Site Overlay

Fashionable Anitta’s costumes in “Me Gusta” – Part 1

“Me Gusta @ I like it”

Anitta

ဘရာဇီးအဆိုတော် “Anitta” ဟာ လက်တင်ဂရမ်မီဆုအတွက် နာမည်ချိတ်တဲ့ နာမည်ကြီး Pop star အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့သီချင်းအသစ်ကလေးဖြစ်တဲ့ “Me Gusta” သီချင်းဗွီဒီယိုကို နာမည်ကြီးရက်ပ်အဆိုတော် “Cardi B” , “Myke Tower” တို့နဲ့ ပူးပေါင်းဖန်တီးတင်ဆက်ထားပြီး စက်တင်ဘာလ(၁၈)ရက်နေ့က စတင်ထုတ်လွှင့်ခဲ့တာ ရှစ်နာရီအတွင်းမှာပဲ ကြည့်ရှုနှုန်း ၃.၆မီလီယံ ကျော်သွားခဲ့ပါတယ်။

Billboard ရဲ့ Hot Trending သီချင်းဗွီဒီယိုအဖြစ် နာမည်ကြီးနေတဲ့ သီချင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီသီချင်းဗွီဒီယိုလေးကိုတော့ နာမည်ကြီးဒါရိုက်တာ “Daniel Russell” ကရိုက်ကူးခဲ့တာဖြစ်ပြီး “Anitta” ရဲ့ ဖက်ရှင်စတိုင်လ်လေးတွေကို မပြောခင်မှာ သီချင်းဗွီဒီယိုလေးကိုကြည့်ရှုရင်း သီချင်းလေးကပေးတဲ့ ဂီတရဲ့ ဆွဲဆောင်မှုလေးတွေကို အရင်ဆုံး ခံစားကြည့်လို့ရပါတယ်။

“Me gusta” ဆိုတာစပိန်လက်တင်သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပြီးတော့ “I like it” လို့အဓိပ္ပါယ်ရပါတယ်။ မြန်မာလို ကဗျာဆန်ဆန် ပြောရမယ်ဆိုရင်တော့ နှစ်သက်မြတ်နိုးဖွယ်ရာလို့ ဆိုရပါမယ်။ ဒီသီချင်းလေးကို အကတွေရော ၊ “funk , Rap , Pop” စတဲ့ ဂီတစတိုင်လ်လေးတွေနဲ့ ပေါင်းစပ်ဖန်တီးထားတာဖြစ်ပြီး ဖက်ရှင်စတိုင်လ်တွေကိုလည်း အဓိက ကဏ္ဍတစ်ခုအနေနဲ့ ဖန်တီးထားတာ တွေ့ရပါတယ်။ ဘရာဇီးနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားမြို့တော်ဖြစ်တဲ့ “Salvador” ဆာဗေးဒေါမြို့ ၊ သမိုင်းဝင် “Pelourinho Center” ရဲ့ ၁၇ရာစုကနေ၁၉ရာစုအတွင်း တည်ဆောက်ထားတဲ့ ရောင်စုံအဆောက်အဉီတွေနဲ့အတူ “Anitta” နဲ့ သူမရဲ့အဖွဲ့တစ်ခုလုံးရဲ့ ဖက်ရှင်ပုံစံအမျိုးမျိုးကို catwalk ပြပွဲတစ်ခုအသွင် သရုပ်ဖော်သွားတာ တွေ့ပါတယ်။

ဘရာဇီးရိုးရာဖက်ရှင်တွေ နဲ့အတူ “ Dida” မိန်းကလေးတီးဝိုင်းအဖွဲ့ရဲ့ ပါဝင်ဖျော်ဖြေမှု ကလည်း ဒီသီချင်းဗွီဒီယိုလေးရဲ့ ဆွဲဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။

ဒီသီချင်းဗွီဒီယိုလေးမှာ “Anitta” ရဲ့ ဖက်ရှင် စတိုင်လ်တွေကို ဖန်တီးခဲ့တဲ့ Stylist ကတော့ “Stylist- Janelle Renee @ Janelle Miller” ပဲ ဖြစ်ပါတယ်။ “Janelle Renee” က ဒီလို ဖက်ရှင်စတိုင်လ် ဖန်တီးမှုတွေကို ပြုလုပ်တဲ့အခါမှာ နာမည်ကြီး ဒီဇိုင်နာ အမှတ်တံဆိပ်တွေကို အသုံးပြုခဲ့တာ တွေ့ရပါတယ်။

  “Anitta” ရဲ့ costume ဖက်ရှင် စတိုင်လ်လေးနဲ့အတူ ဒီသီချင်းဗွီဒီယိုလေးမှာ အသုံးပြုခဲ့တဲ့ ဒီဇိုင်နာတွေရဲ့ ဖက်ရှင်ဝတ်စုံတွေကို အပိုင်း(၂)မှာ ဆက်လက်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Written by Zar

Reference:

https://www.fashionvitrine.com/noticias-calientes/anitta-y-los-secretos-detras-de-los-looks-de-me-gusta/

https://www.dailymail.co.uk/tvshowbiz/article-8748787/Cardi-B-makes-sexy-statement-bandeau-Anittas-music-video-Gusta.html

3 thoughts on “Fashionable Anitta’s costumes in “Me Gusta” – Part 1

  1. I want to express thanks to this writer just for rescuing me from such a crisis. Because of exploring throughout the world wide web and coming across suggestions which were not powerful, I was thinking my entire life was well over. Living without the answers to the issues you’ve solved by means of the short article is a critical case, and the kind that might have badly damaged my career if I had not noticed your blog. Your personal mastery and kindness in controlling almost everything was excellent. I’m not sure what I would have done if I had not come upon such a step like this. I can now look forward to my future. Thanks for your time so much for this specialized and sensible help. I won’t think twice to refer your web page to any individual who needs to have guide on this issue.

  2. An additional issue is that video games usually are serious as the name indicated with the principal focus on finding out rather than fun. Although, it has an entertainment factor to keep the kids engaged, each game is normally designed to focus on a specific group of skills or program, such as mathematics or scientific disciplines. Thanks for your posting.

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes