Site Overlay

STREET CHIC FASHION FOR APPLE TYPE (PLUS SIZE BODY)

Fashion ချစ်သူတို့အားလုံး မင်္ဂလာပါရှင်။ ဒီအပတ်ရဲ့ Styling Tips အနေနဲ့ကတော့ Plus Size Body Type တွေအများကြီးရှိတဲ့ထဲကမှ Apple Type နဲ့ပတ်သက်ပြီး ဘယ်လိုလေးတွေရွေးချယ်ဝတ်ဆင်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။ အရင်ဆုံး Apple Body Type ဆိုတာသည် ခန္ဓာကိုယ်အပေါ်ပိုင်း က ခန္ဓာကိုယ်အောက်ပိုင်းထက် ကြီးတဲ့ အမျိုးအစား တစ်နည်းအားဖြင့် ပခုံး က တင်ရဲ့ အကျယ်ထက်ပိုကား တာမျိုးဖြစ်တတ်ပြီးတော့ ရင်ကြီးပြီး Belly ရှိတဲ့ Body Type မျိုးကို Apple Body Type လို့ သတ်မှတ်ပါတယ်။ အပေါ်ပိုင်းမှာ Automatically Weight များသယောင်ရှိပြီး Belly ကြောင့် Attention ကိုသေချာပေါက် ခန္ဓာကိုယ်အပေါ်ပိုင်း နဲ့ အလယ်ပိုင်း မှာယူလို့မရပါဘူး။ ယေဘုယျအားဖြင့် တောက်ပတဲ့ အရောင်တွေနဲ့ အတွန့်အဖတ်ပါတဲ့ အင်္ကျီတွေရှောင်ရပါမယ်။

စာဖတ်သူတို့ အတွက်လိုက်လုပ်ကြည့်ဖို့လွယ်ကူအဆင်ပြေအောင် Apple လေးတွေအတွက်   ဒီနေ့ဖော်ပြသွားမဲ့  Street Chic Fashion လေးတွေကို ရှောင်ရန်ဆောင်ရန်အချက်ကလေးတွေနဲ့ ယှဉ်ပြီး ပြောပြထားပါတယ်။ ပေါ့ပေါ့ပါးပါးရှိပြီး Sophisticated ဖြစ်တဲ့ အပြင်ထူးခြားလှပနေမဲ့ Look ကလေးတွေဖြစ်တာကြောင့် Chubby လေးတွေ သဘောကျလိမ့်မယ်လို့ထင်ပါတယ်။ 

No. 1. အချက်အနေနဲ့ Apple လေးတွေအတွက် သေချာပေါက်လိုက်ဖက်တဲ့ Dress လေးကတော့ Monochromatic Wrap Dress လေးပဲဖြစ်ပါတယ်။ Wrap လုပ်ထားတဲ့ Design က ရင်ကြီးပြီး Belly ရှိတဲ့ Apple လေးတွေအတွက် Empire Line ကြောင့် အားနည်းချက်ဖြစ်တဲ့ Belly ကို ပျောက်သွားစေတာမို့ အသင့်တော်ဆုံးပါပဲ။

No.2. အချက်အနေနဲ့ Apple လေးတွေ အတွက် Office Wear, Casual Wear, Street Wear, Chic Wear ဘယ် Style ဖြစ်ဖြစ် အသုံးတည့်တဲ့ Drape Cardigan တစ်ထည်တော့ မရှိမဖြစ်လိုအပ်ပါတယ်။ ဖားဖားရားရားကျနေတဲ့ အဖတ်တွေက belly ကိုပျောက်သွားသယောင်ရှိစေတာကြောင့် Apple Chubby လေးတွေနဲ့ ဝတ်ရတာ Comfort လည်းဖြစ်ပြီး Vogue ဖြစ်စေမှာနော်။

No. 3. အချက်အနေနဲ့ Apple Type ဖြစ်တဲ့သင်ဟာ ဘောင်းဘီတွေ ၊ စကတ်တွေကို hue ဖြစ်တဲ့ အရောင်တွေ Bold ဖြစ်တဲ့ အရောင်တွေနဲ့ မလိုက်ဖက်ဘူးဆိုတဲ့ အတွေးတွေကို စွန့်လွှတ်လိုက်ပါတော့။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ point of view ထားလို့မရပေမဲ့ Lower Body မှာတော့ Bright Color တွေနဲ့ လူတွေရဲ့ မျက်လုံးကို Trick လုပ်ပြီး သင့်ရဲ့ Puffy ဖြစ်တဲ့ Upper Body ကိုဖုံးကွယ်ထားနိုင်ပါတယ်။ အဲ့ဒါဆိုရင် Vice Versa အနေနဲ့  Hue Color Top တွေကိုတော့ ရှောင်ရမယ်ဆိုတာ သေချာပေါက် နားလည်ရပါမယ်။

No. 4. အချက်ကတော့ Neutral Color Top တွေကို Texture တွေပါပြီး Flare ဖြစ်တဲ့ ဘောင်းဘီ စကတ်တွေ နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ Printing & Pattern တွေကြောင့် Lower Body ဟာရှိရင်းစွဲထက်ကြီးသယောင်ဖြစ်စေပြီးတော့ Upper Body နဲ့ ညီပြီး အချိုးကျသွားစေတာပဲဖြစ်ပါတယ်။ ဒါဆိုရင် ဆန့်ကျင်ဘက်အနေနဲ့ Pattern တွေပါတဲ့ အင်္ကျီတွေကိုရှောင်ရမယ်ဆိုတာ Chubby Apple လေးတွေအလိုအလျောက်သဘောပေါက်သွားပြီလို့ထင်ပါတယ်။

No. 5. အချက်ကတော့ Line တွေ Stripe တွေကိုကစားတတ်ဖို့ပါပဲ။ Horizontal Line (ရေပြင်ညီမျဉ်း) တွေသည် လူကိုပိုပြည့်သွားစေပြီး Vertical Line (မတ်မျဉ်း) တွေသည်လူကိုသွယ်သယောင်ဖြစ်သွားစေပါတယ်။ ဒါကြောင့် အပေါ်ပိုင်းပြည့် ပြီးသား Apple လေးတွေအတွက်ခန္ဓာကိုယ်အပေါ်ပိုင်းကို Horizontal Line တွေဝတ်တာမျိုးရှောင်ရမှာဖြစ်ပြီးတော့ Vertical Line ပါတဲ့ Top ကိုသာရွေးခြယ်သင့်ပါတယ်။

Oh Yes, it works vice versa! ဟုတ်ပါတယ် ဆန့်ကျင်ဘက်အနေနဲ့ Horizontal Stripe တွေကို Upper Body မှာဝတ်ဖို့ လုံးဝကို အဆင်မပြေဘူးပေါ့။

နောက်ဆုံးအနေနဲ့ သတိပြုရမဲ့ Extra Tips လေး(၂) ခုကတော့ရင်ကြီးတာနဲ့ Belly ရှိတာကို Obvious ဖြစ်စေတဲ့ Belt Bag တွေ Shoulder Bag တွေရှောင်ဖို့နဲ့  အပေါ်ပိုင်းကို Puffy ဖြစ်စေတဲ့ Halter Neck င်္အကျီတွေကို မဝတ်ဖို့ပါပဲ။

ဒါဆိုရင်ဒီနေ့ ပြောပြသွားတဲ့ Styling Tips လေးတွေက Apple Chubby လေးတွေအတွက် တကယ်အသုံးတည့်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်အပတ်တွေမှာ လည်း ဘယ်လို Chubby Type လေးအတွက် တင်ဆက်ပေးဦးမလဲဆိုတာ စောင့်မျှော်ပေးကြပါဦးလို့ပြောကြားရင်း အားလုံးပဲ Bye Bye!

By Yawai Htoo Myat

1 thought on “STREET CHIC FASHION FOR APPLE TYPE (PLUS SIZE BODY)

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes