LilayaKosmosDenimArt; Where Art Meets Fashion
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ Sustainable Movement တွေ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ စတင်လုပ်ဆောင် လာကြတဲ့နောက်မှာ Thrifting လို့ ခေါ်တဲ့ Production အရေအတွက်တွေ လျော့နည်းသွား စေဖို့ Outfit အဟောင်းတွေကို ပြန်ဝယ်ပြီး ပြန်လည်ဝတ်ဆင်ကြတဲ့ အလေ့အထဟာလဲ အနောက်ဥရောပနိုင်ငံများမှာပါမက အာရှနိုင်ငံ များမှာလဲ ခေတ်စားလာပြီပဲဖြစ်ပါတယ်။ Thrifting လုပ်ပြီး condition အကောင်းအတိုင်းကျန်သေးတဲ့ Outfit တွေကို ပြန်ဝတ်ကြတဲ့သူတွေလဲ ရှိသလို Creative ဖြစ်တဲ့ လူအချို့ကလဲ အဲ့ဒီ Thrift အထည်တွေကို မိမိတို့လိုချင်သလိုဖြစ်အောင် ပုံစံပြောင်းလဲပြီး Design အသစ်ဖန်တီးကြတဲ့ သူတွေလဲ Thrifting Culture နဲ့အတူ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲ့ဒီလို Thrift outfit တွေကနေ …
