MOSCHINO: PUT ON A PUPPET SHOW (Spring Summer 2021)
Moschino ရဲ့ creative director ဖြစ်တဲ့ (Jeremy Scott) ကနွေဦးရာသီဒစ်ဂျစ်တယ်ဖက်ရှင်ပြပွဲမှာ ဆန်းသစ်တီထွင်မှုတစ်ခုကို ပြောင်းလဲခဲ့ပါတယ်။ အဓိကအချက်ကတော့ ဒီနှစ်အတွင်းမှာ cov-19 ကပ်ရောဂါကြောင့်လူစုလူဝေးမလုပ်နိုင်တာပါဘဲ။ ဒါကြောင့် နွေဦးရာသီရဲ့ဖက်ရှင်ပြပွဲကို ရုပ်သေးကြိုးဆွဲဖက်ရှင်ပြပွဲလေးအဖြစ် ဖန်တီးတင်ဆက်လိုက်ပါတယ်။ အရုပ်ကလေးများရဲ့ စိတ်ကူးယဉ်ကမ္ဘာနဲ့ Haute Couture Fashion ရဲ့ဂန္တဝင်မြောက်သော ဖက်ရှင်အနုပညာဖန်တီးမှုတို့ကို ပေါင်းစပ်ပြီး ဖက်ရှင်ကမ္ဘာ အသေးစားလေးကို ခံစားနိုင်အောင်ဖန်တီးထားပါတယ်လို့ “Scott” ကဆိုခဲ့ပါတယ်။ ဒီစိတ်ကူးလေးကိုတော့ ဒုတိယကမ္ဘာစစ်အပြီးမှာ ပြင်သစ်ဒီဇိုင်နာများစတင်ဖန်တီးခဲ့တဲ့ “Théâtre de la Mode”ဆိုတဲ့ နေရာအနှံ့လှည့်လည်ပြသတဲ့ အရုပ်မော်ဒယ်နှင့် ဖက်ရှင်တင်ဆက်မှုကနေ inspire ရခဲ့တယ်လို့ Moschino ရဲ့ creative director ဖြစ်တဲ့ (Jeremy Scott) …
