Site Overlay

Disney Fairy Tale Wedding Collection of Allure Bridal…..

Hello… စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ…

Disney Princess လေးတွေကို ဆိုရင်တော့ အားလုံးပဲရင်းနှီးပြီးသားဖြစ်ကြမှာပါ ငယ်ငယ်ကတည်းကသိခဲ့ကြတဲ့ Fairytale ပုံပြင်လေးတွေထဲက မင်းသမီးလေးတွေကို ကြည့်ပြီး အားကျခဲ့ကြရတယ်မလား…

အဲ့လိုမျိုး Disney Princess လေးတွေကို အားကျပြီး မင်းသမီးလေးဖြစ်ချင်ကြတဲ့ အမျိုးသမီးလေးတွေအတွက် ရည်ရွယ်ပြီး Allure Bridal က Disney Fairy Tale Wedding Collection ဆိုတဲ့ Bridal wear collection လေးကို ပထမဆုံးမိတ်ဆက်ထားပါတယ်နော်… US နဲ့ Canada အခြေစိုက်မို့ အဲ့နိုင်ငံတွေမှာနေကြတဲ့ သတို့သမီးလောင်းလေးတွေအတွက်တော့ အားကျစရာပါပဲ…

ဒီ Collection မှာတော့ Style ၁၆ မျိုးတောင် ပါဝင်ပြီး ဘယ် Disney Princess လေးတွေကို inspiration ယူကာ ဖန်တီးထားတယ်ဆိုတာကို ကြည့်လိုက်ကြရအောင်…

1. Ariel from The Little Mermaid

The Little Mermaid ကားထဲက ရေသူမလေး Ariel ကိုတော့ မသိကြသူ မရှိလောက်ပါဘူးနော်… အခုပထမဆုံးပြောပြပေးမဲ့ Wedding dress လေးတွေကတော့ ပင်လယ်မင်းသမီးလေး Ariel ကို Inspire ယူပြီး ဖန်တီးထားတာပဲဖြစ်ပါတယ်…

Mermaid Gown ပုံစံကိုမှ Sweetheart Neckline လေးတွေနဲ့ဆိုတော့ Hourglass Body ပိုင်ရှင်လေးတွေ အကြိုက်ပေါ့… လှုပ်ခတ်နေတဲ့ ပင်လယ်ရေလှိုင်းတွေရဲ့ဟန်ကိုယူပြီး Gown ရဲ့အောက်နားက ဖြာထွက်သွားတဲ့ နေရာမှာ Tulle လေးတွေကို အလွှာပေါင်းများစွာထပ်ပြီး ဖန်တီးထားတာဖြစ်လို့ ဒီ Gown လေးကို ဝတ်လိုက်တာနဲ့ ကိုယ့်ကိုယ်ကို ပင်လယ်ထဲက မင်းသမီးလေး Ariel လို့တောင် ခံစားမိစေမယ်ဆိုတာ အသေအချာပါပဲ…

2. Aurora from Sleeping Beauty

ရဲတိုက်ကြီးထဲမှာ အိပ်ပျော်နေတဲ့ မင်းသမီးလေး Aurora ကိုရော မှတ်မိကြသေးရဲ့လား…

Sleeping Beauty ဆိုတဲ့ ဇာတ်လမ်းထဲက မင်းသမီးလေး Aurora ကို inspiration ယူပြီး ပထမဆုံးဖန်တီးထားတဲ့ Ball Gown လေးကိုတော့ Strapless Neckline နဲ့အတူ ကျောက်ပွင့်လေးတွေထိုးပြီး အလှဆင်ထားပါတယ်…

ဒုတိယဖန်တီးထားတဲ့ A-line Gown လေးကိုတော့ ခါးနေရာလေးမှာ ဇာပန်းခတ်လေးတွေကိုသုံးပြီး waistline ကို တိတိပပဖော်ထားပေးတဲ့အပြင် Cape လေးပါ ခြုံပေးထားသေးတာဆိုတော့ Aurora ရဲ့ Dramatic look လေးကို ရနေမယ်ဆိုတာကိုတော့ ငြင်းစရာမရှိပါဘူးနော်…

Ball gown နဲ့ A-line တို့ရဲ့ ထုံးစံအတိုင်း Petite body ပိုင်ရှင်လေးတွေကလွဲရင် ကျန်တဲ့ body ပိုင်ရှင်လေးတွေနဲ့ လိုက်ဖက်တယ်ဆိုတာကိုလဲ မမေ့ကြနဲ့ဦးနော်…

3. Belle from Beauty and the Beast

Beast ကြီးနဲ့ ချစ်ကျွမ်းဝင်ခဲ့တဲ့ မင်းသမီးလေး Belle ကို သဘောကျတဲ့ သူတွေရော ရှိလားမသိဘူး… Beauty and the beast ထဲက Belle ရဲ့ ဟန်ကို inspire ယူပြီး ဖန်တီးထားထဲ Wedding Gown လေးတွေကလဲ စိတ်ဝင်စားဖို့ကောင်းတာပါပဲ…

Off-shoulder Ball Gown လေးကိုတော့ Crystal လေးတွေ စီခြယ်ကာ ဖန်တီးထားပြီး ဒုတိယ Off-shoulder A-line Gown လေးကိုတော့ Lace Floral လေးတွေနဲ့ Illusion ယူကာ ဖန်တီးထားတာကြောင့် Belle ရဲ့ Bold and Daring ဆိုတဲ့ Character လေးကို ခံစားလို့ရမယ်ထင်ပါတယ်…

4. Cinderella

ကပွဲသွားရင်းနဲ့ ဖိနပ်လေးကျန်ခဲ့တဲ့ Cinderella လေးကတော့ အားလုံးရဲ့ အသည်းစွဲမင်းသမီးလေး ဖြစ်မှာပါပဲ…

ဒီ Cinderella မင်းသမီးလေးကို inspire ယူထားတဲ့ Wedding Dress နှစ်ထည်လုံးကတော့ theme နဲ့ လိုက်ဖက်ညီအောင် နှစ်မျိုးလုံးကို Ball Gown လေးတွေပဲ ဖန်တီးထားပါတယ်…

ကွဲပြားသွားတဲ့အချက်ကတော့ ပထမတစ်ထည်ကတော့ Scoop Neckline ကိုမှ long sleeve see through lace လေးကိုအသုံးပြုထားပြီ ကျောက်ပွင့်လေးတွေပေါင်း ၄၆၀၀ ကိုမှ စီးကွင့် ၄၄၀၀၀ ထပ်ရောပြီး အလှဆင်ထားတာကို တွေ့ရပါတယ်…

ဒုတိယ Dress လေးကတော့ V neckline ကိုမှ Cap sleeve လေးနဲ့ တွဲစပ်ပေးထားပြီး Floral Lace လေးတွေနဲ့ အလှဆင်ထားတော့ Cinderella ရဲ့ Dreamy Vibe လေးပိုပြီး ပေါ်လွင်သွားတာပေါ့နော်…

5. Jasmin from Aladdin

 ကော်ဇောပျံကြီးစီးခဲ့ရတဲ့ Aladdin ဇာတ်လမ်းထဲက မင်းသမီးလေး Jasmin ကိုရော အားကျခဲ့ကြဖူးလား မသိဘူး…

ပထမဆုံး Dress လေးကတော့ Illusion Neckline လေးပါတဲ့ Trumpet Gown လေးဖြစ်ပြီး Lace တွေ Crystal တွေနဲ့ အလှဆင်ထားပါတယ် ဖြုတ်လို့တပ်လို့ရတယ် Train အရှည်ကြီးပါ ပါသေးတာဆိုတော့ Jasmin ရဲ့ Elegance ကို ပိုပြီးထင်ရှားနေစေသလိုပါပဲ…

ဒုတိယ Fit and Flare Gown လေးကတော့ ပိုပြီးနှစ်လိုဖွယ်ကောင်းတာ အမှန်ပါပဲ… Off-shoulder လဲဖြစ်တာကြောင့် Jasmin လို တော်ဝင်ဆန်တဲ့အလှမျိုးကို ပိုင်ဆိုင်စေမှာပါနော်..

6. Pocahontas

Color of the Wind ဆိုတဲ့ ဇာတ်ဝင်တေးလေးကို ဆိုပြခဲ့တဲ့ Pocahontas မင်းသမီးလေးကိုတော့ သီချင်းနဲ့အတူတူ ရင်းနှီးကြမယ်ထင်ပါတယ်…

Floral lace တွေပါတဲ့ Sheath Dress လေးကိုမှ အောက်နားမှာ Flare ဝဲဝဲလေးနဲ့ဆိုတော့ Pocahontas လို Strong vibe ကိုမှာ Feminine sense နဲနဲလေးပါတဲ့ အမျိုးသမီးလေးတွေကတော့ နှစ်ခြိုက်သဘောကျမှာပါ…

7. Rapunzel from Tangled

 ရဲတိုက်ကြီးပေါ်မှာ တစ်ယောက်တည်းနေရတဲ့ ရွှေရောင်ဆံပင်ပိုင်ရှင် မင်းသမီးလေး Rapunzel ကတော လူကြိုက်များဆုံး မင်းသမီးလေးပါပဲ…

  Rapunzel မင်းသမီးလေးကို inspire ယူထားတဲ့ ဒီ Dress လေးကတော့ A-line gown ကိုမှ အပေါ်ပိုင်း top တစ်ခုလုံးကို See-through lace လေးနဲ့ တွဲစပ်ထားပြီး နောက်ကျောဘက်မှာ ဖဲပြားကြိုးအရှည်ကြီးကို ချထားပေးတာ ဆိုတော့ တကယ့် Rapunzel မင်းသမီးလေးရဲ့ Effortless Beauty ကို မြင်နေရသလိုပါပဲ…

8. Snow White

Evil Queen ရဲ့ နှိပ်စက်မှုတွေကို ခံခဲ့ရတဲ့ Snow White မင်းသမီးလေးကိုတော့ အကုန်လုံးသနားခဲ့ကြတယ် မဟုတ်လားနော်…

Snow-White Inspired Gown လေးနှစ်ခုမှာတော့ Traditional Bell Gown ကိုမှ Floral Lace တွေ အများကြီးသုံးပြီး ဖန်တီးထားတဲ့အတွက် Snow White လေးရဲ့ နူးညံ့တဲ့ feminine Style ကို အပြည့်အဝပေးနိုင်မှာပါ…

9. Tiana from the Princess and the Frog

ဖားဖြစ်သွားတဲ့ မင်းသားလေးကို နမ်းခဲ့ဖူးတဲ့ Tiana မင်းသမီးလေးပါဝင်တဲ့ The Princess and the Frog ဇာတ်လမ်းလေးကတော့ Romantic ဖြစ်လွန်းလို့ အားလုံးသဘောကျခဲ့ဖူးမယ်ထင်တယ်နော်…

Tiana-inspired Gown လေးနှစ်ခုကို ကြည့်မယ်ဆိုရင် ပထမ Dress မှာတော့ Tiana ရဲ့ Activeness ကိုပြဖို့အတွက် Column Gown ကိုမှ Lace Layer လေးတွေ ထပ်ပြီး မိန်းကလေးဆန်အောင် ဖန်တီးပေးထားပါတယ်…

ဒုတိယ Dress ကတော့ Tiana ရဲ့ Feminine side ကို inspire ယူထားတဲ့ A-line Dress လေးဖြစ်ပြီး အပေါ် layer တစ်ခုလုံးကို Flora Embroidery တွေနဲ့ အလှဆင်ထားတာပြီး Train အရှည်ကြီးကလဲ ပါသေးတာဆိုတော့ တကယ့်ကို Romantic Vibe ကို ပြန်လည်ခံစားမိမှာ သေချာပါတယ်…

စာဖတ်ပရိတ်သတ်ကြီးလဲ အခုလောက်ဆို ငယ်ဘဝက Disney Cartoon လေးတွေကို ပြန်ပြီး သတိရကုန်ကြပြီထင်ပါတယ်…

  အဲ့ဒါဆို New Normal မှာ Stay at home နေရင်း Disney Cartoon တွေကို ပြန်လည်ခံစားကြည့်ရအောင် လေနော်…

  တခြား စိတ်ဝင်စားစရာ Fashion နဲ့ ပါတ်သက်တဲ့ Article အသစ်တွေကိုလဲ စောင့်မျှော်ဖတ်ရှုပေးကြပါဦး…

Reference from:

https://allurebridals.com/disney

7 thoughts on “Disney Fairy Tale Wedding Collection of Allure Bridal…..

  1. I was wondering if anyone knows what happened to Dimepiece LA celebrity streetwear brand? I am having trouble to proceed to the checkout on Dimepiecela site. I’ve read in The Sun that they were bought out by a UK-based hedge fund for $50m. I have just bought the Dimepiece Do You Unisex Heavy Blend™ Full Zip Hooded Sweatshirt from Amazon and totally love it xox

  2. I’m impressed, I have to admit. Rarely do I encounter a blog that’s both educative and engaging, and without a doubt, you have hit the nail on the head.
    The problem is something which not enough folks are speaking intelligently about.
    Now i’m very happy that I came across this in my hunt for
    something relating to this.

  3. I have witnessed that costs for internet degree specialists tend to be an awesome value. For instance a full 4-year college Degree in Communication in the University of Phoenix Online consists of Sixty credits at $515/credit or $30,900. Also American Intercontinental University Online comes with a Bachelors of Business Administration with a entire course element of 180 units and a tariff of $30,560. Online learning has made taking your college degree far less difficult because you can easily earn your degree from the comfort of your abode and when you finish from office. Thanks for all your other tips I have learned through the web site.

  4. I would like to add that in case you do not already have an insurance policy or else you do not take part in any group insurance, chances are you’ll well gain from seeking the assistance of a health broker. Self-employed or those that have medical conditions ordinarily seek the help of an health insurance specialist. Thanks for your post.

  5. Thanks for the suggestions shared on your own blog. Something else I would like to express is that fat loss is not about going on a dietary fad and trying to reduce as much weight as you’re able in a set period of time. The most effective way to lose weight is by taking it slowly and gradually and following some basic recommendations which can allow you to make the most from a attempt to drop some weight. You may realize and be following these tips, nevertheless reinforcing information never hurts.

  6. Wow, amazing blog format! How long have you been blogging for? you made running a blog look easy. The overall look of your site is excellent, let alone the content material!

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes