Site Overlay

2021 Trend Cutouts Design & How to wear it

အခုလို COVID-19 ကြောင့် social-distancing ရဲ့ အခက်အခဲတွေကို တွေ့ကြုံနေရပေမယ့် စစ်မှန်ပြီး တီထွင်မှုအားကောင်းတဲ့ Fashion Month တွေ ၊ စိတ်လှုပ်ရှားဖွယ်ကောင်းလှတဲ့ 2021 ဖက်ရှင် Trends တွေကို ခံစားလို့ ရနေခဲ့ပါသေးတယ်။ဒီဇိုင်နာတွေဟာ ဒီလို Global Pandemic အတွင်းမှာ ဖန်တီးရတာမို့ သူတို့ရဲ့ collection ဒီဇိုင်းတွေဟာ တစ်နည်းမဟုတ် တစ်နည်း COVID-19 ရဲ့ တန်ပြန်သက်ရောက်မှု ဒါမှမဟုတ် တုန့်ပြန်မှုတွေ ပါဝင်နေပါတယ်။ပုံမှန်သမားရိုကျ Fashion Show ပွဲတွေမျိုးမဟုတ်ဘဲ Fashion Films တွေ Livestream တွေနဲ့ အမျိုးမျိုးထူးခြားတဲ့ ပုံစံမျိုးစုံတင်ဆက်မှုတွေနဲ့ သူတို့ရဲ့ collection တွေကို အိမ်ကနေ လွယ်လွယ်ကူကူ လေ့လာခွင့်ရခဲ့ပါတယ်။ နောက်ထပ် Fashion Labels အမျိုးမျိုးတို့က မတူညီတဲ့ အတွေးအခေါ် လမ်းကြောင်းတွေနဲ့ ဖော်ထုတ်တင်ဆက်ပြလာတာကလဲ တကယ့်ကို စိတ်ဝင်စားစရာပါပဲ။ တစ်ချို့တွေက အဝတ်အထည်တွေရဲ့ သက်သောင့်သက်သာဖြစ်စေမယ့် လက်တွေ့ကျကျ ဖော်ထုတ်မှုတွေကို ပြသပြီး၊ တချို့ကတော့ စိတ်ကူးယဉ်ဆန်မှုနဲ့ လွတ်မြောက်မှု နယ်ပယ်ထဲကို သူတို့ကိုယ် သူတို့ နှစ်မြုပ်စေတဲ့ ပြသမှုတွေ အစရှိသဖြင့် ဒီနှစ်ရဲ့ အဓိက Fashion themes နှစ်ခုကို သတိပြုမိခဲ့ပါတယ်။

အဲလိုမျိုး အခု ၂၀၂၁ Spring/Summer အတွက် Cutouts တွေ ခေတ်စားလာမယ့် ပုံရိပ်တွေကို တွေ့မြင်နေရပါတယ်။ LaQuan Smith ရဲ့ Bodysuits မှာတွေမြင့်ရမယ့် cutouts ဒီဇိုင်းတွေ၊ Versace ရဲ့ ရင်ဘတ်နားက Cutouts ကို ပုံမှန်မဟုတ်တဲ့ ဒီဇိုင်းမျိုးတွေ အစရှိသဖြင့် ဆွဲဆောင်မှုရှိပြီး စွဲမက်စရာကောင်းတဲ့ စတိုင်ကို ဖော်ထုတ်ခဲ့ကြတာ တွေ့မြင်ရပါတယ်။ အဲဒါကြောင့် ဒီနေ့မှာတော့ ၂၀၂၁ ရဲ့ Trend ဖြစ်လာမယ့် Cutouts ဒီဇိုင်းတွေကို ဘယ်လို စတိုင်ကျကျ ဝတ်ဆင်ရမှာဆိုတာနဲ့ ပတ်သတ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

Casual Look စတိုင်မျိုးကို ဝတ်ရတာကြိုက်တဲ့ သူလေးတွေကိုတော့ Mini ဒါမှမဟုတ် ဒူးပေါ် A-Line ပုံစံဂါဝန်လေးတွေကို ရွေးချယ်ဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်။ ပိုပြီး စတိုင်မိုက်မိုက်လေး ဖြစ်ချင်ရင် Long Boots, Combat Boots တို့နဲ့ တွဲဝတ်ပြီး Rock ဆန်ဆန်မိုက်လို့လဲရသလို Sandals Heels လေးတွေနဲ့ တွဲဖက်ပြီးတော့လဲ Boho chic ဆန်ဆန် ဂေါ်လို့ရပါသေးတယ်။

နောက်တစ်မျိုး အနေနဲ့ Cut-Outs ဒီဇိုင်းလေးကို Classy chic ဆန်ဆန် ဝတ်ချင်ပါတယ်ဆိုရင်တော့ Monochromatic Loose Maxi Dress ဒီဇိုင်းလေးတွေကိုညွှန်ပေးချင်ပါတယ်။ သူ့ကို Pencil heels လေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပေးရင်တော့ perfect outfit ဖြစ်စေမှာ အမှန်ပါပဲ။

Party Night အတွက်ဆိုရင်တော့ Bodycon Cutouts Dress လေးတွေကို ရွေးချယ်သင့်ပါတယ်။ ဒေါက်ဖိနပ်မြင့်မြင့် ၊ နားကွင်းကြီးကြီးလှလှလေးနဲ့ Clutch bag လေးပါ ပါဝင် အားဖြည့်လိုက်ရင်တော့ Effortlessly Sexy စတိုင်ကို ရနေစေမှာပါ။

လုပ်ငန်းခွင်မှာလဲ Cutouts ဒီဇိုင်း ကုတ်အင်္ကျီမျိုးတွေနဲ့ ခေတ်လဲမှီပြီး Professional ဆန်ဆန် စတိုင်ကျလို့ ရပါသေးတယ်။

ကဲဒီလောက်ဆိုရင်တော့ ၂၀၂၁ မှာ Cutouts ဒီဇိုင်းလေးတွေနဲ့ စတိုင်ကျကျ ဝတ်နိုင်ဖို့အတွက် အထောက်အကူရလောက်ပြီလို့ မျှော်လင့်မိပါတယ်။ နောက်ထပ် Styling Tips ဆောင်းပါးလေးတွေကိုလဲ တင်ဆက်ပေးဦးမှာမို့ စတိုင်ကျကျနဲ့ လှချင်တဲ့သူလေးတွေက စောင့်မျှော်ပေးကြပါဦးနော်။

By Yamin Inzali

References

https://glowsly.com/spring-summer-fashion-trends/https://www.styleoholic.com/cutout-dresses-outfits/

3 thoughts on “2021 Trend Cutouts Design & How to wear it

  1. I simply wanted to write a simple message to be able to appreciate you for some of the amazing strategies you are showing on this website. My extended internet lookup has now been recognized with brilliant concept to go over with my friends. I would repeat that most of us site visitors are very lucky to exist in a decent network with many awesome professionals with interesting basics. I feel truly lucky to have come across your entire website page and look forward to plenty of more fun minutes reading here. Thank you once more for everything.

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes