Site Overlay

How to mix prints for your fashionable outfits?

Fashion Enthusiast တို့အားလုံးမင်္ဂလာပါရှင်။ ဒီနေ့ Blog လေး မှာတော့ Casual Street Fashion နဲ့ပတ်သက်ပြီး ပြောပြပေးသွားဖို့ရည်ရွယ်ပါတယ်။ Casual Wear ဆိုတာကိုတော့ Fashion ကိုစိတ်ဝင်စားတဲ့သူတိုင်းနဲ့မစိမ်းတဲ့ အခေါ်အဝေါ်တစ်ခုဖြစ်တာကြောင့် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ လွယ်လင့်တကူ ဝတ်ဆင်လို့ရတဲ့ အဝတ်အစား Type တစ်ခု ဆိုတာကို အားလုံးပဲသိထားပြီးသားလို့ထင်ပါတယ်။ Occasion အတော်များများမရွေးတဲ့ ရိုးရှင်းလှတဲ့ Casual Wear ကို ထူးထူးခြားခြားလေးဖြစ်သွားအောင် Plain Item တွေမသုံးဘဲ Pattern တွေ Print Outတွေနဲ့ ထည့်ကစားပြီး Street Style ရဲ့ Taste လေးပေါင်းစပ် ဝတ်ဆင်လိုက်ရင် ………

သေချာပေါက်  Stylish ဖြစ်တဲ့ သူတစ်ယောက်ရဲ့ အသွင်ကို အပြည့်အဝဖော်ဆောင်စေမှာပဲပေါ့

Life is too short to wear boring outfits ဆိုတာကို လက်ခံတယ်ဟုတ်! ဒါဆို Texture တွေပါတဲ့ Clothing Item တွေကို ဝတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Pattern တွေ Print တွေကို ရောယှက်ပြီး Fashionista တစ်ယောက်လို ဝတ်စားတတ်ဖို့ Styling Rules တွေအများကြီးထဲက မှအချက် ကလေး (၂) ချက်ကို  နားလည်လွယ်အောင် အောက်မှာပုံလေးတွေနဲ့ ရှင်းပြထားပါတယ်။ Styling လုပ်တဲ့နေရာမှာ Body Type ကလည်းထည့်စဉ်းစားဖို့အရေးကြီးတာ ကြောင့် ဒီ Blog လေးမှာ Normal Body Type (Rectangle) လေးတွေဝတ်ဆင်လို့ရတဲ့ Casual Street Fashion လေးတွေကို ဖော်ပြလိုက်ရပါတယ်။

No. (1) အချက်အနေနဲ့ (မည်သည့်အရောင်ဖြစ်စေကာမူ) အမျိုးအစားတူတဲ့ Print Out တွေကို ယှဉ်တွဲဝတ်ဆင်ဖို့ ရွေးချယ်ပါ။

For example: Polka dot, Floral, Geometric, Leopard Print, etc….

ဒါဆိုရင် No. (1) အချက်အရ Print Out Type မတူရင်ရော တွဲဝတ်လို့ မရဘူးလားလို့ မေးစရာရှိပါတယ်။

ဆိုတော့ No. (2) အချက်အနေနဲ့ Print Out အမျိုးအစားမတူသော်ငြားလည်း အရောင်တူတဲ့ Item တွေကိုတွဲဖက်ဝတ်ဆင်လို့ရပါတယ်။

ဒီလောက်ဆိုရင် Pattern တွေကိုဘယ်လို Mix and Match လုပ်မရဆိုတာ Basically နားလည်သွားကြမယ်လို့ထင်ပါတယ်။ နောက်အပတ်တွေမှာလည်း ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ Styling Tips တွေနဲ့ ပြန်လာမလဲဆိုတာ စောင့်မျှော်နေကြပါဦးနော်။

By Yawai Htoo Myat

1 thought on “How to mix prints for your fashionable outfits?

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes