်နာ Hedi Slimane က ယနေ့ခေတ်မှာ Dance Party တွေဟာ အင်တာနက်ကွန်ယက်ပေါ်သို့ ရောက်လာနေပြီလို့မှတ်ချက်ပေးခဲ့ပါတယ်။ သူ့ရဲ့ SS/21 Menswear Collection ကို လူငယ်တွေကြိုက်နှစ်သက်တဲ့ “Tik Tok” , “YouTube “ , “Instagram” ,”Facebook” စတဲ့ Media Platform တွေမှာ “The Dancing Kids” ဆိုတဲ့အမည်နဲ့ တမူထူးစွာဖြင့် Documentary Fashion Series တစ်ခုအဖြစ် ပထမဆုံးတင်ဆက်ခဲ့ပါတယ်။ ဒီဗွီဒီယိုလေးမှာ ကနေဒါနိုင်ငံက နာမည်ကြီး “Tik Tok”  Rapper အဆိုတော် “Tiago Garcia-Arenas” ရဲ့ “They call me Tiago” ဆိုတဲ့ BGM Soundtrack ကိုအသုံးပြုထားတာတွေ့ရပါတယ်။

Slimane က ဒီ Collection လေးမှာ Printed ဒီဇိုင်းတွေဖန်တီးရန် နိုင်ငံအသီးသီးက အနုပညာရှင်(၆)ယောက်ကိုဖိတ်ခေါ်ပူးပေါင်းပြီး သူတို့ရဲ့နာမည်ကြီး ဆေးပန်းချီ ၊ စာပန်းချီ တွေနဲ့ ဖက်ရှင်ဒီဇိုင်းတွေကိုဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ အမေရိကန်အခြေစိုက်ပန်းချီဆရာ Tyson Reeder ရဲ့ “Autobahn” (2019) and “Sunset Van” (2014) , Ryan Ford ရဲ့ “Purple Palm” (2017) , Amy Sillman ရဲ့ “Are You Fucking Kidding Me” ၊ ကနေဒါအခြေစိုက်ပန်းချီဆရာ Jesse Harris ရဲ့“Nail Me To This Wave” (2017) and “Perhaps” (2017)  ၊ နယူးယောက်အခြေစိုက်ပန်းချီဆရာ Gregory Edwards ရဲ့ “Stranded In The Jungle” (2010) ၊ ပြင်သစ်အခြေစိုက်ပန်းချီဆရာ Turpentine ရဲ့“Fun” တို့ရဲ့ ပန်းချီပုံတွေကို ဝတ်စုံတွေရဲ့ Printed ဒီဇိုင်းများအဖြစ်အသုံးပြုပြီး ဆယ်ကျော်သက်လူငယ်တွေရဲ့ဖက်ရှင်စတိုင်နဲ့ ပန်းချီအနပညာလက်ရာတွေကိုပူးပေါင်းပြီး ဖန်တီးထားတဲ့ Collection လေး ဖြစ်ပါတယ်။ အနုပညာသည်(၆)ဦးရဲ့လက်ရာတွေကို Slimane က ဖက်ရှင်ဖန်တီးမှုထဲမှာလက်ရာမြောက်အောင်အသုံးချထားတာကိုလဲတွေ့ရပါတယ်။

Tyson Reeder ရဲ့ “autobahn” (2019) and “sunset van” (2014)

Ryan Ford ရဲ့ “purple palm”

Jesse Harris ရဲ့  “ Nail me to this wave”

Gregory Edwards ရဲ့ “Stranded In The Jungle”

Turpentine ရဲ့“fun”

Amy Sillman ရဲ့ “Are You Fucking Kidding Me”

Slimane က ဒီ Collection လေးဟာ ၉၀ ရာစုနှစ် ဆယ်ကျော်သက်လူငယ်တွေကို လွှမ်းမိုးခဲ့တဲ့ Grunge Culture နဲ့ Skate Culture စတဲ့ ဂန္တဝင်ဖက်ရှင်ဝိဉာဉ်တွေကို Inspire ယူပြီး ဖန်တီးထားတာဖြစ်သလို Generation Z Eboy တွေရဲ့လူမှုကွန်ယက်မှာ ခေတ်မီဆန်းသစ်အောင် ပြန်လည်ဖော်ထုတ်ဖို့ရည်ရွယ်ပြီး ဖန်တီးခဲ့တာလို့ဆိုပါတယ်။

Grunge ဖက်ရှင်ရဲ့အသွင်ကိုဆောင်တဲ့ ဂျင်းဘောင်းဘီအပြဲတွေ ၊ မီးစုန်းနဲ့ဖန်တီးထားတဲ့ Bling Bling ဂျက်ကက်တွေ ၊ Oversize အင်္ကျီတွေ ၊ ကျားသစ်ကွက် Pattern တွေ ၊ ဆေးဆိုးပန်းရိုက် Tie-dye Print တွေ ၊ လက်ရာမြောက်တဲ့ သိုးမွှေး ဂျက်ကက်အမျိုးမျိုးသာမကဘဲ လေကာကုတ်အင်္ကျီတွေ ၊ ပန်းထိုးထားတဲ့ Leather အင်္ကျီတွေကိုလည်း အသုံးပြုထားတာတွေ့ရပါတယ်။ ။ Acid-washed Jean တွေကို ညမှာလင်းတဲ့ Bomber Jacket တွေနဲ့တွဲဖက်ဝတ်ဆင်ထားပြီး Grunge Culture ရဲ့အထင်ကရဖြစ်တဲ့ Metal လက်ကောက်တွေ ၊ နားကပ်တွေ ၊ Bucket Hat တွေ အပြင် ဆိုင်ကယ်ဦးထုပ်တွေကိုပါ Accessories အဖြစ် တွဲဖက်ပြီး စတိုင်မိမိ တွဲဖက်ဝတ်ဆင်ပြထားတာလဲတွေ့ရပါတယ်။ ဒါ့အပြင် လူငယ်ကြိုက် Handbags တွေ ၊ Wallets တွေ ၊ နေကာမျက်မှန်တွေ ၊ ဖိနပ်တွေအပြင် Jewwllery ပါတဲ့ Accessories မျိုးစုံကိုလဲ အသုံးပြုထားတာတွေ့ရပါတယ်။

Luxury Brand တစ်ခုဖြစ်တဲ့ CELINE HOMME ရဲ့ဖက်ရှင်စတိုင်တွေကို Hip-Hop အနုပညာရှင်တော်တော်များများက ဝတ်ဆင်ကြတာကိုတွေ့ရပါတယ်။ Celine Homme ရဲ့ “The Dancing Kids” Documentary Collection လေးမှာ Slimane က နာမည်ကြီးပန်းချီဆရာတွေရဲ့ဒီဇိုင်းတွေနဲ့အတူ ရာစုနှစ်၉၀ရဲ့ Subcultures ကို Inspire ယူပြီးဖန်တီးထားတဲ့ အင်တာနက်ကွန်ယက်ပေါ်မှာယနေ့ခေတ်စားနေတဲ့ ဖက်ရှင်လေးတွေကို ရှုစားကြည့်လိုက်ရအောင်နော်…..

By Zar

Referense:

https://www.celine.com/en-int/celine-men/the-dancing-kid-new-collection/
https://instagrammernews.com/detail/2367744093677219276

1 thought on ““The Dancing Kid” Celine Homme’s SS/21 Menswear Collection

  1. I have to express thanks to you for rescuing me from this trouble. Just after searching through the the net and getting things which were not productive, I assumed my entire life was well over. Existing devoid of the answers to the issues you have resolved by way of this review is a serious case, as well as ones that would have negatively damaged my career if I had not noticed your web page. That mastery and kindness in maneuvering the whole thing was vital. I’m not sure what I would’ve done if I hadn’t come upon such a subject like this. I am able to at this time relish my future. Thank you so much for your specialized and results-oriented guide. I won’t be reluctant to refer the blog to any person who will need assistance on this topic.

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes