Site Overlay

Art And Fashion Crossover in DIOR LADY ART (Part 1)

စာဖတ်သူများအားလုံးပဲမင်္ဂလာပါရှင်…
  အခုဆိုရင် ၂၁ရာရာစုရဲ့ တတိယမီလန်းနီယန်းဖြစ်တဲ့ ၂၁နှစ်မြောက်ကိုရောက်ရှိလာပါပြီ။ ယနေ့ဖက်ရှင်လောကမှာ Retro Fashionတွေ ခေတ်စားနေတာ အများအသိပါ။ ကဏ္ဍအသီးသီးရဲ့ ပညာရှင်တွေဟာ ယခင်သက္ကရာဇ်တွေမှာ ခေတ်စားခဲ့တဲ့ Fashion တွေကို Recreation အနေနဲ့ ပြန်လည်ဆန်းသစ်တဲ့ ဖန်တီးမှုတွေကို ပြုလုပ်လာကြပါတယ်။ ဒီထဲမှာပန်းချီအနုပညာရှင်တွေ ၊ ဖက်ရှင်ပညာရှင်တွေ ထိပ်ဆုံးက ပါဝင်နေတာ တွေ့ရပါတယ်။ သူတို့ဟာ သီးခြားကဏ္ဍတွေမှာတင် Recreation ပြုလုပ်နေတာ မဟုတ်ပါဘူး။ အနုပညာနဲ့ဆက်နွယ်နေတဲ့ ကဏ္ဍအသီးသီးရဲ့ပညာရှင်တွေ ပူးပေါင်းပြီး အစဉ်အဆက်က ဂန္တဝင်မြောက်ပညာတွေကို ဆန်းသစ်တဲ့နည်းပညာတွေနဲ့ ပြန်လည်ထိန်သိမ်းနေကြတာ တွေ့ရပါတယ်။

Maria Grazia Chiuri

ဒီလိုခေတ်အဆက်ဆက်က အမွေအနှစ်ကို ပြင်သစ်ဖက်ရှင် Luxury Brand တစ်ခုဖြစ်တဲ့ Christian Dior က ဘယ်လိုထိန်သိမ်းခဲ့တယ်ဆိုတာကို ပြောပြချင်ပါတယ်။ Dior ချစ်သူတွေဆိုရင် Dior Lady Art ဆိုတဲ့ Collection Series လေးတွေကို ရင်းနှီးနေပြီးသားဖြစ်နိုင်ပါတယ်။ ဒီ Project လေးကိုတော့ Christian Dior ရဲ့ Maria Grazia Chiuri က Creative Director တစ်ဦးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၆ခုနှစ်မှာ ပရိတ်သတ်နဲ့မိတ်ဆက်ခဲ့တာပါ။အဓိက ရည်ရွယ်ချက်ကတော့ ဂန္တဝင်အမွေအနှစ်တစ်ခုဖြစ်တဲ့ “Lady Dior Hand Bag” ရဲ Haute Couture ဝိဉာဉ်ကို ခေတ်ရေစီးကြောင်းနဲ့အညီ ဆန်းသစ်စွာ ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ ပါဘဲ။

“Lady Dior Bag”  ဟာ Timeless Accessory တစ်ခုအနေနဲ့ ဖက်ရှင်လောကမှာ ထင်ရှားပြီး Princess Diana နှစ်သက်စွာ ကိုင်ဆောင်ခဲ့တဲ့ Popular Iconic Designer Handbag တစ်ခုဘဲဖြစ်ပါတယ်။ Lady Dior Bag ကို ဒီဇိုင်နာ Christian Dior က ၁၉၉၄ခုနှစ်မှာ “Chouchou” ဆိုတဲ့ Nickname စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ First Lady Bernadette Chirac က Classic Black Dior Bag ကို Princess Diana အား ၁၉၉၅ခုနှစ် ပဲရစ်မှာကျင်းပတဲ့ Cézanne Exhibition ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါတယ်။ Princess Diana ရဲ့ ပွဲတက်လက်ကိုင်အိတ်အဖြစ် နှစ်သက်စွာကိုင်ဆောင်ခဲ့ပြီး ၁၉၉၆ခုနှစ်မှာ ‘Lady Dior’ ဆိုတဲ့ အမည်တွင်လာခဲ့တယ်။ ၂နှစ်အတွင်းမှာ Dior Fashion House က အိတ်အလုံးပေါင်း၂သိန်းကျော် ရောင်းခဲ့ရတယ်လို့ မှတ်တမ်းရှိခဲ့ပါတယ်။ Lady Diana ရဲ့လွှမ်းမိုးမှုကြောင့် ၁၉၉၆ နောက်ပိုင်းမှာ “Carla Bruni , Diane Kruger , Monica Bellucci”,၂၀၀၈ခုနှစ်နောက်ပိုင်းမှာ”Marion Cotillard , John Galliano” စတဲ့နာမည်ကျော်အနုပညာရှင်တွေက ဆက်လက်ပြီးကိုင်ဆောင်ခဲ့ကြတယ်။  ဒါ့ကြောင့် နှစ်တွေကြာမြင့်လာပေမယ့် Dior House ရဲ့ Royal Classic Icon တစ်ခုအဖြစ် ရပ်တည်နေခဲ့တာ ယနေ့ထက်တိုင်ပါဘဲ။ 

The design of the Original Lady Dior By Christian Dior

Real luxury requires the best materials and the best craftsmanship !!!

“ဇိမ်ခံပစ္စည်းစစ်စစ်တွေဟာအကောင်းဆုံးပစ္စည်းတွေနဲ့အကောင်းဆုံးလက်မှုပညာတွေကိုလိုအပ်ပါတယ်”တဲ့ …

ဒီစကားလေးကတော့ Dior Fashion House ရဲ့ဖခင်ကြီးဖြစ်တဲ့  Christian Dior ကပြောကြားခဲ့တာပါ။ Mr. Dior ရဲ့Lady Dior Bag အိတ်တစ်လုံးကိုဖန်တီးဖို့ အနုပညာရှင်(၇)ယောက်က နာရီပေါင်း(၈)နာရီကို အသုံးပြုဖို့လိုအပ်ပြီး Leatherအစပေါင်း(၁၄၄)စနဲ့ ချုပ်လုပ်ထားတာတဲ့ Handmade Product ဖြစ်ပါတယ်။ 

Video of the making of a Lady Dior

“Lady Dior Bag” ရဲ့ Pattern နဲ့ Cannage ဒီဇိုင်းတွေဘယ်လိုဖြစ်ပေါ်လာတယ်လို့ထင်ပါသလဲ?

ဒီဇိုင်နာ Christian Dior က သူ့ရဲ့Runway Show တစ်ခုမှာဧည့်သည်တွေထိုင်တဲ့ “Napoleon III’s chairs” တွေရဲ့ပုံသဏ္ဍာန်ကနေ Inspire ယူပြီးဖန်တီးထားတဲ့ဒီဇိုင်းဘဲဖြစ်ပါတယ်။ ရွှေရောင်နဲ့ငွေရောင်ပေါင်းစပ်ပြီးပြုလုပ်ထားတဲ့ D.I.O.R စာလုံးလေးကတော့ Lucky Charm Accessory လေးတစ်ခုပါဘဲ။ Mr. Dior ကသူ့ရဲ့ Artistic Version ကို Fashion Design အသွင်နဲ့ထုတ်ဖော်ပြသလိုက်တယ်လို့ထင်မိပါတယ်။

A model in a Dior Fall/Winter 1948-1949 dress surrounded by Napoleon III’s chairs

အခုဆိုရင်၂၁ရာရာစုရဲ့တတိယမီလန်းနီယန်းဖြစ်တဲ့၂၁နှစ်မြောက်ကိုရောက်ရှိလာတာနဲ့အတူ Lady Dior ရဲ့သက်တမ်းဟာလဲ (၂၆)နှစ်ကြာခဲ့ပါပြီ။ နှစ်ကာလရှည်ကြာလာနဲ့အလျောက် Lady Dior ကိုဆိုဒ်မျိုးစုံနဲ့တွေ့ရတဲ့အပြင်ဆန်းသစ်မှုတွေဟာလဲပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ Dior Fashion House ဟာ သူတို့ရဲ့Signature Heritage တစ်ခုဖြစ်တဲ့ Lady Dior Bag ရဲ့Haute Couture ဝိဉာဉ်ကို ထာဝရထိမ်းသိမ်းနိုင်ဖို့အတွက် Project နှစ်ခုကိုဖန်တီးခဲ့ပါတယ်။ ပထမ Project ကတော့ “Lady Dior As Seen By” ဆိုတဲ့ ကမ္ဘာလှည့်ပြသတဲ့ Art Exhibition တစ်မျိုးပါဘဲ။ ဒုတိယ project ကတော့ စာဖတ်သူတို့ကိုမျှဝေချင်တဲ့ Dior Lady Art Project လေးဘဲဖြစ်တယ်။

First Project of Lady Dior Art

The Lady Dior bag gets some seriously cool updates !!!!

  First Dior Lady Art Collection လေးမှာ Creative Director Maria Grazia Chiuri ဦးဆောင်တဲ့ Artistic Team က Artistic Version ကနေ Fashion Design အသွင် ဘယ်လိုအနုပညာလက်ရာတွေနဲ့ ပြန်လည်စိတ်ကူးပြီး ဆန်းသစ်အောင် ပုံဖော်လာကြတာလဲ ဆိုတာတွေကို နောက်အပတ်မှာ စာဖတ်သူတို့အတွက် ဆက်လက်ပြီးမျှဝေပေးသွားမှာဘဲဖြစ်ပါတယ်။

By Zar

References:

https://etoile-luxuryvintage.com/blogs/news/history-of-the-bag-lady-dior
https://www.vogue.fr/fashion-videos/fashion-story/playlist/dior-lady-art-seven-artists-reinvent-the-dior-lady-bag/1099

1 thought on “Art And Fashion Crossover in DIOR LADY ART (Part 1)

  1. I in addition to my guys were found to be viewing the great helpful hints on the blog then instantly I got an awful suspicion I never thanked the web blog owner for them. All the young men appeared to be as a result very interested to read all of them and now have unquestionably been making the most of these things. I appreciate you for genuinely considerably kind and then for figuring out varieties of tremendous subject areas most people are really eager to be informed on. Our own honest regret for not saying thanks to you sooner.

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes