Site Overlay

Must Have Items for Size 16 and Overs

Hello… စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ။

Ariel’s Be Chic Be Unique ကနေ ထပ်ပြီး ပြောပြပေးချင်တဲ့ Styling tips လေးကတော့ Plus size Girls လေးတွေအတွက် ခန္ဓာကိုယ်အလိုက် Wardrobe ထဲမှာ ရှိထားသင့်တဲ့ မရှိမဖြစ် Outfit Items လေးတွေပဲ ဖြစ်ပါတယ်။

Essential items for Straight Plus Size

Straight Type Plus Size လေးတွေအတွက်ကတော့ ခါးနေရာလေးကို သိသာစေပြီး S-shape ကို ပိုမို ပေါ်လွင်စေဖို့က အဓိကပါပဲ။

ဒါကြောင့်မို့ Ruffled ပါတဲ့ Shirt တွေနဲ့ Off-shoulder dress လေးတွေ၊ Tulip Skirt တွေနဲ့ Wide-Legged Jean တွေဟာ ရှိသင့်တဲ့ Item တွေပါ။

Belted Jump Suit တွေနဲ့ Asymmetrical Blazer တွေဟာလဲ Straight Plus Size လေးတွေဝတ်ဖို့ သင့်တော်တဲ့ Item လေးတွေပါပဲ။

Essential items for Apple Plus Size

Apple လေးတွေကတော့ အပေါ်ပိုင်းကြီးတဲ့ သူလေးတွေဖြစ်တာကြောင့် Proportion ကျကျ ဝတ်တတ်ဖို့က အရေးပါပါတယ်။

Belly Area ကို ဖုံးတဲ့ Swing Dress လေးတွေနဲ့ Deep V-neck Top လေးတွေဟာ ရှိထားသင့်တဲ့ Item လေးတွေပါ။ Boyfriend Jeans နဲ့ Bootcut Pants လေးတွေကိုလဲ ဆောင်ထားသင့်ပါတယ်။

Apple Plus Size လေးတွေနဲ့ အလိုက်ဖက်ဆုံးကတော့ Feminine Curve လေးကို သေချာပေါ်လွင်စေမဲ့ Wrap Dress လေးတွေနဲ့ Structured Blazer လေးတွေပဲ ဖြစ်ပါတယ်။

Essential items for Pear Plus Size

Pear လေးတွေအတွက် အရေးကြီးတာကလဲ အချိုးအစားကျ အောင် ရွေးချယ်ဝတ်ဆင်တတ်ဖို့ပါပဲ။

အဲ့ဒါကြောင့် အောက်ပိုင်းကြီးတဲ့သူလေးတွေ ဖြစ်တာကြောင့် Printed နဲ့ Crowl Neck Top လေးတွေဟာ ရှိထားသင့်သလို High Waist Jeans တွေနဲ့ Flare Pants လေးတွေဟာလဲ လိုအပ်ပါတယ်။

Dress ရွေးချယ်ရမှာလဲ အပေါ်ပိုင်းမှာ Ruffled လေးတွေပါတဲ့ Dress မျိုးလေးတွေရယ် Cropped Jacket လေးတွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

Essential items for Hourglass Plus Size

Plus Size လေးတွေမှာလဲ Hourglass Type လေးတွေ ရှိပါတယ်။ သူတို့လေးတွေအတွက် အဓိကကျတာကတော့ ခါးနေရာကို ပိုပြီးသိသာအောင် ဝတ်တ်ဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ Belted Top နဲ့ Pencil Skirt လို အတွဲလေးတွေ၊ Halter Neck Crop Top နဲ့ Cargo Pant လို အတွဲအစပ်လေးတွေဟာ Wardrobe ထဲမှာ ရှိထားသင့်ပါတယ်။

Bodycon Dress လေးတွေနဲ့လဲ အဆင်ပြေတဲ့အပြင် Structured Jacket လေးတွေဟာလဲ Hourglass Plus Size လေးတွေနဲ့ လိုက်ဖက်တဲ့ Item လေးတွေပဲ ဖြစ်ပါတယ်။

အခုလောက်ဆို Essential Items လေးတွေကို ဖော်ပြပေးခဲ့ပြီမို့ Plus Size Girl လေးတွေ သဘောကျလိမ့်မယ်လို့ထင်ပါတယ်။ နောက်ထပ် ဘယ်လို Tips လေးတွေဖော်ပြပေးဦး မလဲဆိုတာကိုလဲ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။

By Okkar

1 thought on “Must Have Items for Size 16 and Overs

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes