Site Overlay

LilayaKosmosDenimArt; Where Art Meets Fashion

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ Sustainable Movement တွေ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ စတင်လုပ်ဆောင် လာကြတဲ့နောက်မှာ Thrifting လို့ ခေါ်တဲ့ Production အရေအတွက်တွေ လျော့နည်းသွား စေဖို့ Outfit အဟောင်းတွေကို ပြန်ဝယ်ပြီး ပြန်လည်ဝတ်ဆင်ကြတဲ့ အလေ့အထဟာလဲ အနောက်ဥရောပနိုင်ငံများမှာပါမက အာရှနိုင်ငံ များမှာလဲ ခေတ်စားလာပြီပဲဖြစ်ပါတယ်။

Thrifting လုပ်ပြီး condition အကောင်းအတိုင်းကျန်သေးတဲ့ Outfit တွေကို ပြန်ဝတ်ကြတဲ့သူတွေလဲ ရှိသလို Creative ဖြစ်တဲ့ လူအချို့ကလဲ အဲ့ဒီ Thrift အထည်တွေကို မိမိတို့လိုချင်သလိုဖြစ်အောင် ပုံစံပြောင်းလဲပြီး Design အသစ်ဖန်တီးကြတဲ့ သူတွေလဲ Thrifting Culture နဲ့အတူ ပေါ်ပေါက်လာခဲ့ပါတယ်။

အဲ့ဒီလို Thrift outfit တွေကနေ New Design ပြန်လုပ်ကြတဲ့ သူတွေထဲကမှ ဒီနေ့အတွက် မိတ်ဆက်ပေးချင်တဲ့ သူကတော့ New York အခြေစိုက် Artist တစ်ဦးဖြစ်တဲ့ Lily Garifullina ပဲ ဖြစ်ပါတယ်။

LiliyaKosmosDenimArt ဆိုတဲ့ သူမရဲ့ ကိုယ်ပိုင် Brand အသစ်လေးကနေ Jean Outfit အဟောင်းတွေမှာ နာမည်ကြီး Artist တွေရဲ့ ပန်းချီပုံတူတွေကို ရေးဆွဲပြီး Art Enthusiast တွေ အကြိုက် ဖန်တီးပေးတာကြောင့် လည်း သူမရဲ့ Art Work လေးတွေဟာ နာမည်ရလာခဲ့ပါတယ်။

Lily က သူမရဲ့ Artworks တွေကို “Where art meets fashion” ဆိုပြီး ဖော်ပြထားပါတယ်။ အဓိကကတော့ မိမိရဲ့ အဝတ်ဗီရိုထဲက အဝတ်အစားတွေကို ကြည့်လိုက်တာနဲ့ Museum တစ်ခုကို ရောက်နေသလို ခံစားမှုမျိုးပေးချင်တာကြောင့် ဒီလို Artwork တွေကို ဖန်တီးဖြစ်ခဲ့ကြောင်းကိုလဲ ဖော်ပြထားပါတယ်။ သူမရဲ့ Artwork တွေမှာတော့ Van Gogh၊ Klimt၊ Monet နဲ့ Dali တို့လို Artist တွေရဲ့ လက်ရာတွေကို ပြန်လည်ရေးဆွဲထားတဲ့အပြင် Anime ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ သူမကိုယ်ပိုင်ဖန်တီးထားတဲ့ Own Artwork တွေလဲ ပါဝင်တာကို တွေ့ရပါတယ်။

Klimt Collection – Klimt Collection မှာတော့ ပန်းချီဆရာ Gustav Klimt ရဲ့ ပန်းချီတွေကို Inspire ယူပြီး အချို့ကို သူမကိုယ်ပိုင်ဟန်နဲ့ ရောယှက်ကာ ဖန်တီးခဲ့ပါတယ်။ ပါဝင်ခဲ့တဲ့ ပန်းချီကားတွေကတော့ The three ages of women (1905)၊ Medicine (1900-1907)၊ Danae(1907-1908)၊ The Kiss(1907-1908) နဲ့ Klimt ရဲ့ Art style ကို အတုယူပြီး Anne-Marie က ရေးဆွဲခဲ့တဲ့ Golden Tears Painting တို့ပဲ ဖြစ်ပါတယ်။

Van Gogh Collection – Vincent van Gogh ရဲ့ နာမည်ကြီး ပန်းချီတွေ ဖြစ်တဲ့ The starry night(1889)၊ Vase with twelve sunflowers (1888) နဲ့ Vase with Carnations (1886) တို့ကတော့ သူမပြန်လည် Inspire ယူပြီးဖန်တီးခဲ့တဲ့ Artwork တွေပဲ ဖြစ်ပါတယ်။

Monet Collection – ပန်းချီဆရာကြီး Claude Monet ရဲ့ ပန်းချီကားတွေကို inspire ယူပြီး ဖန်တီးခဲ့တဲ့ Jean Jacket တွေကိုလဲ တွေ့ရပါတယ်။ Madam Monet and Child(1875) နဲ့ The water lily pond (1899) အစရှိတဲ့ ပန်းချီကားတွေကို အဓိက Inspiration ယူထားခဲ့ပါတယ်။

တခြားနာမည်ကြီးပန်းချီကားတွေဖြစ်တဲ့ Salvador Dali ရဲ့ The Meditative Rose(1958) နဲ့ Hokusai ရဲ့ The Great Wave off Kanagawa (1829-1833) တို့ကို Inspire ယူထားတာကိုလဲ တွေ့နိုင်ပါတယ်။

နာမည်ကြီးပန်းချီကားတွေကိုသာမက Animation Movie တွေ ဖြစ်တဲ့ The Little Mermaid၊ Spirited Away နဲ့ Howl’s Moving Castle တို့လိုမျိုး ရုပ်ရှင်တွေကိုပါ Inspire ယူပြီး ပြန်လည်ဖန်တီးထားတာကို တွေ့နိုင်ပါတယ်။

ဒါတင်မကပဲ သူမရဲ့ ကိုယ်ပိုင် Avatar တွေနဲ့ တည်ဆောက်ထားတဲ့ Artwork တွေကိုလဲ စုံလင်စွာ တွေ့နိုင်ပါသေးတယ်။ ပန်းချီကားတွေနဲ့ ရုပ်ရှင်တွေထဲဟာ အချို့ဟာတော့ Custom Design တွေပဲ ဖြစ်ပါတယ်။

Sustainable Movement နဲ့ အညီ Thrifting Culture ဟာလဲ မြန်မာနိုင်ငံမှာ စတင်ခေတ်စားလာပြီမို့ New Look တွေကို ဈေးသက်သာပြီး Environmental Friendly ဖြစ်စွာ စမ်းသပ်ဖန်တီးချင်တဲ့ Art and Fashion Enthusiast လေးတွေအတွက် Idea နဲ့ Inspiration အသစ်လေးတွေရစေဖို့ ဒီ Article လေးကို တင်ဆက်ပေးလိုက်ပါတယ်။

နောက်ထပ် ဘယ်လို Inspire ယူစရာ Article အသစ်လေးတွေကို ဖန်တီးပေးသွားဦးမလဲဆိုတာကိုလဲ စောင့်မျှော် ကြည့်ရှုပေးကြပါဦး။

Reference: https://www.etsy.com/au/shop/LiliyaKosmosDenimArt?ref=simple-shop-header-name&listing_id=699859597&section_id=21564058&page=3#items

3 thoughts on “LilayaKosmosDenimArt; Where Art Meets Fashion

  1. I intended to post you one very small word just to give many thanks yet again with the pleasing advice you’ve featured in this article. It is certainly unbelievably open-handed with people like you to deliver easily just what a lot of folks might have marketed for an electronic book to make some money for themselves, mostly considering that you might well have tried it if you ever desired. These principles additionally served to become a easy way to recognize that other individuals have similar desire much like my own to learn a whole lot more with regard to this problem. I think there are thousands of more enjoyable times ahead for individuals who scan through your blog post.

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes