Site Overlay

Dior Men Pre-Fall 2021 Collection

၂၀၂၀ ဒီဇင်ဘာလ ၈ရက်နေ့မှာ Kim Jones ကသူရဲ့ Dior Men Pre-Fall 2021 collection ကို တင်ဆက်ချပြခဲ့ပါတယ်။

Dior Homme ရဲ့ Creative Designer Kim Jonesဟာ ပြီးခဲ့တဲ့နှစ်က collection ကို Miami ကမ်းခြေမှာ Shawn Stussy, the streetwear OGနဲ့ ပူးပေါင်းတင်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တွေတုန်းက နေရောင်အောက်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ပါးခဲ့ကြတာတွေကို အမှတ်ရမိကြောင်း ပြောကြားခဲ့ပါသေးတယ်။ အခုချိန်မှာတော့ အခြေအနေတွေက ကွဲပြားနေတာကို အထူးတလဲ ပြောနေစရာ မလိုလှတော့ဘူးမလား။

 “အဲဒါဆိုရင် ဆိုးဝါးတဲ့ နှစ်တစ်နှစ်ကို ဘယ်လို ဖြတ်သန်ရမလဲ?”

  ဒီမေးခွန်းအတွက် သူ့ရဲ့ အဖြေကတော့ “လူတွေ အခုချန်မှာ အလိုချင်ဆုံးက လက်တွေ့ကနေ ခဏလောက် အနားယူချင်တာပဲ” ဆိုပြီး Dior men’s Fall 2021 collection ရဲ့ zoom preview ထဲမှာ ပြောကြားခဲ့ပါတယ်။ “လူတွေက အဲဒီအကြောင်းအရာကို နေ့တိုင်း အချိန်တိုင်း စဉ်စားနေချင်မှာ မဟုတ်ဘူး။ အဲဒီအတွက် ပျော်ရွှင်မှုတွေကို ယူဆောင်ပေးချင်ခဲ့တယ်။ နဲနဲ တော့ မိုက်ရူးရဲ ဆန်နေပေမယ့် အနည်းဆုံးတော့ အင်အားတွေ ၊စိတ်လှုပ်ရှားမှုတွေ ပါဝင်နေတယ်” ဆိုပြီးတော့ သူ့ collection ရဲ့ နောက်ကွယ်ကအတွေးအခေါ်ကို ပြောပြခဲ့ပါတယ်။

ပထမက collection ကို တရုတ်နိုင်ငံ Beijing မှာ ပြသဖို့ စီစဉ်ခဲ့ပေမယ့် ကပ်ရောဂါ အခြေအနေကြောင့် Digital အနေနဲ့ ပြသဖို့ကို ပြန်လည်ပြင်ဆင်ခဲ့ကြပါတယ်။ အခက်အခဲတွေကြားထဲ့ကမှ Kim Jones ဟာ တီထွင်ဖန်တီးဖို့အတွက် inspiration ကောင်း တစ်ခုကို ရခဲ့ပြန်ပါတယ်။ အဲဒါကတော့ ၁၉၈၀ က New York မြို့ East Village ရဲ့ အနုပညာ လှုပ်ရှားမှုကနေ့ နာမည်ရလာတဲ့ အမေရိကန် အနုပညာရှင် Kenny Scharf နဲ့ အတူတူ collection ကို ပူပေါင်းဖန်တီးဖို့ပဲ ဖြစ်ပါတယ်။ Kenny Scarf ကတော့ သူ့သူငယ်ချင်း Keith Haring နဲ့ Jean-Michel Basquiat တို့နဲ့ အတူ streets art ဒီဇိုင်းတွေကို ဖန်တီးနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ futuristic (ခေတ်ရှေ့ပြေးသော) ဖြစ်ပြီး Surreal (အိက်မက်ဆန်ဆန်) ဖြစ်တဲ့ ရုပ်ပုံတွေဟာ လူငယ်တွေကို ပျော်ရွှင်မှုနဲ့ ခွန်အားတွေကို ဖြစ်စေခဲ့ပါတယ်။

အဲဒါကြောင့်ပဲ Kim Jones ဟာ Scharf နဲ့ အတူတူ သူရဲ့လက်ရာတွေကို အတူတူ ရွေးချယ်ပြီး ဖန်တီးခဲ့ကြပြီး ရှိုးပွဲ အတွက် 12 Chinese zodiac signs နဲ့ Dior logo ဒီဇိုင်းတို့ကိုပါ ပြန်လည် ဆန်းသစ်ပေးခဲ့ပါတယ်။ စိတ်ကို ဖမ်းစားစေတဲ့ Kenny Scharf ရဲ့ လက်ရာတွေကနေမှ တစ်ဆင့် စိတ်ကူးယဉ်ဆန်တဲ့ စကြဝဠာအတွင်းကို အလည်သွားရောက်စေမယ့် ဒီ Kim Jones ရဲ့ လက်ရာတွေဟာ “ joie de vivre“ ဆိုတဲ့ ဖြူစင်တဲ့ ဘဝပျော်ရွှင်မှုတွေကို ထင်ဟပ်စေခဲ့ပါတယ်။

Viva Mare Viva Mar, When the worlds Collide နဲ့ Globo Mundo အစရှိတဲ့ အနုပညာလက်ရာတွေကို ဘရိုကိတ် ပိတ်စပေါ်မှာ တရုတ်ရဲ့ seeds-stitch ပန်းထိုးတဲ့ နည်းပညာဖြင့်ဖြစ်စေ အမြိတ်အစွန်းနဲ့ သတ္တုချည်မျှင်တို့နဲ့ ပေါင်းစပ်ထားတဲ့ ဒီဇိုင်းတွေကို အသေးစိတ်ဖန်းတီး ပုံဖော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။Casual ဒီဇိုင်းနဲ့ ချုပ်လုပ်ပုံ ရသတွေကို ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ Iconic suit ဟာ ရဲဝံ့ပြီး ပေါ့ပါးကာ ကြော့ရှင်းမှုကိုပေးတဲ့ couture Pajamas version လို ဖြစ်စေခဲ့ပါတယ်။ အခုလို ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျမှုကို ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းမှာ အံ့ဝင်ကျစေတဲ့ Loungewear trend စတိုင်သစ်ကို ပြသနိုင်ခဲ့ပါတယ်။

အဖိုးမဖြတ်နိုင်တဲ့ အနာဂတ်ကို ပြန် အနက်ဖွင့်ဆိုခြင်းနဲ့ အနာဂတ်ကို ပြန်မျှော်ကြည့်ခြင်းတို့ ကြားက Kim Jones ရဲ့ ဖန်တီးမှုဟာ Casual Allure ဒီဇိုင်းအသစ်ကို ဖြစ်စေခဲ့တယ်။

အဲလို ထူးခြားကောင်းမွန်လှတဲ့ လက်ရာတွေကို ပြသဖို့ ပြင်သစ် ဒါရိုက်တာ Thomas Vanz နဲ့ အတူ ပေါ်လွင်ပြီး Futuristic ဖြစ်ကာ အချိန်နဲ့ နေရာ နစ်မြုပ်နေတဲ့ အာကာသကမ္ဘာ scenography ကို ဖန်တီးယူရပါတော့တယ်။ ဒီ intergalactic စကြဝဠာ တစ်ခုနှင့် တစ်ခု အကြားရှိသော) vibes ကို ရစေတဲ့ အံ့မခန်းတင်ပြချက်ကတော့ Kim Jones ရဲ့ Star wars “ The Mandalorian “ ဆိုတဲ့ ဇာတ်ကားအပေါ် စိတ်ဝင်စားမှုတွေကနေ တစ်ဆင့် ဖန်တီးထားခဲ့တာပဲ ဖြစ်ပါတယ်။အဲဒါကိုမှ DJ Honey Dijon နဲ့ Lady Miss Kier ရဲ့ “Deee-Lite’s “What Is Love“ ပြန်လည်ဆန်းသစ်တဲ့ BGM ကDior ရဲ့ တင်ဆက်မှုကို အချိန်ကာလတစ်ခုထဲမှာ လေးလေးနက်နက်ကို နစ်မြောသွားစေခဲ့တာပဲ ဖြစ်ပါတော့တယ်။

By Yamin Inzali

References

https://www.dior.com/en_int/mens-fashion/man

https://www.vogue.com/fashion-shows/pre-fall-2021-menswear/dior-homme

https://hypebeast.com/2020/12/kim-jones-dior-fall-21-preview

1 thought on “Dior Men Pre-Fall 2021 Collection

  1. I enjoy you because of all your effort on this website. My mother really loves making time for investigation and it is easy to see why. I hear all about the lively means you create both useful and interesting strategies through this web site and in addition welcome contribution from others on the subject matter plus our favorite girl has been becoming educated a whole lot. Have fun with the remaining portion of the new year. Your carrying out a wonderful job.

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes