YooA “Bon Voyage” MV Look-book
ဒီနေ့တင်ဆက်ပေးချင်တာတော့ K-popကို ကြိုက်နှစ်သက်တဲ့ K-popper ကောင်လေး၊ ကောင်မလေးတွေအတွက် Oh My Girl အဖွဲ့ဝင် YooA ရဲ့ “Bon Voyage” MV Look-book လေးပဲဖြစ်ပါတယ်။ ဒီ “Bon Voyage” MV ဟာ ဆိုရင် သဘာဝ အလှတရား နဲ့ မှော်ဆန်ဆန် နတ်သမီးပုံပြင်တို့ကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ စွဲမက်ဖွယ် ဂီတ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။သီချင်းစာသားတို့နဲ့ သရုပ်ဖော်မှုတို့ဟာလည်း အမှန်တကယ်ကို လိုက်ဖက်ညီလှပြီး လွတ်လပ်မှုနဲ့ အေးချမ်းခြင်းတို့ကို အတိုင်းသားခံစားရစေပါတယ်။အဲဒါကြောင့် ဒီ ဂီတ ဗီဒီယိုလေးထဲက Bohemian စတိုင် ဝတ်စုံ (၄) စုံလေးအကြောင်း အတူတူ လေ့လာကြည့်ကြရအောင်။ …
